လက်ရှိ ကမ္ဘာမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ခွေးပြီးရင် အများဆုံး မွေးမြူနေတဲ့ ကြောင်တွေအကြောင်း သင် ဘယ်လောက်ထိအောင် သိထားပါသလဲ။
အခု ကျနော်က နောက်ထပ် သင် သိမထားသေးတဲ့ ကြောင်တကောင်ရဲ့အစွမ်း တွေကို နည်းနည်းလောက် ပြောပြချင်ပါ တယ်။
(၁) ကြောင်တွေဟာ ငလျင်လှုပ်ခတ်မှုကို ကြိုတင် သိရှိနိုင်ကြပါတယ်။ သူတို့ရဲ့ ခြေ၊ လက်တွေဟာ အလွန်ပဲ အာရုံခံ ကောင်း ပါတယ်။ တချို့ကြောင်တွေဟာ ငလျင်မလှုပ်ခင် သိသာတဲ့ ပုံစံတွေ ပြတတ်ပါတယ်။ တုန်ခါမှုကို အကောင်းဆုံး အာရုံခံ သိနိုင် တဲ့ သတ္တဝါတမျိုး ဖြစ်ပါတယ်။
(၂) ကြောင်တွေဟာ အစာကို ဝါးစရာ မလိုဘဲ မျိုချနိုင်သလို အဆိုပါ ကိုက်ဝါးမထားတဲ့ အစာကို သူတို့ရဲ့ အစာအိမ်က ကောင်းစွာ ချေဖျက်ပေးနိုင်ပါတယ်။
(၃) ကြောင်တွေဟာ အသံကို လိုသလို ပြောင်းလဲ ထုတ်လွှတ်နိုင်သူတွေပါ။ အစာတောင်းချိန်မှာ အသံ တမျိုး၊ ရန်ဖြစ်ချိန် မှာ တမျိုး၊ ဒီလိုပဲ အနေအထားအပေါ် မူတည်ပြီး အသံမျိုးစုံ အသုံးပြုနိုင်ကြပါတယ်။
(၄) ကြောင်တွေဟာ အိပ်မက် မက်တတ်ပါတယ်။ သူတို့ကောင်းစွာ အိပ်ပျော်ချိန်မှာ ဦးနှောက်ကနေ လှိုင်းတွေ ထုတ်ပေး ပြီး အိပ်မက်မက်ပါတယ်။ လူတွေနဲ့ ပုံစံ တူပါတယ်။
(၅) ကြောင်တွေဟာ ပိုင်ရှင်ရဲ့အပြုအမူကို ကောင်းစွာ သိပါတယ်၊ အရေးပေးသလား၊ အပြစ်ပေးသလား၊ ဆူသလား ဆိုတာ တွေ သိပါတယ်။ အလိုက်သင့် နေထိုင်တတ်ကြပါတယ်။
(၆) ကြောင်တွေမှာ လူတွေ လက်ဆွဲနှုတ်ဆက်သလို နှုတ်ဆက်တတ်ကြပါတယ်။ သူတို့ကတော့ နှာခေါင်းချင်း အချင်းချင်း ထိတွေ့ နှုတ်ဆက်တာ ဖြစ်ပါတယ်။
(၇) အခုချိန်ထိအောင် သိပ္ပံပညာရှင်တွေအနေနဲ့ ကြောင်တွေရဲ့လည်ချောင်းက အစ်သံ ဘယ်ကနေ ထွက်လာတယ်ဆို တာ မသိကြသေးပါဘူး။ လည်ချောင်းကလား အသံစနစ်ကလည်း သေချာ မသိနိုင်သေးတဲ့ အချက်ပါ။
(၈) ကြောင်တွေဟာ အစ်သံကို ပုံမှန် လူနားကပ်စဉ်မှာလည်း ထုတ်ပြတတ်ပါတယ်။ ဒါပေမယ့် အဆိုပါ အစ်သံ မာနေတယ်၊ ကျယ်လောင်နေမယ် ဆိုရင်တော့ သူတို့ဟာ နေမကောင်းခြင်း၊ နာကျင်နေခြင်းနဲ့ သခင်ရဲ့ဂရုစိုက်မှုကို ပိုပြီး လိုချင်နေတယ် ဆိုတာ သိထားပေးပါ။
(၉) ကြောင်တွေရဲ့ အစ်သံ ထုတ်လုပ်မှုဟာ အသက်ရှူသွင်းချိန်မှာရော ရှူထုတ်ချိန်မှာပါ မရပ်မနား အသံ ထုတ်လုပ်နိုင်ကြ ပါတယ်။
(၁၀) ကြောင်ငယ်လေးတွေရဲ့ အစ်သံက mono လို့ သတ်မှတ်နိုင်တဲ့ တသံတည်း ထွက်ဖြစ်ပြီး ကြောင်ကြီးတွေကတော့ အသံ နှစ်ခုကနေ သုံးခုထိအောင် ရောပြီး အစ်သံ ထုတ်လွှတ်နိုင်ကြပါတယ်
(၁၁) ကြောင်တွေဟာ အခြားကြောင်နဲ့ ဆက်သွယ်မှုအတွက်သာ အသံစုံ ထုတ်တတ်ကြမေယ့် သူ့ရဲ့သခင်နဲ့ ဆက်သွယ်မှု ကိုတော့ အသံတခုတည်း အမြဲထားပြီး ချဉ်းကပ်နေထိုင်ကြပါတယ်
(၁၂) ခွေးတို့လိုပါပဲ၊ ကြောင်တွေဟာလည်း ချောကလက်စားပြီးရင် ကြောင်တွေဟာ နေမကောင်းခြင်းကနေ အဆင်မသင့်ရင် သေဆုံးနိုင်ပါတယ်။
(၁၃) အခြား မရင်းနှီးတဲ့ ကြောင်တွေနဲ့ နီးကပ်လာချိန်တိုင်း ကြောင်တွေဟာ မျက်လုံးကို မှေးထားတတ်သလို မျက်တောင် ခဏ ခဏ ခတ်တတ်ပါတယ်။
(၁၄) ကြောင်တွေကို နေ့စဉ် အသားစိမ်း နည်းနည်း ကျွေးပေးသင့်ပါတယ်။ သူတို့ကို အသားစိမ်း ဝါးနေစေမှုက အစာချေ စနစ်အတွက် တံတွေးဂလင်းအားကောင်းစေသလို သူတို့ရဲ့ သွားတွေကိုလည်း သန့်ရှင်း ခိုင်မာစေပါတယ်။
(၁၅) ကြောင်တွေရဲ့ပင်မ မျိုးစိတ်က ကန္တာရထဲကဖြစ်လို့ သူတို့ဟာ အပူချိန် မြင့်မားမှုကို ကောင်းကောင်း ခံနိုင်ရည် ရှိပါ တယ်။
(၁၆) ကြောင်တွေရဲ့ နှလုံးခုန်နှုန်းက တမိနစ်ကို အချက်ရေ ၁၆၀ကနေ ၂၄၀ အတွင်း အရွယ်အပေါ် မူတည်ပြီး ရှိပါတယ်။
(၁၇) ကြောင်တွေဟာ ချွေးထွက်တတ်ပေမယ့် လူတွေလို တကိုယ်လုံးကနေ မထွက်ပါဘူး။ ကြောင်တွေရဲ့ ခြေ၊ လက်ဖျား တွေကနေ ထွက်ပါတယ်။
နွေရာသီလို အချိန်တွေမှာ ကြောင်တွေရဲ့ ခြေရာလေးတွေ တွေ့ရတတ်ပါတယ်။ ဒါဟာ ချွေးထွက်လို့ စွတ်စိုပြီး ခြေရာကျန် နေခြင်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ခြေ၊ လက်ဖျားတွေကို သန့်စင်ပေးပါ၊ ကျန်ရှိ ကြောင်ခြေရာတွေကိုလည်း သန့်စင်ပါ။
Ref: www.rd.com