တကယ်တမ်း ဆိုဒါဟာ သင့်ခန္ဓာကိုယ်ကို အကျိုးမပြုဘူးလားဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အရှည် ကြီးကို ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အလွယ်ဆုံး ပြောရရင်တော့ ဆိုဒါထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်မယ့်၊ ရရှိမယ့် အာ ဟာရတခုမှ မပါဘူးဆိုတာပါပဲ။
ဒီတော့ ကောင်းဖို့တော့ လုံးဝမရှိဘူး၊ ဆိုးကျိုးပေးမယ်ဆိုရင်တော့ ပေးနိုင်မယ်လို့ အရင်ဆုံး ဖြေပါရစေ။ ဆိုဒါသောက်ရင် သွားကျင်မှု အနည်းနဲ့ အများဖြစ်စေမယ်၊ အဝလွန်စေနိုင်တယ်၊ သွေးတွင်း သကြားဓာတ် မြင့်စေနိုင်တယ်၊ အခြား ကျန်းမာ ရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါသေးတယ်။
အော်၊ ဒါနဲ့ ဆိုဒါဆိုတဲ့ သဘောကို ရှင်းမပြရသေးဘူး။ တချို့က ဆိုဒါဆိုတာ အရက်နဲ့ရောစပ် သောက်သုံးတဲ့ ဆိုဒါလို့ပဲ ထင်လိမ့်မယ်။
တကယ်တော့ ဆိုဒါပါတဲ့ အချိုရည်တွေ၊ အဖျော်ယမကာတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီတော့ ဒေသအခေါ် Gas ပါတယ်ဆိုတဲ့ အချိုရည် သောက်သုံးနေသူမှန်သမျှအတွက် အခုဆောင်းပါးလေးကို ဖတ်ထားသင့်တာပါ။
ဦးနှောက် အမြှေးရောင်ရောဂါနဲ့ ဆက်စပ် ဦးနှောက်ပိုင်းဆိုင်ရာ လေ့လာစမ်းသပ်ချက်အသစ်တွေအရ သကြားဓာတ် အများအပြား သုံးပြီး ဖန်တီးထားတဲ့အဖျော်ယမကာတွေမှာ ဖရူးတို့(Fructose)ပါဝင်မှုများခြင်းကြောင့် ဦးနှောက်ကို ထိခိုက် ပျက်စီးစေတယ်လို့ သိရပါတယ်။
ဘော်စတွန်တက္ကသိုလ်က လေ့လာသူများအဖွဲ့ဟာ ဖရာမင်ဟမ် နှလုံးသုတေသနကနေ မှတ်တမ်းတွေရယူ စမ်းသပ်ချက် တွေ အရ နေ့စဉ် သကြားဓာတ်ပါရှိမှု များတဲ့ အချိုရည်သောက်သုံးသူတွေမှာ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ ဦးနှောက်ရဲ့ပျမ်းမျှ စွမ်း ရည်လျော့ကျသွားခြင်း၊ လေ့လာမှုနဲ့မှတ်သားမှုအပိုင်းကို အဓိကတာဝန်ယူ လုပ်ဆောင်တဲ့ ဟစ်ပိုကမ်းပက် (Hippocamp -us) အပိုင်း အားနည်းသွားခြင်းတွေ တွေ့ရတယ်လို့ ထုတ်ပြန်လာပါတယ်။
နောက်ထပ် သုတေသနတရပ်ကိုလည်း Stroke ဂျာနယ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဖော်ပြချက်မှာတော့ နေ့စဉ် ဆိုဒါပါတဲ့ အချိုရည် သောက်သုံးသူတွေဟာ ပုံမှန် မသောက်သုံးသူတွေထက် လေဖြတ်မှုရော ရူးသွပ်မှုပုံစံ စိတ်ဖောက် ပြန်မှု နှုန်းပါ ၃ဆခန့် ပိုမို ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
ပထမစမ်းသပ်ချက်ရဲ့ရလဒ်ဟာ လူပေါင်း ၄၀၀၀ကျော်ကို လူတွေ့ စစ်မေးခြင်း၊ သံလိုက်လှိုင်း အသုံးပြု ဦးနှောက်နဲ့ခန္ဓာ ကိုယ်အတွင်းပိုင်း ဓာတ်မှတ်ရိုက်ကူး စစ်ဆေးခြင်း၊ စားသောက်ပုံဓလေ့ သေချာမှတ်သားစစ်ဆေးခြင်းတွေကို လုပ်ဆောင် ပြီးမှ နှလုံးနဲ့ ဦးနှောက်ပိုင်းအတွက် ဆိုဒါပါတဲ့အချိုရည်တွေရဲ့ထိခိုက်စေနိုင်မှုကို အဖြေထုတ်ထားတာ ဖြစ်တယ်လို့ သိရပါ တယ်။
သောက်သုံးမှုနှုန်းတွေအရ အုပ်စုခွဲပြရရင် တရက်ကို သကြားဓာတ်များတဲ့ အချိုရည် ၂ကြိမ်ကနေ ၃ကြိမ်၊ ဒါမှမဟုတ် တ ပတ်ကို ဆိုဒါ သီးသန့် ၃ကြိမ်ထက် မနည်း သောက်သုံးသူတွေဟာ အခြားသူများထက် ပိုမိုပြီး ဦးနှောက်ကို ထိခိုက်မှု ရှိစေ တယ်လို့ ဆိုပါတယ်။
ဦးနှောက်တခုလုံး ပမာဏကောင်းစွာ မဖွံ့ဖြိုးခြင်း၊ မှတ်ဉာဏ်တို အားနည်းခြင်း၊ ဟိုက်ပိုကမ်းပက် သေးငယ်လာခြင်း၊ ဦး နှောက် အမြှေးရောင်ရောဂါ ဖြစ်စေဖို့အတွက် အလားအလာအများဆုံး အနေအထားဖြစ်လာစေခြင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒုတိယ စားနှုန်းအုပ်စုအရ တရက်ကို အချိုရည် ၁ခွက် ပုံမှန်၊ ဒါမှမဟုတ် တပတ်ကို ဆိုဒါ သီးသန့်တလုံးပဲ သောက်သုံးသူ တွေကတော့ ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်နိုင်ခြေမှာတော့ ထူးခြားလောက်အောင် နှုန်းထားလျော့ကျသွားခြင်း မရှိပေ မယ့် အထက်က စားသုံးမှုအုပ်စုထက် စာရင်တော့ မှတ်ဉာဏ်ပိုင်း ထိခိုက်မှု သိပ်မများစေဘူးလို့ ဆိုပါတယ်။
ဒီစမ်းသပ်ချက်တွေဟာ အချိုရည် စွဲသောက်မှု အနည်းဆုံး ၇နှစ်ကနေ ၁၀နှစ် သက်တမ်းအတွင်းရှိသူများထဲက လေဖြတ် ထားခြင်းကဲ့သို့ အာရုံကြော ထိခိုက်ထားသူ အသက် ၄၅နှစ်အထက် ၂၈၈၈ ဦးနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ ခံစားနေရသူ အသက် ၆၀နှစ်နဲ့ အထက် ၁၄၈၄ဦး အပေါ်မှာ စမ်းသပ် အဖြေထုတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ရလဒ်ကတော့ ဆိုဒါ ဒါမှမဟုတ် သကြားဓာတ်ပါတဲ့ အချိုရည် နေ့စဉ် သောက်သုံးသူတွေဟာ လုံးဝမသောက်သူတွေထက် စိတ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေမှာရော မှတ်ဉာဏ်ပိုင်းကျဆင်းမှုအပိုင်းမှာရော ဦးနှောက်အမြှေးရောင်ရောဂါ အပါ အဝင် လေဖြတ်နိုင်မှု အပိုင်းထိအောင်ပါ ၃ဆလောက် ပိုမို ဖြစ်ပွားနိုင်ခြေပိုမိုတာကို တွေ့လာရတာပဲ ဖြစ်ပါတယ်။
စမ်းသပ်သူတွေကတော့ အဆိုပါ ဆိုဒါ ဒါမှမဟုတ် သကြားဓာတ် အများအပြား ထည့်သွင်းဖန်တီးထားတဲ့ အချိုရည်နဲ့ ဆိုဒါ တွေကို လုံး၀ မသောက်သုံးဖို့ မပြောပေမယ့် တရက်ကို အချိုရည်တခွက်၊ တပတ်ကို ဆိုဒါတလုံးထက် ပိုပြီး မသောက်ဖို့ တော့ ပြောလာပါတယ်။
ဘော်စတွန်တက္ကသိုလ်က ဆေးပညာပါမောက္ခ Sudha Seshadriကတော့ အခု စမ်းသပ်ချက်တွေဟာ ဆိုဒါ ဒါမှမဟုတ် ဆိုဒါပါရှိတဲ့ အချိုရည်သောက်သုံးမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးကမ္ဘာ့အဆင့် အတည်ပြုချက် မဟုတ်သေးပေမယ့် ရာနှုန်း ပြည့်နီးပါး အတည်ပြုနိုင်လောက်တဲ့ရလဒ်တွေ ရရှိထားပြီ ဖြစ်လို့ ဆိုဒါနဲ့ ဆိုဒါထည့်သွင်းဖန်တီးထားတဲ့ အချိုရည်တွေကို လုံး၀ ဒါမှမဟုတ် အလွန်အကျွံ မသောက်သင့်သလို အမှန်တကယ် ဦးနှောက်ကို ထိခိုက် ပျက်စီးစေမှု ရှိတယ်လို့ ပြောပါ တယ်။
Ref: www.rd.com