(၁) ဟောက်ခြင်း။ ။ အိပ်နေရင်း ပါးစပ်ဖွင့်အိပ်မယ်၊ ပါးစပ်နဲ့ အသက်ရှုမယ်ဆိုရင် သင့် အနေနဲ့ အာခေါင်တော့ ခြောက်စေ မှာပေါ့။ ပြီးတော့ ဘက်တီးရီးယား ပိုးမွှားတွေ ဝင်ရောက်ဖို့လွယ်စေပြီး ခံတွင်းနံ့ နံစေတဲ့ အပြင် ပါးစပ်နဲ့ အသက်ရှူလို့ ဟောက်သံတွေ ဆူညံလွန်းနေရင် ဘေးလူလည်း အိပ်ရတာ အဆင် မပြေစေပါဘူး။ သင့် အနေနဲ့ သွားတိုက်ဆေး၊ ကောင်းမွန် ထိရောက်မယ့် သွားပွတ်တံနဲ့ သွားနဲ့ ခံတွင်းကို သန့်စင်ပေးဖို့ လိုပါတယ်။(၁) ဟောက်ခြင်း။ ။ အိပ်နေရင်း ပါးစပ်ဖွင့်အိပ်မယ်၊ ပါးစပ်နဲ့ အသက်ရှုမယ်ဆိုရင် သင့် အနေနဲ့ အာခေါင်တော့ ခြောက်စေ မှာပေါ့။ ပြီးတော့ ဘက်တီးရီးယား ပိုးမွှားတွေ ဝင်ရောက်ဖို့လွယ်စေပြီး ခံတွင်းနံ့ နံစေတဲ့ အပြင် ပါးစပ်နဲ့ အသက်ရှူလို့ ဟောက်သံတွေ ဆူညံလွန်းနေရင် ဘေးလူလည်း အိပ်ရတာ အဆင် မပြေစေပါဘူး။ သင့် အနေနဲ့ သွားတိုက်ဆေး၊ ကောင်းမွန် ထိရောက်မယ့် သွားပွတ်တံနဲ့ သွားနဲ့ ခံတွင်းကို သန့်စင်ပေးဖို့ လိုပါတယ်။
(၂) သွားဖုံးရောဂါ ။ ။ သင့်ရဲ့ ခံတွင်း အနံ့မှာ ညှီဟောက်ဟောက် နံစော်စော် ဖြစ်နေပြီ ဆိုရင် သင့်ရဲ့ သွားဖုံးမှာ ရောဂါပိုး ရှိနေတာ သေချာနေပါပြီ။ အဆိုပါ ခံတွင်းနံ့ဟာ သင့်ကို အချက်ပြခြင်း တခုပါပဲ။ ဆေးလိပ်သောက်သုံးသူတွေ ဆိုရင် ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။ မိသားစုကိုလည်း ကူးစက်နိုင်တဲ့ အတွက် သွားဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။
(၃) လေချဉ်တက်ခြင်း ။ ။ တကယ်ကတော့ အစာအိမ် အချဉ်ပေါက်မှုကြောင့် ဖြစ်လာတဲ့ လေချဉ်တွေ ပါးစပ်ကနေ ထွက်လာတာ ဖြစ်ပါတယ်။ တခါတလေ အန်နိုင်ပါတယ်။ အန်လိုက်ပြီ ဆိုရင်တော့ ခံတွင်းပျက်သည်အထိ ဖြစ်နိုင်ပြီး တကယ်လို့ လေချဉ်တက်ပြီးတိုင်း အန်ပြီးတိုင်း ပါးလုပ်ကျင်းမယ်၊ သွားတိုက်ပေးမယ် ဆိုရင် အကောင်းဆုံးပါ။
(၄) ဆီးချို ။ ။ အစာထဲကနေ သကြားဓာတ် ရယူမှုနှုန်းမှာ ကိုယ်ခန္ဓာရဲ့ စုပ်ယူအား များနေပြီ ဆိုရင် ဆီးချိုဖြစ်ဖို့ ရာခိုင်နှုန်း များလာစေပါပြီ။ ဒါဟာ ဟော်မုန်းဓာတ် ထုတ်လွှတ်မှု နည်းခြင်းကြောင့် ဖြစ်ရတာပါ။ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါတော့။
(၅) ပိုင်လိုရီ ။ ။ သူက အစာအိမ်ကင်ဆာနဲ့ ဖက်ခွက်နာတွေကို အဓိက ဖြစ်စေတဲ့ ရောဂါပိုးပါ။ H. Pylori လို့ ခေါ်ပါ တယ်။ အရေပြားကနေ တဆင့် ဝင်ရောက်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ ထိအောင် ဖြစ်စေနိုင်ပါတယ်။ ဗိုက်နာတာတွေ၊ ခေါင်းကိုက်တာတွေ၊ အာရုံကြောအားနည်းချင်တာတွေ၊ အစာမကြေတာတွေ လက္ခဏာ ပြတတ်ပါတယ်။ ကံကောင်းတာ ကတော့ သတ်မှတ် ပိုးသတ်ဆေး သောက်လိုက်ရင် ပိုင်လိုရီကို သတ်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။
(၆) အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ။ ။ အအေးမိ၊ ချောင်းဆိုး၊ နှာစေးရောဂါတွေက ပါးစပ်နဲ့ နှာခေါင်းလို လေရှုတဲ့ နေရာတွေကနေ ဝင်ရောက် ကူးစက်ပါတယ်။ မသန့်တဲ့ ရောဂါပိုးပါ လေကို တကြိမ် ရှုမိလည်း ကူးစက်နိုင်ပါ တယ်။
(၇) ဆေးသောက်သုံးရခြင်း ။ ။ အချို့သော ဆေးဝါးတွေက အခံတွင်းကို ခြောက်စေပါတယ်။ နှလုံးရောဂါနဲ့ ဆက်စပ်ဆေးတွေ၊ ကင်ဆာ တိုက်ဖျက်ဆေးတွေ၊ အိပ်ဆေးတွေဆိုရင် အထူးသဖြင့် ရေဆာစေပါတယ်။ သင့် ကိုယ်တွင်း က ဗီတာမင် အများစုကို ယူသုံးသွားတတ်ပါတယ်။ ဒါဆိုရင် အဆိုပါ ဆေးတွေ သောက်နေရသူတွေ အနေနဲ့ လိုအပ်မယ့် ဗီတာမင် ဖြည့်စွက်စာတွေ ပိုစားပေးဖို့ လိုအပ်မှာပါ။
(၈) အာသီးရောင်ခြင်း ။ ။ အပူကြောင့် မဟုတ်တဲ့ အာသီးရောင်ခြင်းက ပါးစပ်တွင်း ရောဂါပိုး ဝင်လို့ ဖြစ်ပြီး ဒီအတွက် ထိရောက် မှန်ကန်တဲ့ သွားပွတ်တံကို သုံးပါ၊ လျှာခြစ်ကို သုံးပါ၊ သွားတွေ အပြင်လျှာကိုပါ သန့်စင်ပေးပါ။ ခံတွင်းကို သန့်စင်အောင် ထားပါ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ။
(၉) ရေဓာတ်ခမ်းခြောက်ခြင်း ။ ။ ရေကို လုံလောက်အောင် သောက်ပေးမှလည်း တံတွေးဂလင်းလည်း ပြည့်ဝအောင် ထွက်နေမှာပါ။ တံတွေးဂလင်းနည်းခြင်းက အသက်ရှုချိန်မှာပါ လေသန့်ရရှိမှု နည်းစေပါတယ်။ ရေဝအောင် သောက်သုံးပါ။
(၁၀) ကူးစက်ရောဂါ ။ ။ ပါးစပ်အတွင်း ပေါက်ပြဲ ပွန်းရှမှုတွေက ရောဂါပိုးတွေ အဝင်မြန်စေ လွယ်စေပါတယ်။ အထူးသဖြင့် သွားဖုံးနဲ့ သွားကူးစက်ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ သွားဆရာဝန်နဲ့ ပြသပါ။ ပိုးသတ်ဆေးလည်း သောက်နိုင်ပါတယ်။ ပေါက်ပြဲ ပွန်းရှမှု ဖြစ်နေချိန် အတတ်နိုင်ဆုံး ခံတွင်းကို သန့်စင်အောင် ထားပါ။
(၁၁) အသည်းအားနည်းခြင်း ။ ။ အသည်းက ကောင်းကောင်း အလုပ် မလုပ်တော့ဘူး ဆိုရင် ခံတွင်းနံ့မှာလည်း ချိုရဲရဲ အနံ့ရလာတတ်ပါတယ်။ အသားတွေ ဝါချင်လာတယ်၊ မျက်လုံး အဖြူသားတောင် ဝါချင်လာပါတယ်။ ဘီလီရူဗင် ဆိုတဲ့ ရောင်ခြယ်ဆဲလ်ဖြစ်တည်မှုကြောင့် အသားတွေ ဝါလာတာ ဖြစ်ပြီး အသည်းအားနည်းရင် အသားဝါလာစေပါတယ်။
(၁၂) ကျောက်ကပ်အားနည်းခြင်း ။ ။ ကျောက်ကပ်အားနည်းရင် သင့်ရဲ့ ခံတွင်းနံ့ဟာ ညှီဟောက်ဟောက် ဖြစ်လာပါ တယ်။ ကျောက်ကပ်ဆိုင်ရာ ရောဂါတခုခု ဖြစ်နေဖို့ များပါတယ်။ ကျောက်ကပ် အစားထိုး ကုသမှုတွေ အခြား ခွဲစပ်မှုတွေ ဆေးသောက်သုံးမှုတွေ လိုအပ်နေပါပြီ။ ။
Ref: www.webmd.com