Health

အအိပ်နည်းသူများ ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်နိုင်သလား

လေ့လာချက်တွေအရတော့ အမေရိကန် နိုင်ငံသား ၃ ယောက်မှာ ၁ ယောက်က အိပ်ရေးဝအောင် မအိပ်ရဘူးလို့ ဆို ပါတယ်။

ဒီလိုပဲ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အိပ်ရေးဝအောင် မအိပ်ကြရပါဘူး။ အမေရိကန်ရောဂါရှာဖွေရေးနဲ့ တားဆီး ကာ ကွယ်ရေးဌာနကတော့ ဒီလို အိပ်ရေးဝအောင် မအိပ်စက်သူတွေအနေနဲ့ လေဖြတ်ခြင်း၊ အဝလွန်ခြင်းကနေ သွေးကြောပိုင်း ဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေ များတယ်လို့ သတိပေးထားပါပြီ။

ဒီလို သွေးကြောပိုင်းဆိုင်ရာ ရောဂါဖြစ်နိုင်ခြေများမှုထဲမှာ ဦးနှောက်အမြှေးရောင်ရောဂါလို ဆိုးရွားတဲ့ရောဂါဖြစ်နိုင်ခြေတွေပါ ရောပါနေပါတယ်။ အအိပ်အနေနည်းမှုနဲ့ ဦးနှောက်အမြှေးရောင်ရောဂါနဲ့က ဆက်စပ်မှု ရှိနေသလိုပါ။

ညဘက်ပိုင်း ကောင်းစွာ အိပ်မပျော်ခြင်း၊ ပြန်လည်နိုးနေတတ်ခြင်းကနေ နေ့ခင်းဘက် ပြန်လည်အစားထိုး အိပ်စက်မှု မရှိ ခြင်းတွေက ခန္ဓာကိုယ်အကြောတွေကို ဦးနှောက်ကနေ အကောင်းဆုံး ထိန်းချုပ်နိုင်မှု လုပ်ဆောင်ဖို့ ခက်ခဲစေတယ်လို့ ဆိုပါ တယ်။

လေ့လာချက်တွေအရတော့ ဒီလို အိပ်ရေးမဝမှုနဲ့ ဦးနှောက်ရဲ့ထိန်းချုပ်နိုင်စွမ်း လျော့ကျလာခြင်းက စိတ်ဖောက်ပြန်ခြင်းကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

စိတ်ဖောက်ပြန်တယ်ဆိုတဲ့နေရာမှာ ရူးသွပ်သည်ထိလောက်အောင် မဖြစ်နိုင်ပေမယ့် မတော်တဆမှုနဲ့အတူ ဦးခေါင်းပိုင်း ထိ ခိုက်မှုတွေကြောင့် အာရုံကြောထိခိုက်မှုမှာတော့ ပုံမှန်ထက် ပိုမို ဆိုးဆိုးရွားရွား ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ကောင်းစွာ အိပ်စက်ခြင်းအတွင်းမှာ ဦးနှောက်ကနေ ဘီတာလှိုင်းကို ထုတ်လွှတ်ပေးပြီး အဆိုပါ လှိုင်းအနည်းအများအပေါ် မူတည်လို့ အိပ်ပျော်တတ်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

ဘီတာလှိုင်းထုတ်လွှတ်ပေးမှု နည်းရင်တော့ ကောင်းစွာ အိပ်မပျော်တော့ဘဲ အချိန်ကြာလာရင်တော့ ဦးနှောက် အစိတ်အပိုင်း ဘက် ရောက်နေတဲ့ အသားဓာတ်တွေက ဦးနှောက်အတွင်း ကောင်းစွာ မရောက်ရှိတော့ဘဲ အပိုအနေနဲ့ ဦးနှောက်ဆဲလ်တွေ ကို ဖျက်ဆီးတဲ့ဓာတ်သဘော ဆောင်လာတယ်လို့ တွေ့ရပါတယ်။

အဆိုပါ အသားဓာတ်တွေကနေ ဓာတ်ပြောင်းလဲမှု ဖြစ်ခြင်းကိုတော့ Amyloid လို့ ခေါ်ပြီး အဆိုပါ Amyloid တွေ စုပုံများ ပြားလာခြင်းဟာ ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ဖို့ ပထမတဆင့်အဖြစ် သတ်မှတ်နိုင်မှာလည်း ဖြစ်ပါတယ်။

Amyloid များလာခြင်းအစမှာ စိတ်ဖောက်ပြန်မှုနဲ့ မတည်ငြိမ်မှုတွေကို လက္ခဏာအဖြစ် ပြသပြီး နောက်ပိုင်းမှာ Amylois တွေက ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးမှု ဖြစ်လာနိုင်ပြီး ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်လာနိုင်ပါတော့တယ်။

ကြွက်တွေနဲ့ စမ်းသပ်ချက်မှာတော့ ကောင်းစွာအိပ်စက်စေခြင်းကနေ အဆိုပါ Amyloid စုပုံခြင်းကို လျော့ချလိုက်နိုင်တာ တွေ့ရပြီး လူတွေအနေနဲ့လည်း အိပ်ရေးဝအောင် အိပ်စက်ဖို့ လိုအပ်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ဒါအပြင် ဦးနှောက် အမြှေးရောင် ရောဂါဟာ မျိုးရိုးလိုက်မှု အနည်းငယ် ရှိနိုင်ပြီး လူတိုင်း မျိုးရိုးလိုက်ခြင်းနဲ့ အတူ ဦးနှောက် အမြှေးရောင် ရောဂါမဖြစ်နိုင်ပေမယ့် မိမိရဲ့မျိုးဆက်အတွင်း ဦးနှောက်အမြှေးရောင် ရောဂါရှိသူတွေဆီကနေ APOE အမည် ရှိ မျိုးဗီဇရောနှောပါရှိမှုက ဦးနှောက်အမြှေးရောင် ရောဂါဖြစ်နိုင်ခြေ ပိုစေတယ်လို့ ဆိုပါတယ်။
ဒီအတွက် မျိုးရိုးအတွင်း ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ထားသူတွေက ပိုမို အလေးထား အိပ်စက်မှု လုပ်ဆောင်သင့်တာ ပါ။

စိတ်ဓာတ်ကျခြင်း၊ အဝလွန်၊ အပိန်လွန်ခြင်း၊ သွေးကြောပိုင်းဆိုင်ရာ ရောဂါရှိနေသူတွေအနေနဲ့ ဦးနှောက်အမြှေးရောင်ရော ဂါဖြစ်နိုင်ခြေ ပုံမှန်ထက် ပိုများပြီး အချို့ကလည်း ဦးနှောက်အမြှေးရောင်ရောဂါရဲ့ရှေ့ပြေးအနေနဲ့ ဖြစ်ပွားတဲ့ရလဒ်တွေ ဖြစ် နိုင်တယ်လို့ ဆိုပါတယ်။

ဦးနှောက်ထဲကို လိုအပ်တဲ့ အသားဓာတ်တွေက ပုံမှန်ရောက်ရှိနေပြီး အိပ်စက်ချိန်မှာ အဆိုပါ အသားဓာတ်က ဦးနှောက်ဆဲလ် ပြင်ဆင်အားဖြည့်မှုကို လုပ်ဆောင်ပေမယ့် အိပ်ရေးဝအောင် မအိပ်ရင်တော့ အဆိုပါ အသားဓာတ်က ဓာတ်ပြောင်းလဲမှု ဖြစ် ကာ Amylois ဖြစ်လာပြီး ဦးနှောက်ပျက်စီးမှု ဖြစ်လာစေနိုင်တာပါလို့ ဆိုပါတယ်။

အခုလို အိပ်ရေးဝအောင် အိပ်စက်မှုဟာ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေနိုင်မှုကို ကာကွယ်နိုင်တယ်၊ လျော့ကျစေနိုင် တယ်ဆိုတာကို သိလိုက်ရတဲ့အတွက် လာမယ့် နှစ် ၃၀အတွင်း ကမ္ဘာမှာ ဦးနှောက်အမြှေးရောင် ရောဂါသည် ၅.၇ သန်း လောက်ပဲ ရှိနိုင်တော့ပြီး ရောဂါအတွက် အသုံးပြုရမယ့် ရန်ပုံငွေလည်း ဒေါ်လာ ၃၆၇ ဘီလီယံလောက်ထိအောင် လျော့ချ လိုက်နိုင်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကျနော်တို့ကတော့ အခုလို ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်ချင်ရင် လူတိုင်း အိပ်ရေးဝအောင် အိပ်စက်ရုံနဲ့ ရောဂါကာ ကွယ်ပြီးသား ဖြစ်မှာပါ။

နောက်ထပ် လေ့လာချက်တခုမှာတော့ အိပ်စက်မှုတွေအတွင်း နေ့ခင်းအိပ်စက်မှုဟာ ညဘက် အိပ်စက်မှုလောက် မထိရောက် ဘူးလို့ ဆိုပါတယ်။ ဒါဆိုရင်တော့ ညဘက်မှာ မဖြစ်မနေ အိပ်ရေးဝအောင် အိပ်ဖို့ လိုအပ်လာမှာပါ။

အိပ်မောကျနေချိန်မှာ ဦးနှောက်ဟာ သူ့အပိုင်းအတွင်းက အဆိပ်အတောက် တချို့နဲ့ အခြား လိုအပ်တဲ့အပိုင်းတွေကို ပြင်ဆင် မှုတွေ အလိုအလျောက် လုပ်ဆောင်နေပြီး အိပ်မောကျအောင် အိပ်စက်မှု နည်းရင်တော့ အဆိုပါ လုပ်ဆောင်ချက်တွေ မလုပ် နိုင်တော့ဘဲ အချိန်ကြာလာရင် ဦးနှောက်က ထိန်းချုပ်နိုင်မှု အားနည်းလာပြီး ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။

ဒီလို အိပ်ချိန်နည်းမှု၊ အိပ်ရေးမဝမှုနဲ့ အိပ်မောကျအောင် မအိပ်စက်ခြင်းတွေကနေ အရင်ဆုံး ခံစားရမှာကတော့ စိတ်ဓာတ် ကျခြင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ အနည်းငယ် ရှိနေပေမယ့် အလိုလို စိတ်ဓာတ်ကျမှု များလာပါလိမ့်မယ်။ နောက်ပိုင်းမှာ စိတ်ကျရောဂါပုံစံ ခံစားလာရနိုင်ပြီး စိတ်ဖောက်ပြန်ခြင်းတွေ၊ မှတ်ဉာဏ်အားနည်းခြင်းတွေ၊ သတိမေ့ခြင်းတွေကနေ နောက် ဆုံး ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားလာနိုင်ပါတယ်။

ဒီနေရာမှာ အိပ်ချိန်ကို လုံလောက်အောင် ရယူဖို့နဲ့ အိပ်မပျော်တတ်သူတွေအနေနဲ့ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအ ကူအညီ ရယူ သောက်သုံးနိုင်သလို အိပ်ချိန်ကိုလည်း အသက်အရွယ်မရွေး ပျမ်းမျှ ၆နာရီ ဝန်းကျင် ရယူဖို့ သင့်တယ်လို့ဆို ပါတယ်။

Ref: www.edition.cnn.com

Loading