ကျနော်တို့အတွက် မျက်လုံးဟာ အရမ်းကို အရေးပါတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုပါ။ အမြင်အာရုံကို ပေးစွမ်းတယ်။ သွား လာနေထိုင် လုပ်ကိုင်မှုတွေကို အားလုံးကို အလင်းပေးသူပါ။
မျက်လုံးကွယ်နေခြင်းမဟုတ်သည့်တိုင်အောင် မျက်မှန် တပ်ရမယ်ဆိုရင် ပုံမှန်ထက်စာရင်တော့ မကောင်းပါဘူး။ ဒီတော့ ကျနော်တို့ မျက်လုံးကို အားကောင်းအောင် ဘယ်လို နေထိုင်ကြမလဲ။
(၁) ကောင်းကောင်းစားပါ
သင့်ရဲ့ မျက်လုံးအားကောင်းမှုက သင့်ရဲ့ နေ့စဉ်အစားအစာတွေအပေါ်မှာ မူတည်ပါတယ်။ အိုမီဂါ ၃ ဘက်တီအက်ဆစ်၊ လူ တိန်း၊ ဇင့်၊ ဗီတာမင်စီနဲ့ အီးတွေက မျက်လုံး ကြွက်သားတွေကိုရော အမြင်အာရုံကိုပါ အားကောင်းစေပါတယ်။
ကိုက်လန်၊ ပန်းပွင့်စိမ်းနဲ့ မုန်လာလို အစိမ်းရောင် ရင့်ရင့် အရွက်တွေကိုစားပါ၊ ဆော်လမွန်၊ တူနာနဲအခြား ပြည့်ဝဆီပါရှိတဲ့ ငါးတွေကို စားပါ၊ ကြက်ဥ၊ မြေပဲ၊ ပဲကြီးနဲ့ ပရိုတိန်းပြည့်ဝစာတွေကို စားပါ၊ လိမ္မော်သီးနဲ့ အခြား ဆက်ထရစ်အက်ဆစ်ပါရှိ အသီးတွေ ဖျော်ရည်တွေ သောက်ပါ။ မှို၊ ဝက်သားစားသုံးပေးပါ။
သတိပြုစရာကတော့ အဝလွန်ခြင်းက မျက်လုံးမွဲခြင်းကို ဖြစ်စေလို့ မဝအောင် နေထိုင်စားသုံုးပါ။
(၂) ဆေးလိပ်ဖြတ်ပါ
သင် ဆေးလိပ်သောက်ပါသလား။ အာရုံကြော ထိခိုက်ပျက်စီးမှုကို ပိုမို ဖြစ်စေပါတယ်။ အမျိုးသမီး ဆေးလိပ်သောက်သူတွေ က ပိုမို ထိခိုက်မှု ဖြစ်ပါတယ်။ ဆေးလိပ် အမြန်ဆုံး ဖြတ်လိုက်ပါ။
(၃) နေကာမျက်မှန်တပ်ပါ
နေရောင်ခြည်မှာ ပါရှိတဲ့ UV ကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးပစ္စည်းက နေကာမျက်မှန်ပါ။ ဒါပေမယ့် UV ကာကွယ်မှု ပမာဏများအောင် ဖန်တီးထားတဲ့နေကာမျက်မှန်တွေကိုသေချာရွေးချယ် ရှောင်ကြည်ပါ။ သူတို့က UV ကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပေမယ့် မျက်လုံးကြွက်သားတွေကို ထိခိုက်စေပါတယ်။ ၁၀၀ ရာခိုင်နှုန်း UV ကာကွယ်ရေးအားထည့်ထား တဲ့ မျက်မှန်တွေကအနေတော်ပါပဲ။ ပါဝါမျက်မှန်တွေမှာလည်း UV ကာကွယ်မှု ထည့်ရပါတယ်။ ထည့်သွင်းတပ်ဆင်ပါ။
(၄) မျက်လုံးကာကွယ်မှုပြုပါ
တကယ်လို့ သင့်အနေနဲ့ မျက်လုံးထဲကို အမှုန်၊ အစ ဝင်နိုင်မယ့် သံဖြတ်၊ ဝရိန်လို အလုပ်တွေကနေအခြားမျက်လုံးကို အန္တ ရာယ်ပေးနိုင်မယ့် အလုပ်တွေ လုပ်နေသူဆိုရင် အကာအကွယ် မျက်မှန်၊ ကာကွယ်မှု လုပ်ဆောင်ပါ။ အားကစားတွေမှာလည်း မျက်လုံးကို မှန်နိုင်တဲ့ အားကစားဆိုရင် သံဇကာလို အကာအကွယ်နဲ့ ကစားလေ့ကျင့်ပါ။
(၅) ကွန်ပျူတာကို အမြဲမကြည့်ပါနဲ့
ဖုန်း၊ ကွန်ပျူတာတွေကို အချိန်ကြာ ကြည့်ရှု အသုံးပြုခြင်းမလုပ်ပါနဲ့။ မျက်ကြောသေခြင်း၊ မျက်လုံးမွဲခြင်း၊ အရိပ်နှစ်ခု ကွဲ ထွက် မြင်စေခြင်း၊ မျက်ကြည်လွှာ ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်း၊ နောက်ကျော၊ ပခုံးနာကျင်ခြင်းနဲ့ ကြီး ပေါင်းတွေ ဖြစ်စေနိုင်ပါတယ်။
ဒီအတွက် အချိန်ကြာ ဖုန်း၊ ကွန်ပျူတာသုံးသူတွေက မှန်ကန်တဲ့ မျက်မှန် ပါဝါတပ်ဆင် အသုံးပြုပါ၊ အမြင်ပိုင်း မကောင်း ဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
ကွန်ပျူတာ၊ ဖုန်း မျက်နှာပြင်နဲ့ သင့်မျက်လုံး တတန်းတည်း ထားရှိ အသုံးပြုပါ၊ အလင်းပြန်သဘော ဖြစ်စေမယ့် ပြတင်း ပေါင်၊ မီးလုံးတွေကို မျက်နှာမူပြီး ကွန်ပျူတာ မသုံးပါနဲ့၊ သက်တောင့်သက်သာရှိမယ့် အနေအထားမှာ ထိုင်ပြီးသုံးပါ၊
မျက်ကြည်လွှာခြောက်လာရင် မျက်တောင် များများခပ်ပါ၊ ကွန်ပျူတာ၊ ဖုန်းကိုမိနစ် ၂၀ကြည့်ပြီးတိုင်း အကွာအဝေး ပေ ၂၀က အရာတွေကိုစက္ကန့်၂၀ ကြည့်ပေးပါ၊ ဖုန်း၊ ကွန်ပျူတာတဆက်တည်း ၂နာရီ သုံးပြီးတိုင်း သုံးနေရာကနေ ၁၅ မိနစ် အနားယူပေးပါ။
Ref: www.webmd.com