ဘယ်အရာမှ အလွန်အကျွံဆိုတာ မကောင်းပါဘူး။ သဘာဝကနေ ပေးလာတဲ့ လိင်ဆက်ဆံမှုမှာလည်း လုံး၀ မဆက်ဆံလို့ လည်း ကျန်းမာရေးအတွက် မကောင်းသလို လိင်ဦးစားပေးပုံစံ နေလို့လည်း ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။
ဒါဆို ကျနော်တို့ သဘာဝအတိုင်း လိင်ဆက်ဆံမှု ပြုရာမှာ အလွန်အကျွံ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီအောင် ဘယ်လိုနေထိုင် ကြမလဲ။
(၁) လိင်ဆက်ဆံမှုစွမ်းဆောင်ရည်ဟာ မိမိ စားသုံးတဲ့အာဟာရအပေါ် မူတည်မှု ရှိပါတယ်
အာရုံကြောစနစ် ကောင်းမွန်နေရမယ်၊ ဟော်မုန်းထုတ်လွှတ်မှု ကောင်းရမယ်၊ တင်ပါးဆုံရိုးပိုင်း သွေးစီးဆင်းမှု အားကောင်း ရမယ်၊ ဒီအချက်တွေက ပြည့်ဝတဲ့ လိင်ဆက်ဆံမှုကောင်းကို ပေးနိုင်မှာပါ။ ဒီအတွက် ပဲမျိုးစုံ၊ ဂျုံနဲ့ ဖန်တီးထားတဲ့ အစား အ စာတွေ၊ အသီးအရွက်တွေ စားသုံးပေးမယ်ဆိုရင် အဆိုပါ စနစ်တွေ အားလုံးကောင်းမွန်မှာ ဖြစ်ပြီး လိင်ဆက်ဆံမှု ရှိသူတွေ အနေနဲ့ ဦးစားပေး စားသုံးပေးသင့်ပါတယ်။
(၂) ဗီတာမင်E နဲ့ လိင်ဆက်ဆံမှု
ဆေးပညာပိုင်းမှာ လက်တွေ့စမ်းသပ်ချက် ရလဒ်တွေ ထွက်ရှိထားတာ မတွေ့ရပေမယ့်ကျန်းမာရေး ပညာရှင်တိုင်းကတော့ ဗီတာမင် E ပြည့်ဝအောင် မရှိတဲ့သူတွေဟာ လိင်ဆက်ဆံမယ်ဆိုရင် သာယာမှုထက် ဝေဒနာကိုပဲ ခံစားရလိမ့်မယ်လို့ ဆိုပါ တယ်။ ဗီတာမင်E ကို ဆီ၊ ထောပတ်ဆီ၊ အခွံမာသီး၊ အစေ့စုံ၊ အစိမ်းရောင်ရှိ အသီးအရွက်တွေနဲ့ ဂျုံတွေကနေ ရနိုင်ပါတယ်။
(၃) လိင်မှု မသာယာခြင်း
အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေက လိင်ဆက်ဆံမှုကို သာယာမှု လျော့နည်းစေပါတယ်။ သံဓာတ်ချို့တဲ့ခြင်းနဲ့ ကိုယ်လက် လေ့ ကျင့်ခန်း နည်းပါးရင်လည်း အဝလွန်နိုင်ပါတယ်။ စိတ်ဖိစီးမှုကတော့ အလုပ်တာဝန်တွေကြောင့် အဖြစ်များပါတယ်။ အဝမ လွန်အောင် လေ့ကျင့်ခန်းလုပ်၊ စိတ်ဇိစီးမှု လျော့နည်းအောင်နေ၊ သံဓာတ် ပြည့်ဝအောင် အသား၊ ငါး၊ အခွံမာရှိတဲ့ ရေနေသ တ္တဝါ၊ အခွံမာသီး၊ အစေ့စုံ၊ ပဲမျိုးစုံ၊ နှံစားပြောင်း၊ အရွက်များတဲ့ အသီးအရွက်၊ အသီးခြောက်တွေကို စားသုံးပေး ရင် လိင်မှု ရေးရာ သာယာပါလိမ့်မယ်။
(၄) ဇင့်ဓာတ် မလုံလောက်ရင် သုတ်ဖြစ်တည်မှု အားနည်းစေတယ်
ကလေးတွေမှာ ဇင့်ဓာတ် မလုံလောက်ရင် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျတတ်ပါတယ်၊ အရွယ်ရောက် အမျိုးသားတွေ မှာလည်း ဇင့်ဓာတ် အားနည်းရင် သုတ်ဖြစ်တည်မှု နည်းပါးလေ့ ရှိပါတယ်။ ပင်လယ်စာတွေထဲက ယောက်သွား၊ ကမာလို အစာတွေ၊ အသားတွေ၊ အိမ်မွေးကြက်တွေ၊ အသည်းတွေ၊ ဥတွေ၊ နွားနို့၊ ပဲကြီး၊ အခွံမားသီးနဲ့ ဂျုံတွေမှာ ဇင့်ဓာတ်ပါ ဝင်မှု ပိုမိုပြီး အလေးထား စားပေးသင့်ပါတယ်။
(၅) ဆီစားလျော့ပါ
လူအများစုက အသက်အရွယ်ကြီးလာတာနဲ့ အမျှ ဆီစားများလာသလို လေ့ကျင့်ခန်းလုပ်ဆောင်မှု နည်းပါးလာပါတယ်။ ဆီ စားများမှုက သွေးတွင်း ကိုလက်စထရောကို မြင့်စေတယ်၊ နောက်ဆက်တွဲအနေနဲ့ သွေးကြောတွင်း အဆီတည်မှု ဖြစ်လာစေ ပါတယ်။
အဝလွန်ခြင်း၊ အဆီစားများခြင်းကြောင့် သွေးကြောတွင်း အဆီထိုင်ခြင်းတွေဟာ အမျိုးသားတွေရဲ့လိင်အင်္ဂါကို ထောင်မတ် မှု အားနည်းသည်ထိအောင်ပါ ဖြစ်စေနိုင်ပါတယ်။ အဆီလျော့စားဖို့ လိုအပ်ပါတယ်။
(၆) အရက်လျော့ပါ၊ ဆေးလိပ်ဖြတ်ပါ
အရက်ဟာ လိင်စိတ် အာရုံခံမှုကို သိသိသာသာ လျော့နည်းစေပြီး ပြည့်ဝအောင် သာယာမှု မဖြစ်စေနိုင်တော့ပါဘူး။ အရက် အလွန်အကျွံ သောက်သုံးမိပြီဆိုရင် လိင်ဆက်ဆံနိုင်ဖို့တောင် မရှိတော့ပါဘူး။ ဒီအတွက် အရက်ကို လျှော့ပါ၊
ဆေးလိပ်မှာ ပါရှိတဲ့ နီကိုတင်း ဓာတ်ကလည်း သွေးကြောကျဉ်းမှုတွေက အစ နောက်ဆုံး လိင်ပိုင်းဆိုင်ရာ အမျိုးသားလိင် အင်္ဂါ သွေးကြောထိအောင်ပါ ကျဉ်းစေပြီး သွေးလှည့်ပတ်မှု မမှန်ဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာ အကောင်းဆုံးပါ။
(၇) ပုံမှန် ဆက်ဆံမှု ပြုပါ
မကြာခဏ လိင်ဆက်ဆံခြင်းဟာ အိမ်ထောင်ရေး သုခကို ပိုမို ပြည့်စုံစေပါတယ်။ လိင်ဆက်ဆံချိန်မှာ ထွက်ရှိလာတဲ့ ဟော် မုန်း Prolactin ကလည်း သင့်ကို အိပ်လို့ ပိုပျော်စေပါတယ်။
လိင်ဆက်ဆံမှုက စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါသေးတယ်။ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ဆောင်သလို သဘော လည်း ဖြစ်စေလို့ လိင်ပုံမှန်ဆက်ဆံမှု ပြုပါ၊ လူလည်း ကျန်းမာ၊ စိတ်လည်း ပျော်ပြီး အိမ်ထောင်ရေးလည်း ပိုမို သာယာပါ လိမ့်မယ်။
Ref: www.edmunds.com