နေဟာ လူသားတွေ၊ အပင်တွေ၊ အားလုံးသော သက်ရှိတွေ အရေးအကြီးဆုံး အလင်းနဲ့ ဖြစ်တည်မှုကို ပေးတယ် ဆိုပေမယ့် လူသားတွေရဲ့တီထွင်မှု၊ သစ်တောသစ်ပင်ပြုန်းတီးမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကနေ အခုတော့ ကမ္ဘာ့အိုဇုန်း လွှာလည်း ပါးတဲ့ နေရာပါး၊ ပေါက်တဲ့ နေရာပေါက်ဖြစ်နေပါပြီ။
ဒီတော့ မလိုလားအပ်တဲ့၊ လူသားတွေ သက်ရှိတွေကို အန္တရာယ်ဖြစ်စေမယ့် နေရောင်ခြည်ပါ အခြားရောင်ခြည်တွေရော နှော ပါဝင်နှုန်းများလာသလို အဆိုပါရောင်ခြည်တွေထဲက အဆိုးဆုံးလို့ဆိုနိုင်မယ့် ခရမ်းလွန်ရောင်ခြည်အကြောင်း အခု ပြောပြ ပါမယ်။
အခု ရောင်ခြည်ဟာ သဘာဝအကာအကွယ်ဖြစ်တဲ့ အရေပြား အမွေးအမျှင် နည်းပါးတဲ့ လူသားတွေရဲ့အရေပြားပေါ်ကို ကျ ရောက်ရင် နည်းနည်းဆို နေလောင်မယ်၊ များရင် အရေပြားဆဲလ်တွေပါ သေစေနိုင်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင် လောက် ဒုက္ခပေးနိုင်ပါတယ်။ ကောင်းပါပြီ။ ကျနော်တို့ ခရမ်းလွန်ရောင်ခြည်အကြောင်း သိထားကြရအောင်။
ခရမ်းလွန်ရောင်ခြည်ဆိုတာ ဘာလဲ
အရှည်ကောက်ကတော့ Ultraviolet Radiation လို့ ခေါ်ပြီး အတိုကောက် UV အဖြစ် လူသိများပါတယ်။ အာကာသကို ဖြတ်ကျော်ပြီး ရောက်လာတဲ့ အလင်းတန်းမျိုးပါ။
နေကရတဲ့ စွမ်းအင်အဓိကအနေနဲ့ နှစ်မျိုးခွဲရင် အပူနဲ့အလင်း ဖြစ်ပေမယ့် အခု UV ကလည်း ရောပါလာတာပါ။ ပြီးတော့ လျှပ်စစ်သံလိုက်ရောင်ခြည်တွေလည်း ပါလာပါတယ်။
စမ်းသပ်ချက်တွေအရတော့ အခု အလင်းတန်းတွေက လေမရှိတဲ့အာကာသအတွင်း လှိုင်းပုံစံ ဖြတ်သန်းရောပါလာတယ် လို့ ဆိုပါတယ်။ ဒီလို လှိုင်းတွေကို ရူပဗေဒ အခေါ်အရ လှိုင်းအလျားနဲ့ တိုင်းတာပါတယ်။ လှိုင်းအလျားတိုလေ စွမ်းအင်များ လေလေ ဖြစ်ပါတယ်။
အခု UV ကတော့ နေအလင်းရောင်မှာ ပါရှိတဲ့ ရောင်ခြည်တွေထဲမှာ လှိုင်းအလျား အတိုဆုံးနဲ့ အပြင်းထန်ဆုံး ရောင်ခြည် ပါ။ တိုင်းတာချက်တွေ အရတော့ UVရဲ့လှိုင်းအလျားက ၁၀၀ နာနိုမီတာကနေ ၄၀၀ နာနိုမီတာ အတွင်းရှိပြီး လူသိများတဲ့ X-Rays လို ပြင်းထန်တယ်ဆိုတဲ့ ရောင်ခြည်မှာတောင် လှိုင်းအလျားက ၄၀၀ ကနေ ၇၈၀ နာနိုမီတာထိအောင် ရှိတာဖြစ် ပါတယ်။
ဘယ်ကနေလာသလဲ
UVတွေ ဘယ်ကနေ ရောက်လာသလဲ ဆိုရင်တော့ နေရောင်ခြည်နဲ့အတူ ပါလာတယ်လို့ ဆိုရမှာပါ။ UVရဲ့ စွမ်းအင်အရင်း အမြစ်က နေဖြစ်ပါတယ်။ နေက လျှပ်စစ်သံလိုက်ရောင်ခြည်တွေကို ထုတ်လွှတ်နေပါတယ်။ ၉၉ ရာခိုင်နှုန်းက မြင်နိုင်ပါ တယ်။ ဒါပေမယ့် လူဖန်တီးတဲ့ မီးလုံး၊ မီးချောင်းတွေကလည်း UV ထုတ်လွှတ်ပါတယ်။ ဒါပေမယ့် သူတို့ကိုတော့ လက် တွေ့စမ်းသပ်ချက်တွေအတွက် အသုံးများပါတယ်။ ရောင်ခြည်ထုတ်လွှတ်မှုပမာဏလည်း နည်းပါတယ်။
သူက ဘာဖြစ်စေနိုင်သလဲ
အလင်းက လူတွေကို အမြင်အာရုံအတွက် အကူအညီပေးတယ်၊ အပူကတော့ ကျနော်တို့ကို နွေးစေပါတယ်။ ဒါပေမယ့် UV မှာတော့ မထင်ရတဲ့ စွမ်းအင်အမြောက်အမြား သယ်လာပါတယ်။ Infrared Ray ကို အပူရောင်ခြည်လို့ လူသိများပါ တယ်။
နေရောင်ခြည်မှာပါတဲ့ အဲဒီအပူရောင်ခြည်ဟာ ဓာတုဗေဒအသုံးနဲ့ ပြောရရင် Molecule လို့ ခေါ်တဲ့ ဒြပ်အဖွဲ့အစည်းတခုကို လှုပ်ခါစေပါတယ်၊ ဒါပေမယ့် အပူပြန်နည်းသွားရင် ပြန်ပြီး တည်ငြိမ်သွားစေပါတယ်။
ဆိုလိုရင်းကတော့ ခဏတာပဲ ပုံစံပြောင်းမှု ဖြစ်စေတာပါ။ UV ကတော့ Molecule ကို ပြင်းထန်စွာ လှုပ်ခတ်စေပါတယ်၊ ပြီး တော့ အဲဒီ မော်လီကျူးထဲက Atom ကို အပြင်ကို ထွက်သွားစေပါတယ်။ ဒါကြောင့် UV မရှိတော့ချိန်မှာကိုပဲ အဆိုပါ မော် လီကျူးဟာ အက်တမ် မရှိတော့လို့ နဂို မော်လီကျူးလို့ မဖြစ်တည်နိုင်တော့ပါဘူး။
လူ့အရေပြားဆဲလ်တွေ သေသွားခြင်း ပုံစံမျိုးပါ။ Atom မရှိတော့လို့ ဖြစ်တည်လည်ပတ်မှု ရပ်သွားတာပါ။ ဒါဟာ UVရဲ့ အ ရာရာတိုင်းကို ပျက်စီးစေတဲ့ ဖြစ်စဉ်ပါ။
UV ဘယ်အချိန်မှာ ရပ်သွားလဲ
UV ရောင်ခြည်ဟာ ထိရောက်မှုတခုဖြစ်ချိန်မှာ နောက်ထက် ရောင်ခြည် ၃ခု ကွဲထွက်ပါတယ်။ UV-A, UV-B နဲ့ UV.C တွေ အဖြစ် သတ်မှတ်ပါတယ်။ ဆတူ ကွဲထွက်တာ မှန်ပေမယ့် UV-C ဟာ စွမ်းအင်အများဆုံးနဲ့ အန္တရာယ် အပေးဆုံးပါ၊ UV-A ကတော့ စွမ်းအင်အနည်းဆုံး ရောင်ခြည်ပါ။
အခုလို ရောင်ခြည် ၃ခု ကွဲထွက်ပြီးရင် UV အလင်းတန်း မရှိတော့ပါဘူး။ နောက်ထပ် UV မကျရောက်ခင် အထိပေါ့။ ဒါပေ မယ့် ကံကောင်းတာတခုက UVရဲ့ကမ္ဘာမြေပေါ် ကျရောက်မှုကို အိုဇုန်းလွှာက ကာကွယ်ပေးထားပါတယ်။ UV အလင်း တန်း အိုဇုန်းလွှာကို ထိလိုက်ကတည်းက UV-C အပါအဝင် UV ၃ခု ကွဲထွက်သွားပါတယ်။
အဲဒီမှာကတည်းက UV-C က ကမ္ဘာ့မျက်နှာပြင်ပေါ်ထိအောင် ရောက်မလာတော့ဘဲ အိုဇုန်းလွှာမှာတင် ကျန်ခဲ့တာများ ပါ တယ်။ အိုဇုန်းလွှာကနေ ကျော်ပြီး ပါလာရင်လည်း လေထုက စုပ်ယူမှုတွေနဲ့ UV-C က ကုန်သွားပါတယ်။ UV-B ကတော့ UV-C လောက် မပြင်းပေမယ့် စွမ်းအင် အသင့်အတင့်ရှိပါတယ်။
ကမ္ဘာ့မျက်နှာပြင်ပေါ်ကိုလည်း ကျရောက်နေပါတယ်။ သူကပဲ ကျနော်တို့အရေပြားတွေကို ဒုက္ခပေးနေတာပါ။ မနက် ၁၁ နာရီကနေ နေ့လယ် ၃နာရီအတွင်း နေလည်း ပြင်းသလို UV ပါဝင်မှုလည်း များပါတယ်။ နေပူထဲ မထွက်တာ အကောင်း ဆုံးပါ၊ ထွက်ရင်လည်း ထီးလို အကာအကွယ်နဲ့ ထွက်ပါ။ UV တွေ မြေပြင် သို့မဟုတ် မာကျောတဲ့အရာတခုနဲ့ ထိမှုရပ်သွား မှာပါ။ သင့်အရေပြား မဖြစ်ပါစေနဲ့။
UV နှုန်းထားတွေ
နေရောင်ခြည်မှာ ပါဝင်တဲ့ UVရဲ့ ပါဝင်နှုန်းဟာ တရက်တာ အချိန်အတွင်းမှာကိုပဲ တည်ငြိ်မ်မှု မရှိပါဘူး။ နှစ်အလိုက် ပါဝင် နှုန်းဆိုရင် ပိုပြီး ပြောဖို့ ခက်ပါတယ်။ ညနေနဲ့ မနက်တွေမှာတော့ နေနဲ့ ကမ္ဘာဟာ တစောင်းအနေအထား ရှိနေလို့ နေအလင်း ရောင် ဖြတ်ရတဲ့ လေဟာနယ်နဲ့ လေထုအကွာအဝေးများလို့ UV ပါဝင်နှုန်း နည်းပါတယ်။
အကြောင်းရင်းကတော့ နေက ထွက်လာတဲ့ ရောင်ခြည်နဲ့အတူ ပါရှိတဲ့ UV နှုန်း မညီလို့မဟုတ်ဘဲ ကမ္ဘာကို ဖုံးအုပ်ထားတဲ့ အိုဇုန်းလွှာ အထူ၊ အပါးအပေါ်ကို အခြေခံပြီး ကွာခြားချက် ဖြစ်လာလို့ပါ။
သဘာ၀ ပျက်စီးမှုများတဲ့၊ အိုဇုန်းလွှာပါးတဲ့ အရပ်တွေမှာတော့ UV ပါဝင်နှုန်းများပြီး အိုဇုန်းလွှာထူတဲ့ အရပ်ဒေသတွေမှာ တော့ UV ပါဝင်နှုန်း နည်းပါတယ်။
၁၉၈၀ ခုနှစ်ကတည်းက လေ့လာတွေ့ရှိချက်တွေအရ အိုဇုန်းလွှာပေါက်နေတဲ့ နေရာတွေမှာ UV ပါဝင်နှုန်းက မပေါက်တဲ့ နေရာတွေထက် ၂ဆ ကနေ ၃ဆ ပိုတယ်လို့ ဆိုပါတယ်။
Ref: www.uv.biospherial.com