• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

မိမိအတွက် သင့်လျော်မယ့် အဲယားကွန်းကို ရွေးချယ်မယ်

by ချစ်ဖေ (တောင်တွင်းမြေ)
1 July 2017
in Health
A A
မိမိအတွက် သင့်လျော်မယ့် အဲယားကွန်းကို ရွေးချယ်မယ်

ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ)

6.9k
VIEWS
Share on FacebookShare on Twitter

ဒီနေ့ ကျနော်က အဲယားကွန်း အသုံးပြုနေသူတွေ၊ တပ်ဆင်တော့မယ့်သူတွေ အသိနည်းသေးမယ့်အဲယားကွန်း ရွေးချယ်နည်းအကြောင်းကို ပြောပြချင်ပါတယ်။

ကျနော်တို့ဆီမှာ လူအများစုက အဲယားကွန်းတပ်ဆင်တော့မယ်ဆိုရင် ဈေးနှုန်းနဲ့ စက်ရဲ့စွမ်းအားလောက်ကိုပဲ ကြည့်ပြီး စဉ်းစားဝယ်ယူလေ့ရှိတာ တွေ့ရပါတယ်။ တကယ်တော့ ကျနော်တို့ စနစ်တကျ တွက်ချက်ပြီးမှ အဲယားကွန်းတလုံး ဝယ် ယူသင့်တာပါ။

RelatedPosts

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

9 March 2025
2k
HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

27 February 2025
1.8k
ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

16 February 2025
13.8k

ဘယ်လို စနစ်တကျ တွက်ချက်ရမှာလဲဆိုရင်တော့ မိမိရဲ့အခန်းအကျယ်နဲ့ အဲယားကွန်းရဲ့စွမ်းဆောင်ရည်ကို အချိုးကျ ပြန် ကြည့်ပြီးမှ မိမိ ဝယ်ယူလို့တဲ့ အမှတ်ဆိပ်နဲ့ ဈေးနှုန်းကို စဉ်းစား ဝယ်ယူရမှာ ဖြစ်ပါတယ်။

သင့်ရဲ့အခန်းအကျယ်ကို နိုင်နိုင်နင်းနင်း အအေးဓာတ် မပေးနိုင်မယ့် အဲယားကွန်းကို ဝယ်မိရင်လည်း အဆင်ပြေမှာ မ ဟုတ်သလို အခန်းကျဉ်းကျဉ်းမှာ စွမ်းဆောင်ရည်မြင့်မြင့် အဲယားကွန်းကို ဝယ်မိရင်လည်း အအေးဓာတ်များနေလို့ အမြဲတမ်း အပူချိန် တင်ပြီး ဖွင့်နေရပါလိမ့်မယ်။

ဒါဟာ ရေရှည်မှာလည်း ကျန်းမာရေးအတွက် ကောင်းမှာ မဟုတ်ပါဘူး။ အဲယားကွန်းတလုံးမှာ စွမ်းအင်စားလည်း သက် သာ၊ အအေးဓါတ် ထုတ်လွှတ်ပေးနိုင်မှုလည်း ကောင်းအောင် ဖန်တီးထားတတ်ကြပြီး သင့်အနေနဲ့ အဲယားကွန်းဝယ်တော့ မယ်ဆိုရင် အရင်ဆုံး စနစ်တကျ တွက်ချက်သင့်တဲ့ အချက်က British Thermal Unit ဆိုတဲ့ BTU အကြောင်းပါ။

အဲယားကွန်းတွေရဲ့ အအေးဓာတ် ထုတ်လွှတ်ပေးနိုင်မှုနှုန်းကို BTU နဲ့ တိုင်းတာပါတယ်။ သင့်အနေနဲ့ တွက်ချက်ရမှာက မိမိ ထားရှိ အသုံးပြုမယ့်အခန်း အကျယ်အဝန်းကို တွက်ချက်ပြီး တဖက်က အဲယားကွန်းရဲ့ BTUနဲ့ တိုက်ဆိုင် ဝယ်ယူဖို့ပဲ ဖြစ်ပါတယ်။ တချို့က အိပ်ခန်း တခန်းတည်းအတွက်ပဲ အဲယားကွန်းတလုံး သီးသန့် တပ်ဆင်ပါတယ်၊ တချို့ကလည်း အိမ်ခန်း တခန်းလုံးစာ အဲယားကွန်းတလုံးပဲ ထားရှိတာမျိုးလည်း တွေ့ဖူးပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သင့်သုံးမယ့် အခန်းအကျယ်အဝန်းကို စတုရန်းပေ ရအောင် တွက်လိုက်ပါ။ ဥပမာ ၁၀ပေ ပတ်လည် အိပ်ခန်းအတွက်ပဲ အဲယားကွန်းတလုံး ထားရှိမယ်ဆိုရင် အဆိုပါ အိပ်ခန်းရဲ့စတုရန်းပေက ၁၀၀ ဖြစ်ပါလိမ့်မယ်။ ဒါမှ မဟုတ် ပေ၂၀ ပတ်လည်ဧည့်ခန်းမှာ အဲယားကွန်းတပ်ဆင်မယ်ဆိုရင် အဆိုပါ ဧည့်ခန်းရဲ့စတုရန်းပေက ၄၀၀ ရှိလာမှာပါ။ ဒါက မိမိသုံးမယ့်အခန်းရဲ့ အကျယ်အဝန်းကို စတုရန်းပေ ဖွဲ့တာပါ။

တဖက်မှာတော့ မှတ်သားထားရမယ့် အချက်တွေက မိမိရဲ့ အခန်းက စတုရန်းပေ ၁၅၀ ကနေ ၃၅၀အကြားပဲ ရှိမယ် ဆိုရင် BTU ၅၀၀၀ကနေ ၈၀၀၀အတွင်းရှိ အဲယားကွန်းကို ဝယ်သုံးရင် အဆင်ပြေပါတယ်၊ မိမိအခန်းက စတုရန်းပေ ၃၅၀ ကနေ ၅၅၀အတွင်း ရှိမယ် ဆိုရင်တော့ BTU ၈၀၀၀ကနေ ၁၂၀၀၀ အတွင်းရှိ အဲယားကွန်းကို သုံးပါ။ မိမိအခန်းက အကျယ်အ ဝန်း ၅၅၀ ကနေ ၁၀၅၀ စတုရန်းပေ ရှိမယ်ဆိုရင်တော့ BTU ၁၂၀၀၀ ကနေ ၁၈၅၀၀အတွင်းရှိ စနစ်ကို ထည့်ပါ။

အခန်းအကျယ်အဝန်း ၁၀၅၀ ကနေ ၁၆၀၀ စတုရန်းပေဆိုရင်တော့ BTU ၁၈၅၀၀ကနေ ၂၅၀၀၀အတွင်းရှိ အဲယားကွန်းကို ထည့်သင့်ပါတယ်။

ဒီနေရာမှာ ၁၆၀၀ စတုရန်းပေထက် ပိုမို ကျယ်ဝန်းတဲ့ အခန်းဆိုရင်တော့ ဥပမာ ၂၀၀၀ စတုရန်းပေ အကျယ်ရှိတဲ့ အခန်း အတွက်ဆိုရင် BTU ၁၈၅၀၀ ရှိတဲ့ အဲယားကွန်း ၂လုံးကို ထည့်လို့ ရပါတယ်။

အထက်ကနှုန်းထားတွေနဲ့ မိမိရဲ့အခန်း အကျယ်အဝန်းများနေသည့်တိုင်အောင် ၁လုံး၊ ၂လုံးကနေ လိုအပ်သလို ထည့်သွင်းနိုင်မှာလည်း ဖြစ်ပါတယ်။

ဈေးကွက်အတွင်းမှာတော့ လေအေးဖြန့်ကျက်နိုင်မှု၊ စိုထိုင်းဆ၊ အဲယားကွန်းစနစ် သန့်ရှင်းနိုင်မှု လွယ်ကူခြင်း၊ အရည်အ သွေး၊ ရေရှည်စိတ်ချရမှုနဲ့ ဈေးနှုန်းတွေကို ကြည့်ပြီး အဲယားကွန်းတလုံးကို အမှတ်ပေး ရွေးချယ်နိုင်ပါတယ်။

လက်ရှိ စနစ်တခုလုံး အဖက်ဖက်က သင့်တင့်ကောင်းမွန်တဲ့ အဲယားကွန်းဆိုရင် LG LW6017R လို မော်ဒယ်မျိုး ရှိပါတယ်။ အသံဆူညံမှုနည်းတယ်၊ စွမ်းဆောင်ရည်ကောင်းတယ်၊ မော်ဒယ်က BTU ၆၀၀၀လောက် ထုတ်ပေးနိုင်တယ်၊ LG က စတု ရန်းပေ ၂၆၀ စာထိအောင် သုံးနိုင်တယ်လို့ ဆိုထားပါတယ်။ လေအေးပေးနှုန်းကို မြန်နှုန်း ၃ခု ရွေးပြီး သုံးနိုင်တာလည်းတွေ့ ရပါတယ်။

ဒါဆိုရင်တော့ မြန်မြန်အေးချင်ရင်လည်း ရတယ်၊ ပုံမှန်လေး အေးနေချင်ရင်လည်း ရနိုင်တဲ့ အနေအထားပါ။ လျှပ်စစ်ဓာတ် အား စားတာလည်း သက်သာကောင်းမွန်ပါတယ်။

မိမိ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စနစ်ဖြစ်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက်လည်း ကိုက်ညီ၊ ကုန်ကျစရိတ်လည်း အပို မလို နိုင်တော့ပါဘူး။

Ref: www.businessinsider.com

Your Thoughts …
Tags: Health
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အမျိုးသမီးတွေရဲ့လိင်ဆန္ဒပြီးမြောက်ဖို့ အကောင်းဆုံးပုံစံ

by ချစ်ဖေ (တောင်တွင်းမြေ)
27 August 2017
75.8k

လိင်ဆန္ဒကို ရှက်ဖွယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်၊ လိင်ဆန္ဒဆိုတာ သဘာဝတရား ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ကျန်းမာရေးဆောင်းပါးကို ကျန်းမာရေးအမြင်နဲ့ပဲ ဖတ်ရှုစေလိုပါတယ်။

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
10 July 2017
182.2k

လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

တရက်တာအတွင်း လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်

by ချစ်ဖေ (တောင်တွင်းမြေ)
20 August 2017
48.2k

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထား တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဖော် - ကျော်မိုးထိုက်/ဧရာဝတီ

အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်

by အေဘယ်လ်
20 November 2016
100.8k

မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ပုံမှန် လိင်ဆက်ဆံခြင်းရဲ့အကျိုးကျေးဇူးများ

by ချစ်ဖေ (တောင်တွင်းမြေ)
10 September 2017
63.5k

သဘာဝတရားတခုဖြစ်တဲ့ လိင်ဆက်ဆံမှုကို ပုံမှန် ဆောင်ရွက်နေ ထိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ဘဝကို စည်း ချက်ညီ လှုပ်ရှားခြင်း ပုံစံတခုပါ။ အဲဒီလို ပုံမှန် လိင်ဆက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လာပါသလဲ။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်

by ချစ်ဖေ (တောင်တွင်းမြေ)
18 September 2017
72.8k

ဆီးကျိတ်ပိုင်းမှာ အားနည်းချက်တခုခု ရှိရင်လည်း ဆီး မကြာခဏ သွားချင်တတ်ပါတယ်။ ဆီးကျိတ်ပိုင်းမှာ ပြဿနာ ရှိနေရင် ဆီးကျိတ်က ဆီးပြွန်ကို သွားဖိမိနေတယ်၊ ဒီတော့ ဆီးကောင်းကောင်း မသွားနိုင်တော့ဘူး။

Next Post
ရခိုင်ဒေသ ရေရှည်တည်ငြိမ်ရေး ဆက်လက်လုပ်ဆောင်မည် / ထက်နိုင်ဇော် / ဧရာဝတီ

အစိုးရက ရခိုင်ဒေသ ရေရှည် တည်ငြိမ်ရေး ဆက်လက် လုပ်ဆောင်မည်

UNFC ဥက္ကဋ္ဌ နိုင်ဟံသာ  / ကျော်ခ / ဧရာဝတီ

UNFC ထဲမှာ အားနည်းသလိုတော့ ဖြစ်သွားတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate