ပြည်တွင်းမှာတော့ သရက်သီးချိန် ရောက်လာပြီလို့ ဆိုရနိုင်သလို ပြီးခဲ့တဲ့ လတွေအတွင်းက စတင်ပြီး သရက် သီးအစိမ်းတွေ ရနိုင်နေပေမယ့် မိုးဦးကျလာမှုနဲ့အတူ သရက်သီးမှည့်တွေပါ ဈေးကွက်ထဲ ရောက်လာတာ တွေ့ရပါတယ်။
ဒီတော့ တခြား ဖရဲသီး၊ နာနတ်သီးစတဲ့ ပြည်တွင်းစားသုံးမှုများတဲ့ အသီးတွေလို သရက်သီးမှာရော ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်စေပါသလဲ။
(၁) ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးတယ်
အမျှင်ဓာတ်များတဲ့ သရက်သီးရဲ့ဓာတ်သဘောကနေ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင် တာတွေ့ရပါတယ်။ ဂါးလက်အက်ဆစ်ဓာတ် ပါရှိမှုတွေနဲ့အတူ ရင်သားကင်ဆာ၊ တင်ပဆုံကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သွေးကင်ဆာလိုရောဂါတွေကို ဖြစ်ပွားနှုန်း နည်းစေနိုင်တာ တွေ့ရပါတယ်။
(၂) ကိုလက်စထရောကို ထိန်းညှိပေးတယ်
သရက်သီးမှာ ဗီတာမင် စီ မြင့်မားစွာ ပါရှိတာကြောင့် ခန္ဓာကိုယ်တွင်း ကိုလက်စထရောပါဝင်နှုန်းကို အကောင်းဆုံး ဖြစ် အောင် ထိန်းညှိပေးနိုင်တာလည်း တွေ့ရပါတယ်။
(၃) အရေပြားကို စိုစွတ်အေးမြစေတယ်
သရက်သီးဟာ လူ့အရေပြားမှာရှိတဲ့ ချွေးပေါက်တွေကို ကောင်းစွာ ကျယ်စေ၊ ပွင့်နေစေတာကြောင့် ချွေးထွက်မှန်စေပြီး အရေပြားလည်း စိုစွတ်နေစေသလို ချွေးထွက်လည်း မှန်စေပြီး အညစ်အကြေးစွန့်စနစ်ကိုလည်း အားကောင်းစေတာ တွေ့ရပါတယ်။
(၄) ခန္ဓာကိုယ်ကို အရွယ်တင်စေတယ်
သရက်သီးမှာ တာတာရစ်အက်ဆစ်၊ မာလစ်အက်ဆစ်၊ ဆစ်ထရစ် အက်ဆစ်ဓာတ်တွေ မြင့်မားစွာပါရှိမှုက စားသုံးသူကို အရွယ်တင်စေပြီး အသက်အရွယ် ကြီးရင့်မှုကြောင့် ဖြစ်တဲ့ အရေပြားတွန့်ခြင်းလို ဖြစ်ရပ်တွေကို လျော့နည်း တင်းရင်း အ ရွယ်တင်စေတာ တွေ့ရပါတယ်။
(၅) အလေးချိန် မှန်စေတယ်
ဗီတာမင်နဲ့သတ္တုဓာတ် များစွာပါရှိတဲ့ သရက်သီးရဲ့သဘောတရားအရ အစာချေဖျက်မှုကိုလည်း ကူညီပေးသလို ကိုယ် တွင်းကယ်လိုရီ အပိုတွေကိုလည်း လောင်ကျွမ်းစေတာကြောင့် အလေးချိန် လျော့ချလိုသူတွေအတွက် အကောင်းဆုံး အ စားထိုးစားသင့်တဲ့ အသီးအနှံတခု ဖြစ်လာစေပါတယ်။
(၆) သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်တယ်
ဒီအချက်ကတော့ သရက်သီးထက် သရက်ရွက်ကိုပါ အရည်ပြုပြီး သောက်သုံးပေးနိုင်ပါတယ်။ သရက်ရွက် ၅ ရွက်ခန့်ကို ရေနွေးဆူနဲ့ ခဏတာ ပြုတ်ပါ။ အဆိုပါ ပြုတ်ရေနဲ့ အတူ သရက်ရွက်တွေကို တညသိပ်ထားပြီး မနက်ချိန်မှာ အဆိုပါ ပြုတ် ရေကိုသောက်ပေးနိုင်ပါတယ်။ အဆိုပါ သရက်ရွက်ပြုတ်ရည်ဟာ သွေးတွင်းသကြားဓာတ် မြင့်မားနေသူတွေကို အကောင်း ဆုံးထိန်းပေးနိုင်ပါတယ်။
(၇) မျက်လုံးအားကောင်းစေတယ်
ဗီတာမင် အေ လုံလောက် မြင့်မားစွာပါရှိတဲ့ သရက်သီးကိုစားပေးပါ၊ ဒါမှမဟုတ် သရက်သီးဖျော်ရည်တခွက် နေ့စဉ် သောက် ပေးရုံနဲ့ သင့်ရဲ့တရက်တာ လိုအပ်တဲ့ ဗီတာမင် အေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြည့်စွမ်းပေးနိုင်ပါတယ်။
ဒီလို ဗီတာမင် အေ ပြည့်၀ လုံလောက်အောင် စားသုံးပေးမှုဟာ မျက်လုံးကို အားကောင်းစေမယ်၊ မျက်ကြည်သားခြောက် သွေ့မှုကို လျော့နည်းစေမယ်၊ ညဘက် အမြင်အားနည်းခြင်းကို ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
(၈) အစာချေစနစ်ကို ကူညီအားကောင်းစေတယ်
မိမိစာသုံးလိုက်တဲ့ အစာတွေကို အကောင်းဆုံး ချေဖျက်ပေးဖို့အတွက်ရော အထူးသဖြင့် အသားဓာတ်ကို ပိုမို ပြိုကွဲစုပ်ယူ နိုင်ဖို့အတွက်ပါ သရက်သီးက အားကောင်းကူညီပေးတာ တွေ့ရပါတယ်။
(၉) ခန္ဓာကိုယ် အပူချိန်မျှတစေတယ်
ပြည်တွင်းမှာတော့ သရက်သီးဟာ အပူကန်တယ်လို့ ဆိုကြပေမယ့် သရက်သီးမှည့်မှာတော့ အပူချိန်ကို မျှတကောင်းမွန် စေတာတွေ့ရပါတယ်။ သကြားနဲ့ ဖြစ်စေ၊ ပျားရည်နဲ့ ဖြစ်စေသရက်သီးကို ဖျော်ရည်ပုံစံ သောက်သုံးပေးပါ။ ခန္ဓာကိုယ်ကို အေးမြစေသလို အပူချိန်လည်း မျှတစေပါလိမ့်မယ်။
(၁၀) ကျန်းမာသန်စွမ်းစေတယ်
ဗီတာမင် အေ၊ ဗီတာမင် စီတွေ အပြင် အခြားအကျိုးပြု ဓာတ် ၂၅ မျိုး ပါရှိသေးတဲ့ သရက်သီးဟာ သင့်ကို ကျန်းမာသန် စွမ်းမှု ပိုမို ဖြစ်စေနိုင်မှာပါ။
(၁၁) သရက်သီးအတွင်း အာဟာရ ပါဝင်နှုန်းများကတော့ (၂၂၅ ဂရမ်အတွက်) – ၁၀၅ ကယ်လိုရီ၊ ဗီတာမင် စီ ၇၆ ရာခိုင် နှုန်း၊ ဗီတာမင် အေ ၂၅ ရာခိုင်နှုန်း၊ ဗီတာမင်ဘီဆစ်နဲ့ ဘီဆစ်ပလက် ၁၁ ရာခိုင်နှုန်း၊ ကော့ပါးဓာတ်နဲ့ အမျှင်ဓာတ် ၉ ရာခိုင် နှုန်း၊ ပိုတက်စီယမ် ၇ ရာခိုင်နှုန်းနဲ့ မဂ္ဂနီစီယမ် ၄ ရာခိုင်နှုန်းတွေ ပါရှိပါတယ်။
Ref: www.care2.com