အရင့် အရင် သတင်းပတ်တွေမှာတော့ ကျနော်က လူတယောက်အနေနဲ့ တရက်ကို နွားနို့ ဘယ်လောက် ထိအာင် သောက်ပေးသင့်တယ် ဆိုတာကို ပြောခဲ့ဖူးပါပြီ။
အခုတော့ ဆယ်ကျော်သက် မိန်းကလေးအရွယ်မှာ တရက်ကို နွားနို့ဘယ်လောက် သောက်သင့်တယ် ဆိုတာ ပြောပါ မယ်။ ဒါကလည်း အမျိုးသားတွေထက်စာရင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ နွားနို့ ပိုသောက်ပေးဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။
အလွယ်ပြောရရင်တော့ ဆယ်ကျော်သက် မိန်းကလေးတယောက်အတွက် နေ့စဉ် ကယ်စီယမ် လိုအပ်ချက်က ၁၃၀၀ မီလီ ဂရမ် ရှိပါတယ်။
ဒါပေမယ့် နွားနို့တခွက်မှာတော့ ကယ်စီယမ် ၃၀၀ မီလီဂရမ်လောက်ပဲ ပါရှိပါတယ်။ ဒါဆို သင် ကိုယ်တိုင်သာ စဉ်းစား ကြည့် ပါတော့။ တရက်ကို သင့်အနေနဲ့ အနည်းဆုံး နွားနို့ ၄ခွက်လောက် သောက်သုံးပေဖို့ လိုအပ်နေပါပြီ။
ဒီလို လိုအပ်နေတဲ့ ကယ်စီယမ်တွေက သင့် အရိုးဖွဲ့စည်းမှုနဲ့ သွားတွေ ခိုင်မာဖို့ အတွက် ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ် မှာ အရိုးဖွဲ့စည်းမှု အမြန်ဆုံးနဲ့ အခိုင်ဆုံး ဖြစ်အောင် ပြောင်းလဲနေတဲ့ ကာလ ဖြစ်လို့ အခုအရွယ်မှာ လိုအပ်တဲ့ ကယ်စီယမ် ပမာဏ ပြည့်ဝအောင် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
ဒါမှလည်း အသက်အရွယ်ကြီးသည့်တိုင်အောင် သင့်ရဲ့အရိုးနဲ့ သွားတွေက ခိုင်မာ ကောင်းမွန်နေမှာပါ။ ပြီးတော့ အရိုးမာ အဖွဲ့အစည်းရဲ့ရာခိုင်နှုန်း ၉၀ သော အတည်ကျ ဖွဲ့စည်းမှုကလည်း အသက် ၁၈နှစ် အရွယ်မှာ ရှိလာပါတယ်။ ဒါကြောင့် အဆိုပါလိုအပ်ချက်တွေအတွက် ကယ်စီယမ်ဓာတ် ကောင်းကောင်း ဖြည့်ပေးပါ။
တရက်ကို ၄ခွက် သောက်ပေးပါဆိုတော့ ဘယ်လို ခွက်အရွယ်လဲ မသိရင်တော့ အလေးချိန်နဲ့ ဆိုရင် တရက်ကို ၇ အောင် စကနေ ၈ အောင်စအတွင်း သောက်ပေးလို့ ရပါတယ်။
ဒီနေရာမှာ သတိပြုစရာ တချက်က သင့်ရဲ့အစာအိမ်ဟာ ကယ်စီယမ် တခါစုပ်ယူတိုင်း ၅၀၀ မီလီဂရမ်ပဲ စုပ်ယူနိုင်ပါတယ်။
ဒီအတွက် နွားနို့ကို တရက်မှာ ၇ အောင်စ သောက်သုံးသည့်တိုင်အောင် တကြိမ်တည်း မသောက်ပါနဲ့။ ဖြစ်နိုင်ရင် ၄ ကြိမ် အ နည်းဆုံး ခွဲသောက်ပါ။ ဒါမှမဟုတ် အစာအိမ်ကနေ ကယ်စီယမ် ကောင်းကောင်းနဲ့ မြန်မြန် စုပ်ယူစေချင်ရင်တော့ ငါးစား ပါ။ သူ့မှာ ဗီတာမင် D ပြည့်ဝစွာ ပါရှိပါတယ်။ သူက ကယ်စီယမ်ကိုလည်း စုပ်ယူမှု မြန်ဆန်စေသလို အရိုးတွင်း ကယ်စီယမ် ဓာတ်ကိုလည်း အကောင်းဆုံး ထိန်းထားပေးပါတယ်။
နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ သင့်အနေနဲ့ နွားနို့ မကြိုက်ရင် နို့ထွက် ပစ္စည်း တခု ဖြစ်တဲ့ ဒိန်ချဉ်ကိုလည်း သောက်နိုင်ပါတယ်။ ဒါပေမယ့် နွားနို့လောက်တော့ ကယ်စီယမ် မပြည့်ဝပါဘူး။ ၈ အောင်စ လောက်ရှိတဲ့ ဒိန်ချဉ်မှာ ကယ်စီ ယမ် ၄၁၅ မီလီဂရမ်ပါရှိပါတယ်။
ကယ်စီယမ် ပြည့်၀ အရွယ်တွေ စားမယ်ဆိုရင်တော့ ၃ အောင်စမှာ ကယ်စီယမ် ၂၇၆ မီလီဂရမ်လောက်ပါပါတယ်။ ဒီလိုမှ မဟုတ်လို့ ချိစ်ကိုပဲ နှစ်သက်တယ်ဆိုရင်တော့ ၁.၅ အောင်စ အလေးချိန်ရှိ ချိစ်မှာ ကယ်စီယမ် ၃၀၅ မီလီဂရမ် ပါရှိပါ တယ်။
ဒါဆိုရင်တော့ အထက်မှာ ပြောခဲ့တဲ့ သင့် အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်စီယမ်ပမာဏ အပေါ်မှာ မူတည်ပြီးတော့ အစာတွေ ထဲက ကယ်စီယမ်စာကို ပမာဏ ပြည့်အောင် ဖြည့်စွက် စားသုံးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Ref: www.care2.com