Health

ကလေးငယ်တွေ နေ့စဉ်သောက်သင့်တဲ့နွားနို့ ပမာဏ

Want create site? Find Free WordPress Themes and plugins.

နွားနို့ အပါအဝင် အခြား အာဟာရဖြည့် အစားအစာတွေဟာ ကယ်စီယမ်၊ အသားဓာတ်နဲ့ အခြား သတ္တုဓာတ် တွေ အများအပြား ပါရှိတာကြောင့် နေ့စဉ်လူမှုဘဝမှာ အနည်းနဲ့အများ စားသုံးပေးသင့်တဲ့ အရာတွေပါ။

အထူးသဖြင့်တော့ အရိုးတွေ သန်မာဖို့ အားယူနေတဲ့ ကလေးတွေအတွက်ကတော့ ကယ်စီယမ်ဓာတ်တွေ ပြည့်ဝစွာ ပါရှိတဲ့ နွားနို့ကို ပိုမို အလေးထား တိုက်ကျွေးပေးသင့်ပါတယ်။

ဒီနေရာမှာ ကျနော်တို့ဟာ နွားနို့တခွက်ကို အလေးချိန်အနေနဲ့ ၈ အောင်စအဖြစ် သတ်မှတ်ပြောမှာ ဖြစ်ပါတယ်။ အနည်းဆုံး ကလေးငယ်တယောက်ကို နေ့စဉ် နွားနို့တခွက်ကို မဖြစ်မနေ တိုက်ကျွေးပေးသင့်ပါတယ်။

တကယ်လို့ သင့်ရဲ့ကလေးက နွားနို့ မကြိုက်ဘူးဆိုရင်တော့ အခြား အသားဓာတ်နဲ့ ကယ်စီယမ် ကြွယ်ဝတဲ့ အစာတွေကို အစားထိုး ကျွေးနိုင်ပါတယ်။ ဒိန်ချဉ်၊ ဒိန်ခဲ၊ မလိုင်၊ ပဲနို့လို အရာတွေပါ။ အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ အစားထိုး ဖြည့်စွက်စာတွေကလည်း နွားနို့မှာပါတဲ့ အာဟာရ ပါရှိမှုနဲ့ ညီတယ်လို့ ဆိုပါတယ်။

ဒိန်ချဉ် ၁ခွက်၊ ပဲနို့ ၁ခွက်တိုင်းက နွားနို့ ၁ခွက်နဲ့ အာဟာရပါရှိနှုန်း ညီတယ်လို့ ဆိုပါတယ်။

မွေးကင်းစကနေ ၁၂လအရွယ်ထိ

ကောင်းပါပြီ၊ ဆက်ပြီးတော့ ကျနော်တို့ မွေးကင်းစ ကလေးငယ်ကနေ ၁၂လ သားထိအောင် နွားနို့ ဘယ်လောက် တိုက် ပေးသင့်တယ်ဆိုတာ ဆက်ကြည့်ပါမယ်။ MedlinePlusရဲ့ အဆိုအရတော့ တရက်ကို အဆိုပါ ကလေးတွေအနေနဲ့ ညှစ် နို့စစ်စစ် ဒါမှမဟုတ် မိခင်နို့ကို ၁၆ အောင်စကနေ ၂၄ အောင်စထိအောင် တိုက်ပေးသင့်တယ်လို့ ဆိုပါတယ်။

အကောင်းဆုံးအနေနဲ့ ကလေးငယ်တယောက် ၄လ ကနေ ၆ လသား အရွယ်ရောက်လာရင် တရက်ကို ၂၈ အောင်စကနေ ၄၅အောင်စထိအောင် လည်းကောင်း၊ ၆လ ကနေ ၈လအတွင်း အဆိုပါနှုန်းအတိုင်း ဆက်လက် တိုက်ကျွေးသင့်သလို မိခင် နို့ကိုလည်း အနည်းဆုံး ၃ကြိမ်ကနေ ၅ကြိမ်ခန့် တိုက်ပေးသင့်ပါတယ်။

အသက် ၈ လ ကနေ ၁၂လသားအတွင်း ရောက်လာပြီဆိုရင်တော့ ၃ ကြိမ်ကနေ ၄ ကြိမ်အတွင်းပဲ ထားရှိ တိုက်ကျွေးပေး သင့်ပါတော့တယ်။

အသက် ၁နှစ်သားကနေ ၂နှစ်သားအထိ

ရှေ့မှာ ပြောခဲ့တဲ့ ၁နှစ်သားအထိ မိခင်နို့က အကောင်းဆုံး ဖြစ်ပေမယ့် အခြေအနေအရ နွားနို့လည်း တိုက်ပေးနိုင်ပေမယ့် အခု ၁နှစ်သားကနေ ၂နှစ်သား အတွင်းမှာတော့ မိခင်နို့အစား နွားနို့တိုက်ပေးဖို့ သင့်လာပါပြီ။

ဒီအရွယ်မှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ပိုလိုအပ်မယ့် အဆီများတဲ့ နို့သောက်ပေးဖို့ လိုအပ်လာတာပါ။ တရက်ကို ၃၂အောင်စ ဖြစ်စေ နွားနို့ ၄ခွက် တိုက်ပေးတာ အကောင်းဆုံး ဖြစ်ပြီး ကလေးငယ်က နို့မကြိုက်ရင်တော့ ၁၆ အောင်စကနေ ၂၄အောင် စ အတွင်းလောက် တိုက်ပေးရင်လည်း ရပါတယ်။

အသက် ၂နှစ်ကနေ ၈နှစ် အတွင်း

အသက် ၂နှစ်ကနေ ၃နှစ်အတွင်း ကလေးတွေအနေနဲ့ နေ့စဉ် နွားနို့ ၂ခွက်တော့ အနည်းဆုံး ပုံမှန် သောက်ပေးတာ အကောင်း ဆုံးလို့ လေ့လာချက်တွေ အရ ဆိုပါတယ်။

အသက် ၄နှစ် ကနေ ၈နှစ် ဆိုရင်တော့ မဖြစ်ဖြစ်အောင် နွားနို့ တိုးပြီး သောက်လာသင့်သလို အနည်းဆုံး ၂.၅ ခွက်ကနေ အထက် တတ်နိုင်သလောက် သောက်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒီအရွယ်မှာတော့ နွားနို့ရယ် မဟုတ်တော့ဘဲ အာဟာ ရ ပါရှိမှု တူတဲ့ ဒိန်ချဉ်၊ ဒိန်ခဲ၊ မလိုင်၊ ပဲနို့တွေလည်း သောက်ပေးနိုင်လာပါပြီ။

အသက် ၉နှစ်နဲ့ အထက်

အကောင်းဆုံးကတော့ အသက် ၉နှစ် အထက်ကနေ အရွယ်ရောက်သည်ထိအောင် နေ့စဉ် နွားနို့ ၃ခွက် ပုံမှန် သောက်ပေး သင့်တယ်လို့ စမ်းသပ်ချက်တွေအရ သိရပါတယ်။

အရိုးကောင်းစွာ တည်ဆောက်ချိန်တွေ ဖြစ်လို့ ကယ်စီယမ် လိုအပ်ချက် မြင့်မားလာတဲ့အတွက် နွားနို့ ဒါမှမဟုတ် ဖြည့်စွက် နို့ထွက်ပစ္စည်းတွေ သောက်သုံးပေးသင့်လာတာပါ။

ပျမ်းမျှတော့ အဆိုပါ အရွယ်တွေမှာ တရက်ကို ကယ်လိုရီ ၃၀၀၀ လောက်ထိအောင် လိုအပ်လာတာကြောင့် အကောင်းဆုံး အနေနဲ့တော့ ၄ခွက်လောက်ထိအောင် သောက်ရင် ပိုကောင်းမယ်လို့လည်း သိရပါတယ်။

Ref: www.healthyyeating.sfgate.com

Did you find apk for android? You can find new Free Android Games and apps.
Loading