သွေးတိုးသမားတယောက်အတွက် အကောင်းဆုံး ပြုမှုရမယ့် ပုံစံ ၃ခုရှိပါတယ်။ ပထမတခုက အစားအသောက် မှန်ရမယ်၊ ထိန်းသင့်တာ ထိန်း၊ စားသင့်တာ စားပေါ့၊ နောက်တခုက ကိုယ်လက်လှုပ်ရှားမှုနဲ့ အကောင်းဆုံး နေထိုင်ကျင့်ကြံမှု၊ နောက် ဆုံးတခုက ဆေးသောက်သုံး၊ ဆရာဝန်နဲ့ ပြသမှုတွေ ဖြစ်ပါတယ်။
အခု ကျနော်က သွေးတိုးရှိသူတွေအတွက် အစားအသောက်အပိုင်းလည်း မဟုတ် ဆေးခန်းလည်း ပြေးစရာမလိုမယ့် အိမ်မှာ တင် ဘယ်လို အကောင်းဆုံး နေထိုင်သင့်တယ်ဆိုတာ ပြောပြချင်ပါတယ်။
(၁) လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ
သွေးတိုးသမားတွေက သွေးတိုးချိန်တွေမှာ သက်တောင့်သက်သာဖြစ်အောင် ပိုနေလေ့ရှိပါတယ်။ ဒါဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း မရှိလို့ ခံစားရမှုပါ။ ပုံမှန် လေ့ကျင့်ခန်း၊ လမ်းလျှောက်တာတွေ၊ ပြေးတာတွေ၊ အလေးမတာတွေ၊ စတဲ့ လေ့ ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှုက သွေးပေါင်ကို ကျစေတယ်၊ အလေးချိန်လည်း တက်မလာစေဘူး၊ စိတ်ဖိစီးမှုကိုလည်း လျော့နည်း သက်သာစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
တပတ်ကို ၇၅ မိနစ်ကနေ မိနစ် ၁၅၀ အတွင်း အနည်းဆုံး ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ဆောင်ပေးပါ။ မိမိစိတ် ကြိုက် လေ့ကျင့်ခန်းပုံစံ ရွေးချယ် လှုပ်ရှားနိုင်ပါတယ်။
အကောင်းဆုံးကတော့ အပြေး၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ဘောလုံး၊ ဘတ်စကတ်ဘော လို အားကစားတွေ ကစားပေးတာ ကောင်းပါတယ်။
ကိုယ်ခန္ဓာသန်မာမှုအတွက်လည်း အလေးမပေးပါ။ တပတ်ကို အနည်းဆုံး ၂ ကြိမ်လောက် အလေးမပါ။ အရိုးတွေလည်း သန် မာစေသလို ကြွက်သားတွေလည်း အားကောင်းစေပါတယ်။
(၂) အရက်သောက်သုံးမှုကို လျှော့ပါ
အရက်သောက်သုံးမှုဟာ နှလုံးကို အားနည်းစေပါတယ်။ အဝလွန်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ အသောက်လျှော့ခြင်းနဲ့ အတူ သွေးတိုးကိုလည်း ကာကွယ်လျှော့ချနိုင်ပါတယ်။ အသက် ၆၅ နှစ်နဲ့ အထက်ရောက်ပြီ ဆိုတာနဲ့ တပတ်မှာ တရက် ထက် အရက် ပို မသောက်သင့်ပါဘူး။ နေ့တိုင်း သောက်တတ်တယ်ဆိုရင်လည်း တရက်ကို ၂ ပက်ထက် ပိုမသောက်သင့် ပါဘူး။ တပက်ဆိုတာ ဘီယာဆိုရင် ၁၂အောင်စ၊ ဝိုင်ဆိုရင် ၅အောင်စ၊ အရက်ပြင်းဆိုရင် ၁.၅အောင်စကို ဆိုလိုတာပါ။
(၃) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို ကျဉ်းစေပါတယ်။ သွေးတိုးဖို့ လွယ်စေပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လမ်း ညွှန်ချက်အတိုင်း လုပ်ဆောင်ပါ၊ အကောင်းဆုံးက ဆေးလိပ်ဖြတ်ပါ။ နီကိုတင်း အစားထိုးဆေးတွေ စားပြီး လိုအပ်ရင် ဆေး လိပ်ဖြတ်ပါ။
(၄) လမ်းဘေးဆေး (အလွယ်)မသုံးပါနဲ့
ဆေးတခုခု သောက်ပြီးတိုင်း သွေးတိုးတယ်ထင်ရင် ဘယ်ဆေးသောက်တယ်ဆိုတာ ပြောပြပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင့် လျော်တဲ့ အခြားဆေးကို ပေးပါလိမ့်မယ်။ ဖျားနာမှုကြောင့် စပ်ဆေးလို အလွယ်ဆေး သောက်သုံးမှုကြောင့် သွေးတိုးမှု ဖြစ် တတ်ပါတယ်။
အဆိုပါ ဆေးသောက်ပြီး သွေးတိုးရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားဆေး ပြောင်းသောက်ပါ။ ကိုကင်းနဲ့ မက်သာဖီတမင်းလို ဆေးတွေက သွေးတိုးစေပါတယ်၊ ကိုယ်ဝန်တားဆေးတွေကလည်း သွေးတိုးစေပါတယ်၊ အအေးမိ ဖျားနာပျောက်ဆေး တ ချို့ကလည်း သွေးတိုးစေပါတယ်၊ ကူးစက်ရောဂါ ပျောက်ဆေးတွေကလည်း ပြင်းပြီး သွေးတိုးစေတတ်ပါတယ်။ ဆေး သောက်ပြီး သွေးတိုးရင် ဆရာဝန်ကို ပြောဖို့ တိုင်ပင်ဖို့ မမေ့ပါနဲ့။
(၅) စိတ်ဖိစီးမှုကို လျော့ကျအောင် နေပါ
စိတ်ဖိစီးမှုဟာ သွေးတိုးသမားတွေ၊ နှလုံးရောဂါသမားတွေအတွက် ကြောက်စရာ ကောင်းပါတယ်။ စိတ်ဖိစီးမှု လျော့နည်း အောင်နေပါ။ ယောဂ ကျင့်နိုင်တယ်၊ တရားထိုင်နိုင်တယ်၊ သီချင်းနားထောင်နိုင်တယ်၊ အသက်ရှူ လေ့ကျင့်ခန်းတွေ လုပ် ပေးနိုင်တယ်၊ ဟာသဇာတ်ကားတွေ ကြည့်နိုင်တယ်၊ ဒီနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချနိုင်မှာ ဖြစ်ပါ တယ်။
Ref: www.wikihow.com