ကျနော်တို့ဆီမှာလည်း ငှက်ပျောသီးကို အစိမ်းချက်စားတယ်၊ အမှည့်စားတယ်၊ အခြောက်လှန်းပြီး စားတယ်၊ ကြော်ပြီး စားတယ်၊ ဖျော်ရည် လုပ်သောက်တယ်၊ အမျိုးမျိုးပေါ့။
အခု ကျနော်က ငှက်ပျောသီးရဲ့ကောင်းကျိုးတွေ၊ အသုံးဝင်ပုံတွေကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ငှက်ပျောသီးဆိုတာ ထက် ငှက်ပျောပင်ရော ပါပါတယ်။
ကျန်းမာရေးနဲ့ အလှအပအတွက်
(၁) သင့်ရဲ့ပျက်စီးနေတဲ့ ဆံပင်တွေကို ငှက်ပျောသီးနဲ့ အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။ မွဲခြောက်နေတာတွေ၊ ဆံပင် ကျွတ်တာတွေ၊ ဦးရေပြားခြောက်တာတွေ၊ ဆံပင် မသန်၊ မကောင်းတာတွေအတွက် အားလုံးပေါ့။ ငှက်ပျောသီးနဲ့ ပေါင်း တင် ပြီး ဆံပင်ကို ထိန်းသိမ်းနိုင်ပါတယ်။
(၂) သင့်အနေနဲ့ သွားတွေ ဖြူဖွေး လှပချင်ပါသလား။ သင် စားသုံးပီးသား ငှက်ပျောသီးအခွံနဲ့ သွားမတိုက်ခင်တိုင်းမှာ ၂ မိ နစ်ခန့် သွားတွေကို ပွတ်တိုက်ပေးပါ။ ပြီးမှ သွားတိုက်လိုက်ပါ။ သင့်အတွက် အပြုံးလှလှလေးတွေ ဖန်ဆင်းပေးနိုင်လာပါ လိမ့်မယ်။
(၃) သင့်အနေနဲ့ အသက်အရွယ်ရလာပြီလား။ သင့်မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ထင်လာပြီလား။ တပတ်ကို ၃ ကြိမ် လောက် ငှက်ပျောသီးအဖက်လေးတွေနဲ့ မျက်နှာကို ပေါင်းတင်ပုံစံ လုပ်ပေးပါ။ ပြန်လည် တင်းရင်းလှပတဲ့ မျက်နှာအသားအ ရေကို ရရှိပါလိမ့်မယ်။
(၄) အင်းဆက် တကောင်ကောင် အကိုက်ခံရလို့ နာကျင်နေပါသလား။ ကိုက်ခဲနေပါသလား။ ငှက်ပျောသီးအခွံနဲ့ အကိုက် ခံရတဲ့နေရာကို ပွတ်ပေးပါ။ သက်သာကောင်းမွန်စေပါလိမ့်မယ်။
(၅) ကြွက်နို့ ပေါက်နေပါသလား။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာ ပါရှိပါတယ်။ ငှက်ပျောသီး များများ စားပေးပါ။ သက်သာစေပါလိမ့်မယ်။
(၆) ပေါက်ပြဲဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ၊ မတော်တဆ ခိုက်မိတဲ့ သင့်ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအတွက် အမြန်ဆုံး သက် သာစေဖို့ ပိုတက်စီယမ် ကြွယ်ဝနေဖို့ လိုအပ်ပါတယ်။ ဒဏ်ရာ တခုခု ရရှိထားပါသလား။ ငှက်ပျောသီးများများ စားပေးပါ။ သက်သာမှု မြန်ဆန်စေပါလိမ့်မယ်။
(၇) အသေးစား ဆူးငယ်တွေ၊ ပျားတုပ် ခံရလို့ ကျန်ရှိဒဏ်ရာလို ကပ်ညိ ဆူး၊ အစွယ်လေးတွေကို ထုတ်ဖို့ ခက်နေပါသ လား။ အပ်နဲ့ထွင်ရမှာ ကြောက်တတ်သူတွေအတွက် အဆိုပါ ဒဏ်ရာနေရာကို ငှက်ပျောခွံဖြစ်စေ အသီးရဲ့အသားကို ဖြစ်စေ အုပ်ပြီး မံပေးပါ။ သဘာဝဓာတ်သဘောအရ အဆိုပါ အသေးစား ဆူးလေးတွေကို စုပ်ထုတ်ယူသလို ဖြစ်ပြီး အမြန်ဆုံး ပြန်လည် သက် သာစေပါလိမ့်မယ်။
(၈) အသားပတ် တတ်ပါသလား။ ငှက်ပျောသီးမှာ ပါရှိတဲ့ သကြားဓာတ်က ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အချက် ၃ လိုပဲ လုပ်ပေးနိုင်ပါတယ်။
အိမ်နဲ့ ပတ်ဝန်းကျင်အတွက်
(၁) ငှက်တွေနဲ့အတူ လိပ်ပြာတွေကလည်း ငှက်ပျောသီးကို နှစ်သက်ကြပါတယ်။ ငှက်ပျောပင်ကိုလည်း လာရောက်နားခိုမှု များပါတယ်။ သင့်ခြံဝန်းထဲမှာ သဘာဝရဲ့တိရိစ္ဆာန်လေးတွေ အမြဲ ရှိနေစေချင်ရင်တော့ ငှက်ပျောပင် စိုက်ထားပါ။
(၂) ငှက်ပျောရွက်ခြောက်တွေ၊ အပင်ဟောင်းတွေ၊ အမြစ်သေတွေဟာ မြေသြဇာကောင်းကောင်း ဖြစ်စေပါတယ်။ ရေဓာတ် အများအပြား စုပ်ယူ ထိန်းထားပေးနိုင်လို့ မြေသားလည်း အေးစေပါတယ်။ မိမိဝန်းကျင် အေးချမ်းဖို့ အတွက်ရော အခြား စိုက်ပျိုးပင် ရှင်သန်ဖို့အတွက်ပါ ငှက်ပျောနဲ့ တွဲဖက် စိုက်ပျိုးပါ။
(၃) သားရေနဲ့ငွေထည် ပစ္စည်းတွေကို အရောင်တင်ဖို့၊ တောက်ပနေဖို့ တန်ဖိုးကြီး ပေါလစ်တွေ၊ အရောင်တင်ဆီတွေ မလိုပါ ဘူး။ ငှက်ပျောခွံနဲ့ တိုက်ချွတ်ပေးပါ။ ပြောင်လက် တောက်ပစေပါလိမ့်မယ်။
(၄) သင့်အိမ်မှာ စိုက်ပျိုးထားတဲ့သစ်ပင်တွေမှာ ဖြုတ်စိမ်းတွေ ကပ်နေပါသလား။ အဆိုပါ အပင်ရဲ့အမြစ်အခြေအနီးမှာ အနက် ၂ လက်မကနေ ၃ လက်မရှိမယ့် မြေကို တူးဖယ်ပြီး ငှက်ပျောခွံတချို့ကို အပင်အရွယ်အပေါ် မူတည်ပြီး သင့်သလို မြှုပ်ထားလိုက်ပါ။ ဖြုတ်စိမ်းတွေ မနေတော့ပါဘူး။
နောက်ထပ် အသုံးဝင်ပုံလေးတွေ
(၁) သင့်အိမ်မှာ ခွေး၊ ကြောင် အစရှိတဲ့ သင် တန်ဖိုးထားရတဲ့အိမ်မွေးလေးတွေ ရှိပါသလား။ ငှက်ပျောပင်ဟာ သူတို့ အ တွက် လိုအပ်ရင်ဆေးဖြစ်စေပါတယ်။ စိုက်ထားပေးပါ။ သူတို့ အလိုလို ယူသုံးတတ်ပါတယ်။
(၂) သောက်သုံးရေသန့်ရဖို့ ခက်ခဲတတ်သူတွေ မှတ်ထားရမယ့်အချက်တချက် ရှိပါတယ်။ မြစ်ရေလို ဓာတ်ပေါင်းစုံ ပါရှိနေ တဲ့ ရေတွေထဲကိုတောင်မှ ငှက်ပျောခွံ ထည့်ထားလိုက်ရင် အဆိပ်ဖြစ်စေမယ့် ဓာတ်တွေကို စုပ်ယူပေးတယ်လို့ စမ်းသပ်ချက်တွေ အရ သိရပါတယ်။ တကယ်လို့ သင့်မှာ သောက်သုံးရေအတွက် အခက်အခဲ ရှိနေတယ်၊ ငှက်ပျောသီးခွံလေး ရှိရင်တော့ စိတ် မပူရတော့ဘူးပေါ့။
(၃) အပြင်သွားဖို့လည်း ပျင်းတယ်၊ အာဟာရဖြစ်မယ့် ရေခဲမုန့်ကောင်းကောင်း စားချင်ပါသလား။ အချိန်လည်း မပေးရဘူး၊ ကယ်လိုရီလည်း များများပါရှိမယ့် ငှက်ပျောသီး ရေခဲမုန့်ကို အိမ်မှာတင် ဖျော်စက်နဲ့ အရည်ဖျော်၊ အခြား နှစ်သက်တဲ့အရသာ နဲ့ အနံ့တွေ ထည့်ပြီး ငှက်ပျောသီးရေခဲမုန့် လုပ်စားနိုင်ပါသေးတယ်။
Ref: www.care2.com