30 July 2017ချစ်ဖေ (တောင်တွင်းမြေ)
Health

အမျိုးသားတွေ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ နည်းစေဖို့

Want create site? Find Free WordPress Themes and plugins.

အမျိုးသားတွေရဲ့လိင်စိတ်ဖြေဖျောက်မှုနဲ့ ပတ်သက်ပြီး တကယ်တော့ သုတ်လွှတ်မှုအပိုင်းမှာ ကိုယ်ကိုယ်တိုင် စိတ်ဖြေ သိမ့် မှုနဲ့အတူ လက်ကို အသုံးပြုပြီး သုတ်လွှတ်စေမှုလည်း ဖြစ်စေနိုင်သလို အခြား လိင်ဆက်ဆံမှုအနေအထားမှာလည်း သုတ် လွှတ်မှု ရှိစေနိုင်ပါတယ်။

အခု နောက်ဆုံး ဟားဗက်တက္ကသိုလ်ရဲ့လေ့လာချက်တွေအရ အမျိုးသားတယောက်အနေနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင် ခြေကို အကောင်းဆုံး ကာကွယ်တားဆီးနိုင်ဖို့အတွက် တလကို အနည်းဆုံး သုတ်လွှတ်မှု ၂၁ ကြိမ် အနည်းဆုံး လိုအပ်တယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေအရတော့ မကြာခဏ သုတ်လွှတ်တတ်သူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို ရာခိုင်နှုန်း သုံးချိုး တချိုးလောက်ထိအောင် လျော့နည်းစေတာလည်း ဖြစ်ပါတယ်။

အခု လေ့လာချက်မှာ အမျိုးသားပေါင်း ၃၁၉၂၅ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပြီး အနည်းဆုံး အသက် ၁၈နှစ်နဲ့ အထက် ရှိသူတွေကိုပဲ လေ့လာခဲ့တာဖြစ်ပြီး အထူးသဖြင့်တော့ အသက် ၂၀ကနေ ၂၉နှစ်အတွင်း အုပ်စုနဲ့ အသက် ၄၀ကနေ ၄၉နှစ် အတွင်း ရောဂါဖြစ်နိုင်ခြေများလာတဲ့ အသက်အရွယ်ရှိ အုပ်စုတွေကို အလေးထား လေ့လာချက် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် သဘာဝအတိုင်း နေထိုင်မှုနဲ့ စိတ်ကျေနပ်မှု ရှိခြင်းဟာ ကင်ဆာ ဖြစ်နိုင်ခြေကို အကောင်းဆုံး လျော့ကျ ထိန်းချုပ် နိုင်လာစေတာ တွေ့ရပြီး အချို့တွေမှာ သဘာဝလွန် လိင်ဆန္ဒနဲ့ သုတ်လွှတ်မှု နည်းပါးတဲ့သူတွေအတွက်ကတော့ ကင်ဆာ ဖြစ် နိုင်ခြေ ပိုများနိုင်တယ်ဆိုတာ သိရှိလာရတာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကင်ဆာ အဖွဲ့အစည်းရဲ အဆိုအရတော့ အမေရိကန်မှာ အမျိုးသား ၇ယောက်မှာ ၁ယောက်ဟာ ဆီး ကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်းက ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ပွားနေသူ ၁၆၁၃၆၀ ထဲကနေ ၂၇၀၀၀ခန့် သေဆုံးခဲ့တယ်လို့လည်း စာရင်းတွေ အရ သိရပါတယ်။

ဒီထဲကမှ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားသူ အားလုံးရဲ့ ၈၅ရာခိုင်နှုန်းဟာ အသက် ၆၅နှစ်နဲ့ အထက်မှာမှ စတင် ဖြစ်ပွားခဲ့ကြ တာ ဖြစ်ပြီး အဆိုပါ ရောဂါခံစားနေရသူတွေအနေနဲ့လည်း ငယ်စဉ်အချိန်မှာ သုတ်လွှတ်မှု နည်းပါးတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ တွေ့ရှိချက်အရတော့ အသက်အရွယ်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေလည်း ပိုများလေလေ ဖြစ် လာတာ တွေ့ရပါတယ်။

လေ့လာသူတွေကတော့ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အခုချိန်ထိအောင် ကုသပေးနိုင်မှု မရှိသေးတာကြောင့် အကောင်းဆုံး အနေနဲ့ ကာကွယ်မှု လုပ်ဆောင်ဖို့သာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုသလို အခုလို သဘာဝအတိုင်း သုတ်လွှတ်မှုကို တလ ၂၁ ကြိမ်ထက် မနည်းအောင် နေထိုင်ရင်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျော့ချ ကာကွယ်ထားသင့်တယ် လို့ ဆိုပါ တယ်။

ဒါအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု၊ လေ့ကျင့်ခန်း လုပ်ဆောင်မှုနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးချက် တွေ လုပ်ဆောင်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: www.primiciadiario.com

Did you find apk for android? You can find new Free Android Games and apps.
Loading