လူတိုင်း လူတိုင်း အမြဲတမ်း မဟုတ်သည့်တိုင်အောင် တခါတရံမှာရော အသက်အရွယ် ရလာချိန်တွေ မှာပါ ကျန်းမာရေး ချို့တဲ့လာတဲ့အတွက် ဆေးခန်း၊ ဆေးရုံတွေမှာ ပြသ စစ်ဆေးကုသမှုတွေ လုပ်ဆောင်နေကြရပါတယ်။
ဒီလို ကုသမှုခံယူဖို့အတွက် အရင်ဆုံး ဆရာဝန်တွေကနေ လူနာနဲ့ပတ်သက်ပြီး သိဖို့ လိုအပ်တာတွေကို မေးမြန်းလာပါ လိမ့်မယ်။
တကယ်တမ်းဆိုရင်တော့ ဆရာဝန်တွေအနေနဲ့ လူနာနဲ့ ပတ်သက်သမျှကို ဘယ်သူ့ကိုမှ ပြန်ပြီး မပြောကြတဲ့ လိုက်နာမှုရှိ ပေမယ့် လူနာတချို့ကတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေထဲက အချက်တချို့ကို ဖွင့်မပြောဘဲ နေတတ်ကြပါတယ်။ ဒါ ပေမယ့် အောက်မှာ ပြောမယ့်အချက်လေးတွေကိုတော့ ဆရာဝန်တဦးတယောက်ကနေ မေးမြန်းလာခဲ့ရင် အမှန်အတိုင်း ပြောလိုက်ပါ။
သင့် ကျန်းမာရေး စစ်ဆေးကုသမှုအတွက် အမှန်တကယ်လိုအပ်လို့ပဲ ဖြစ်ပါတယ်။
(၁) သင့်ရဲ့ခွဲစိတ်မှုမှတ်တမ်းတွေကို ပြောပြပေးပါ
သင့်အနေနဲ့ အခုမှ ခွဲစိတ်မှုတခုခု စတင်လုပ်ဆောင်ရတော့မှာဆိုရင်တော့ မှတ်တမ်းမရှိနိုင်ပေမယ့် အရင်က အကြောင်း တခုခု ကြောင့် ခြေ၊ လက်က အစ ခန္ဓာကိုယ်တွင်းပိုင်းကိုပါ ခွဲစိတ်ဖူးတယ်ဆိုရင် ဘာကြောင့် ခွဲစိတ်ဖူးတယ်၊ ဘာတွေ ကုသမှု ခံယူ ထားတယ်ဆိုတာ အမှန်အတိုင်း ပြောပြပါ။ ဒါမှ သင့်အတွက် လက်ရှိဆေးကုသမှုအပိုင်းမှာ အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။
(၂) သင့်ရဲ့အသက်ကို အမှန်အတိုင်း ပြောပေးပါ
ကျနော်တို့ နိုင်ငံမှာလည်း မှတ်ပုံတင်ထဲမှာ ပါရှိတဲ့ မွေးရက်နဲ့ တကယ့် မွေးရက် မကိုက်တာတွေ ရှိတတ်ပါတယ်။ အ ကြောင်းအမျိုးမျိုးကြောင့် အသက်အရွယ်အမှန်ကို မဖော်ပြမိတာတွေ ရှိနေခဲ့ရင် ဆရာဝန်နဲ့ တွေ့ချိန်၊ ဆေးကုသမှုခံယူ ချိန်မှာတော့ အသက်အရွယ် အမှန်ကို ပြောပြပါ။ ဒါမှ အသုံးပြုရမယ့် ဆေးဝါး၊ ခွဲစိတ်မှုပုံစံတွေ မှန်ကန်မှာ ဖြစ်လို့ပါပဲ။
(၃) သင် ဘာတွေ စားထားသလဲ ပြောပြပါ
ဒီအချက်ကတော့ ရုတ်တရက် ဆေးရုံ၊ ဆေးခန်း ရောက်သွားသူတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် အနီးဆုံး ၂ ရက်အတွင်းက စားထားမိခဲ့သမျှကို ဆရာဝန်ရဲ့မေးမြန်းချက်အရ ဖြေပေးပါ။ သင့်အတွက် ဆေးဝါး၊ ခွဲစိတ်ချိန်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့ အချက် ဖြစ်နေလို့ပါပဲ။
(၄) ဘယ်လို ဆေးတွေ သောက်သုံးနေသလဲ ပြောပြပေးပါ
နေ့စဉ်သုံး အားဆေးလား၊ အခြား ဆရာဝန်တယောက်ရဲ့ညွှန်ကြားချက်နဲ့ သောက်သုံးနေတဲ့ ဆေးတွေလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် သင့် နေ့စဉ်၊ ဒါမှမဟုတ် ပုံမှန် သောက်သုံးနေတဲ့ ဆေးဝါးတွေကို ပြောပြပေးပါ။ ဆေးကုသမှုအပိုင်းအတွက် ထိ ရောက်တဲ့ အချက်တချက် ဖြစ်နေလို့ပါပဲ။
(၅) ဆေးလိပ်သောက်ခဲ့ရင် ဝန်ခံပါ
ကျနော်တို့အနေနဲ့ ဆေးကုသမှု ခံယူနေတာပါ။ မိဘတွေရဲ့ ရှေ့မှာ ဆေးလိပ်မသောက်ပါဘူးလို့ ငြင်းနေရတာ မဟုတ်ပါ ဘူး။ ဒီအတွက် ဆေးလိပ်သောက်တတ်တယ်ဆိုရင် သောက်သုံးကြောင်း ဝန်ခံပါ။ လိုအပ်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုတွေအတွက် ထိ ရောက်ကောင်းမွန်စေပါတယ်။
(၆) ဖြည့်စွက်စာ စားသုံးမှုရှိရင် ပြောပြပေးပါ
ဒီအချက်ကတော့ နေ့စဉ် စားနေတဲ့ ထမင်း၊ ဟင်းနဲ့ အခြား အရက်၊ အမြည်းလို အရာတွေ မဟုတ်ပါဘူး။ ကျန်းမာရေး လို လားချက် တခုခုနဲ့ စားသုံးနေတဲ့ ဖြည့်စွက်စာကို ပြောတာပါ။
ဥပမာ ပြည်တွင်းမှာဆိုရင် ပျားရည်နဲ့ ကြက်သွန်ဖြူကို စိမ်ပြီး စားသုံးခြင်းမျိုး စတဲ့ လိုလားချက်တခုခုကြောင့် စားသုံးတဲ့ ဖြည့်စွက်စာရှိခဲ့ရင် စားသုံးနေကြောင်း ပြောပြပေးပါ။ ကုသမှုအပိုင်းထက် သင့်ကျန်းမာရေး စစ်ဆေးမှုအပိုင်းမှာ ပိုမိုမှန် ကန်စေပါလိမ့်မယ်။
(၇) မူးယစ်ဆေးသုံးသလား ပြောပြပါ
ဒီအချက်ကတော့ မူးယစ်ဆေး ဖြစ်နေတဲ့အတွက် သုံးနေတယ်ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတော့ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်ကိုတော့ အမှန်အတိုင်း ပြောပြီး စစ်ဆေးကုသမှု ခံယူပါ။
(၈) ကိုယ်ဝန်ပျက်ကျမှု ရှိခဲ့ရင် ပြောပြပါ
မိန်းကလေး အများစုကတော့ ဒီလို အကြောင်းကို ပြောဖို့ ရှက်ကြပေမယ့် လတ်တလောမှာ ဖြစ်စေ၊ ယခင်က ဖြစ်စေ ကိုယ် ဝန်ပျက်ကျ၊ ဖျက်ချဖူးထားတယ် ဆိုရင် အမှန်အတိုင်းပြောဆို တိုင်ပင်ပြီး ကုသမှု ခံယူပါ။
(၉) စိတ်ခံစားချက်ကို အမှန်အတိုင်း ပြောပြပါ
အားငယ်နေခြင်းလား၊ အထီးကျန်ဆန်ခြင်းလား၊ စိတ်တို၊ တွေဝေနေခြင်းလား၊ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ် သင့်ရဲ့ စိတ် ဓာတ်ပိုင်းခံစားချက်ကို အမှန်အတိုင်း ပြောပြပါ။ မှန်ကန်ထိရောက်တဲ့ ဆေးဝါးကုသမှု ပေးနိုင်လာပါလိမ့်မယ်။
(၁၀) လိင်မှုရေးရာ အခြေအနေကို ပြောပြပါ
ဒီအချက်ကတော့ လိုအပ်လို့ ဆရာဝန်က မေးမြန်းလာခဲ့ရင် ပြောပြပါ။ လက်ရှိ လိင်မှုရေးရာ အဆင်ပြေခြင်း၊ မပြေခြင်း၊ ဆက်ဆံမှု မရှိခြင်း၊ ရှိခြင်းက အစ လိုအပ်ရင် မေးမြန်းမှုအပေါ် မူတည်ပြီး ယခင်က ဆက်ဆံခဲ့မှုများကိုပါ ပြောပြပါ။ သင့် ကျန်းမာရေးစစ်ဆေးမှုအတွက် ထိရောက်တဲ့အကူအညီ ဖြစ်စေပါတယ်။
(၁၁) ဆရာဝန်တဦးနဲ့ နောက်ဆုံး ပြသခဲ့တဲ့အချိန်ကို ပြောပြပါ
ဘယ်လို အကြောင်းကြောင်းကြောင့် ပြသခဲ့သည် ဖြစ်စေ နောက်ဆုံးပြသခဲ့တဲ့ ဆရာဝန်နဲ့ ဆေးကုသမှုကို မှတ်မိသ လောက် ပြောပြပေးပါ။ လိုအပ်တဲ့ ချိတ်ဆက်မေးမြန်းမှုနဲ့ ကုသမှု အပိုင်းတွေကို ဆရာဝန်တွေအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပါလိမ့် မယ်။
(၁၂) စိတ်ကျန်းမာရေး လိုအပ်ချက်ရှိနေရင် ပြောပြပါ
ဒီအချက်ကတော့ အထက်မှာ ပြောခဲ့တဲ့ ခံစားချက် မဟုတ်တော့ပါဘူး။ စိတ်ကျရောဂါလို စိတ်အတက်အကျ မြန်ဆန်နေ တယ်၊ အိပ်မပျော်တော့ဘူး၊ ပတ်ဝန်းကျင်မှာလည်း အဆင်မပြေဘူး။ ဒီလို အချက်တွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတခုခု ခံစားနေရပြီဆိုရင် အမှန်အတိုင်း ပြောပြပါ။ သင့်အတွက် အကောင်းဆုံးကုသမှု ရရှိပါလိမ့်မယ်။
(၁၃) နေရောင်အထိအတွေ့ကို ပြောပြပါ
ဒီအချက်ကတော့ နောက်ပိုင်း ဆေးပညာအရ လေ့လာသိရှိလာတဲ့အချက် ဖြစ်ပြီး ပြည်တွင်းမှာတော့ ဒီအချက်ကို သိပ် အလေးမထားကြပါဘူး။ အပင်တွေလိုပဲ နေရောင်ခြည်နဲ့ ထိတွေ့မှု ရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည် အလွန် အမင်း ထိတွေ့မှုကြောင့်လည်း အရေပြားကင်ဆာလို ရောဂါ ရနိုင်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဘယ်လို အလုပ်လုပ်ရ တယ်၊ ထိတွေ့မှု ဘယ်လောက်ရှိတယ် ဆိုတာ ပြောပြပါ။ သင့်ရဲ့ အမှန်ပြောဆိုမှုမှာ ဆရာဝန်ကနေ သုံးသပ်ချက် ပေးနိုင် လာပါလိမ့်မယ်။
(၁၄) ဘယ်လောက် အရက်သောက်ထားတယ် ဆိုတာ ပြောပြပါ
ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ဘယ်လောက်များများ အရက်သောက်သုံးထားတယ်ဆိုတာ ပြောပြပါ။ ဖြစ်နိုင်ရင်တော့ တရက်အတွင်း အရက်သောက်သုံးမှု ပမာဏကို မှတ်မိသလောက် ပြောပြပေးပါ။
Ref: www.rd.com