ကျနော်တို့ ခန္ဓာကိုယ်ဟာ ရေဓာတ် အပါအဝင် အစားအစာကနေ ရရှိတဲ့ အာဟာရဓာတ်တွေနဲ့ တနေ့တာကို အ ကောင်းဆုံး ဖြတ်သန်းပြီး ရှင်သန်နေကြတာပါ။ အဲဒီမှာ အစာကနေ ရရှိတဲ့ အာဟာရကိုတော့ ကယ်လိုရီနဲ့ တိုင်းတာပါတယ်။
တနေ့တာ လိုအပ်တဲ့ကယ်လိုရီထက် ပိုပြီး များများ စားမိ၊ စုမိလာရင်တော့ မကြာခင်မှာ သင်ဟာ ၀ လာပါလိမ့်မယ်။ ဒီလို မ ဝအောင် ကယ်လိုရီ အပို မရှိဖို့ လိုအပ်ပါတယ်။
အကောင်းဆုံးကတော့ လေ့ကျင့်ခန်း လုပ်ပေးဖို့ပါပဲ။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ဖို့ အချိန်နည်းသူတွေ၊ ပျင်းသူတွေ အ တွက် အစာထဲမှာ ကယ်လိုရီကို လောင်ကျွမ်းစေမယ့် အစာတွေ ရောနှောစားပေးမယ်ဆိုရင် လေ့ကျင့်ခန်းချိန် သက်သာစေ ပါလိမ့် မယ်။ ဘယ်လို အစာတွေ ရောစားပေးသင့်ပါသလဲ။
(၁) အခါးရွက်တွေကို အစိမ်းလိုက် ရောစားပါ
အစိမ်းလိုက်စားရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အစိမ်းလိုက် စားဖို့ အဆင်မပြေရင် အစိမ်းရောင် မပျောက်အောင် ကြော်၊ ပြုတ်၊ စားလို့ ရပါတယ်။ ခါးသက်တဲ့ အရွက်တွေကို စားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးရွက်၊ ဂွေးတောက်ရွက်တွေ အစ ကိုက်လန်လို အနည်းငယ်ပဲ သက်ချင်တဲ့ အရွက်တွေကိုပါ စားပေးနိုင်ပါတယ်။
(၂) ချိစ်ကို အစိမ်းစားပါ
အစိမ်းလို့သာ ဆိုရတာ တကယ်တော့ ချိစ်ဟာ ဒီအတိုင်း စားလို့ရတဲ့ အစာတခုပါ။ ဆိုလိုတာကတော့ အပူပေး၊ ပေါင်းခံ၊ ချက် ပြုတ် စားခြင်းမျိုး မဟုတ်ဘဲ ချိစ်ကို အထုပ်လိုက် ဝယ်ပြီးသားအတိုင်း စားသုံးပေးခြင်းကို ဆိုလိုတာပါ။
(၃) အုန်းဆီ စားပေးပါ
ပြည်တွင်းမှာတော့ အရင်က စားအုန်းဆီတွေ မဝင်ခင်က ဖြည့်စွက်ဆီအဖြစ် အသုံးပြုသူ တချို့ ရှိပါတယ်။ အခုတော့ စား သုံးပုံစံအဖြစ် မစားကြတော့ပါ့ဘူး။ ဒါပေမယ့် အုန်းဆီဟာ အစာချေစနစ်မှာ ခန္ဓာကိုယ်တွင်းကို အဆီအနေနဲ့ မဝင်ဘဲ စွန့် ထုတ်စနစ်ဆီကို အမြန်ရောက်သွားတတ်လို့ အဆီပို မဖြစ်စေဘဲ ဆီစားမယ်ဆိုရင် အုန်းဆီကို စားပေးနိုင်တယ်လို့ လေ့လာ ချက်တွေအရ သိလာရတာ ဖြစ်ပါတယ်။
(၄) အချဉ်ဖတ် စားပေးပါ
အကောင်းဆုံးကတော့ ဂေါ်ဖီချဉ်ပါ၊ ဒါမှမဟုတ် ပြည်တွင်းမှာ အချဉ်မျိုးစုံ ပြုလုပ်စားသုံးသလို မုန်လာဥ၊ အရွက်၊ အစုံကို အချဉ် လုပ်ပြီး စားပေးနိုင်ပါတယ်။ အစာအိမ်တွင်း ချေဖျက်စနစ်ကို ပိုမို ကောင်းမွန်စေပြီး ကယ်လိုရီအပို ဖြစ်စေမှု နည်း စေတယ်လို့ သိရပါတယ်။
(၅) ပန်သီးနဲ့ထုတ် ရှာလကာရည် သောက်သုံးပေးပါ
ပျားရည်နဲ့ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။ မနက် အိပ်ယာထ၊ ညအိပ်ရာဝင် အချိန်တွေမှာ တရက်တကြိမ် စားပွဲတင် တဇွန်းစာပဲ ပုံမှန် သောက်သုံးပေးရင် ရပါတယ်။ အလေးချိန်ကျစေဖို့ အကောင်းဆုံး အကူညီပေးအစာလို့ သတ်မှတ်ထား တာပါ။
(၆) ကာဖင်းဓာတ်ရယူပါ
ကော်ဖီသောက်ခြင်း တမျိုးတည်း မဟုတ်ဘဲ ကာဖင်းဓာတ် ပါရှိတဲ့အစာတွေကို ပုံမှန် သင့်ရုံစားသောက်ပေးရင် ရပါတယ်။ သူက ကယ်လိုရီ အပိုကို လောင်ကျွမ်းစေမှုထက် ကယ်လိုရီ အပို ဖြစ်မလာအောင် ထိန်းပေးနိုင်မှု အားကောင်းတာ တွေ့ရ ပါတယ်။
(၇) ကင်ချီ စားပေးပါ
သူ့မှာ အစပ်၊ အချဉ်နဲ့ အရွက်ရဲ့ဓာတ်သဘောတွေ ကောင်းကောင်း ပါရှိလို့ စားသုံးပေးဖို့ အဆင်ပြေပါတယ်။ အစာချေ စနစ်ကို အားကောင်းစေပါတယ်။ သင့်ရုံ ပုံမှန် စားသုံးပေးသင့်တယ်လို့ သိရပါတယ်။
(၈) ဒိန်ချဉ် သီးသန့် သောက်ပါ
ပြည်တွင်းမှာတော့ ဒိန်ချဉ်ကို ထန်းလျက်ရည် ဒါမှမဟုတ် သကြားရည်နဲ့ ရောသောက်ပါတယ်။ တချို့လည်း အသီးအနှံနဲ့ ရောစပ် သောက်ပါတယ်။ အကောင်းဆုံးကတော့ ဒိန်ချဉ်ကို ဒီအတိုင်း သောက်ပေးပါ။ အစာချေစနစ်အတွက် အကျိုးပြု ဘက်တီးရီးယား ပါဝင်မှု အထူး များပြားကောင်းမွန်စွာ ပါရှိလို့ပဲ ဖြစ်ပါတယ်။
(၉) ငရုတ်သီး စားပေးပါ
အမှုန့်အနေအထားမှာ ရောစပ်ဓာတုပစ္စည်း ပါရှိနိုင်တာကြောင့် ငရုတ်သီးအတောင့်ကို ပုံမှန် သင့်ရုံစားပေးတာ အကောင်း ဆုံးပါ။ သွေးတွင်းသကြားဓာတ် အပါအဝင် အဆီကိုပါ ချေဖျက်ပေးနိုင်ပြီး ကယ်လိုရီအပိုကို လောင်ကျွမ်းစေနိုင်ပါတယ်။
Ref: www.rd.com