Health

သက်သတ်လွတ်သမားတွေကို အမျိုးသမီးများ ပို စိတ်ဝင်စား

Want create site? Find Free WordPress Themes and plugins.

နည်းနည်းတော့ အထူးဆန်းသားဗျ။ သက်သတ်လွတ်လို့ ခေါ်တဲ့ အလွယ်ပြော အသားမစားသူတွေက မိန်းက လေးတွေရဲ့ ပိုမို သဘောကျ နှစ်သက်ခြင်းကို ခံရမယ်ဆိုတာလေ။
ဘာကြောင့်များပါလဲ၊ သူတို့မှာ ကြင်နာသနားတတ်တဲ့ စိတ်သဘောထားရှိတယ် ထင်ကြလို့ မိန်းကလေးတွေက ပိုမို နှစ်သက် ကြတာလား။

ဒါဆိုရင် မိန်းကလေးတွေ ရှေ့မှာကိုပဲ အသီးအနှံတွေကို စားပြရမှာလား၊ ကိုယ်တိုင်က သက်သတ်လွတ်သမားတယောက်ပါ လို့ မိန်းကလေးတွေသိအောင် ကြော်ငြာနေရမှာလား၊ တကယ်တော့ မဟုတ်ပါဘူး။

သက်သတ်လွတ်သမားတွေ၊ အလွယ်ပြောရရင် အသားမစားဘဲ အသီးအနှံ ဦးစားပေးစားသုံးသူတွေရဲ့ကိုယ်နံ့ က မိန်း က လေးတွေကို ဆွဲဆောင်နိုင်မှု ပိုများတာ ဖြစ်ပါတယ်။ ဒါက အခု နောက်ဆုံးလေ့လာချက်တွေနဲ့အတူ သိလာရတဲ့ တွေ့ရှိချက် တခုပါ။

အဆိုပါ တွေ့ရှိချက် ရလဒ်က ၂ခုပါ။ ပထမတခုက အထက်မှာ ပြောသလို အသားမစားတဲ့အမျိုးသားတွေရဲ့ ကိုယ်နံ့ကို အမျိုး သမီးတွေက ပိုမို နှစ်သက်ကြတယ်။

နောက်တချက်ကတော့ တကယ်လို့ နှစ်ကိုယ်ကြားအနေအထား တွေ့ဆုံလာပြီဆိုရင်တောင်မှ အဆိုပါ အသားမစားသူတွေရဲ့ ကျော့ကွင်းကနေ အမျိုးသမီးတွေအနေနဲ့ ရုန်းမထွက်နိုင်လောက်အောင် ဆွဲဆောင်မှု ရှိစေတယ်၊

လှုံ့ဆော်စနစ်တွေ အကောင်းဆုံး နိုးကြားပြီး အမျိုးသမီးတွေကို ပြီးပြည့်စုံတဲ့အထိအတွေ့နဲ့ ပြီးမြောက်ခြင်းကို ပေးစွမ်းနိုင် လာတယ်လို့ သိရပါတယ်။

တကယ်တော့ ကိုယ်နံံ့ရယ် မဟုတ်ပါဘူး၊ အနံ့ဆိုတာ အမျိုးသမီးတွေကို အကောင်းဆုံး ဆွဲဆောင်နိုင်တဲ့အရာ တခုပါလို့ သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ်က လေ့လာသူ Ian Stephen က ပြောပါတယ်။

ဒီလို အနံ့ကို ပိုမိုနှစ်သက်တဲ့ အမျိုးသမီးတွေအတွက်ကတော့ အမျိုးသားတယောက်ရဲ့ ချွေးနံ့နဲ့ကိုယ်နံ့က အ ဆိုပါ အမျိုး သားရဲ့ကျန်းမာရေးအခြေအနေကိုလည်း သိသာ ရိပ်မိစေနိုင်သလို အမျိုးသမီးတွေကိုလည်း ပိုမိုဆွဲဆောင်မှု ပေးနိုင်လာတာ တွေ့ရပါတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

Stephen နဲ့ အဖွဲ့က အခု လေ့လာချက်မှာ ကျန်းမာသန်စွမ်းပြီး အစားစုံ စားသုံးနေတဲ့ အမျိုးသားတွေကို ချွေးခံ အားကစားဝတ်စုံတွေ ဝတ်ဆင်ပြီး လေ့ကျင့်ခန်း လုပ်ဆောင်စေတယ်။

ပြီးတော့မှ အဆိုပါ ဝတ်စုံတွေကို ရယူပြီး အမျိုးသမီးတွေကို အနံ့ခံကာ စစ်တမ်းကောက်ယူမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဆို ပါစစ်တမ်းအရ အမျိုးသမီးတွေဟာ အသားစားသုံးမှု နည်းသူ၊ အသီးအနှံစားသုံးမှုများတဲ့ အမျိုးသားတွေရဲ့ချွေးနံ့ကို ပိုမို သဘောကျ နှစ်သက်ကြသလို အာရုံခံမှု ပိုများတာကို တွေ့လာရတာ ဖြစ်ပါတယ်။

ကျနော်တို့က အဲဒီလို အမျိုးသမီး တဦးတယောက်ချင်းစီ သဘောကျတဲ့ ချွေးနံ့ကိုတောင်မှ ဘယ်လောက် သဘောကျသလဲ ဆိုတဲ့အဆင့် ပြန်ပြီး ခွဲခြား စစ်တမ်းကောက်ခဲ့ပါသေးတယ်လို့ Stephen က ဆက်ပြောပါ တယ်။

ရလဒ်ကတော့ အမျိုးသမီးတွေဟာ အသီးအနှံ အစားများတဲ့ အမျိုးသားတွေရဲ့ချွေးနံ့ကိုပဲ အကြိုက်ဆုံးနဲ့ အစွဲမက်ဆုံးအနေ အထား ထပ်တွေ့လာရပြန်ပါတယ်။

၂၀၀၆ခုနှစ်က လုပ်ဆောင်ခဲ့ဖူးတဲ့ စစ်တမ်းတစ်ခုမှာလည်း အသီးအနှံ အစားများတဲ့ အမျိုးသားတွေရဲ့ကိုယ်နံ့ ဟာ အမျိုး သမီးတွေအတွက် ပိုမို နှစ်သက်မှု ဖြစ်စေတယ်လို့ တွေ့ရှိဖူးတာကြောင့် အခု Stephenနဲ့ အဖွဲ့ရဲ့လေ့လာမှုကလည်း သက် သတ်လွတ်သမားတွေကို အမျိုးသမီးများ စိတ်ဝင်စားတယ်ဆိုတာ ပိုပြီး သေချာစေလာပါတယ်။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading