Health

ဆေးလိပ် ဖြတ်ဖို့ နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

ဆေးလိပ်သောက်တတ်သွားပြီဆိုရင် ပြန်ဖြတ်ဖို့ဆိုတာ တော်တော်မလွယ်ကြပါဘူး။ ဆေးလိပ်ဖြတ်နှုန်းတွေကို လေ့လာ ကြည့်သလောက် လူ ၃၀မှာ ၁ယောက်လောက်ပဲ ဆေးလိပ်ပြတ်သွားတယ်လို့လည်း သိရပါတယ်

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ FDA က ဆေးလိပ်ထုတ်လုပ်သူတွေကို ဆေးလိပ်တလိပ်မှာ နီကိုတင်း ပါဝင်မှုပမာဏကို ထိန်းချုပ်ထုတ်လုပ်ဖို့ ပြင်ဆင်မှုတွေ စတင် ဆောင်ရွက်လာတာတော့ တွေ့ရပါတယ်။

အကြောင်းကတော့ လူတယောက်ကို ဆေးလိပ်စွဲလမ်းမှု ဖြစ်စေနိုင်တဲ့ နီကိုတင်းဓာတ်ကို လျှော့လိုက်ရင် ဆေးလိပ်ဖြတ်လွယ် မယ်လို့ ယူဆတဲ့အတွက်ကြောင့်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေကလည်း နီကိုတင်းပါဝင်မှုနည်းပါးတဲ့ ဆေးလိပ်တွေကို သောက်သုံးသူတွေက ဆေးလိပ်ဖြတ်ဖို့ လွယ်တယ် လို့ လေ့လာတွေ့ရှိလာတာကြောင့် အခုလို ဆေးလိပ်ထဲမှာ နီကိုတင်းပါဝင်မှု လျှော့ချကန့်သတ်ဖို့ ပြင်ဆင်နေတာပါ။

New England Journal of Medicine ကို FDAရဲ့တာဝန်ရှိသူ Scott Gottlieb က ပြောကြားချက်မှာတော့ လျှပ်စစ်ဆေး လိပ်(အီး စီးကရက်) တွေကို အစားထိုး သောက်သုံးစေခြင်းကနေ ဖြစ်စေ ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ထဲက နီကိုတင်း သောက်သုံးမှု လျော့နည်းအောင် ဆောင်ရွက်ရမယ်။

ဒါဆိုရင် ကာယကံရှင်ကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့ လွယ်သွားပါလိမ့်မယ်လို့ ရှင်းပြတာ တွေ့ရပါတယ်။

အခုတော့ နိုင်ငံတကာအနေအထားမှာ ဆေးလိပ်သောက်သုံးသူ အရေအတွက် လျော့ကျအောင် ကြိုးစားနေမှုအပိုင်းမှာ ကျ နော်တို့နိုင်ငံက ပြည်သူတွေလည်း ဆေးလိပ်ဖြတ်မယ်ဆိုရင် ဘယ်လို အကောင်းဆုံး ဖြတ်သင့်သလဲဆိုတာကို သိရအောင် ဆေးလိပ်ဖြတ်နည်းကို ပြောထားတဲ့ ဝိုက်ကွန်ဆင်တက္ကသိုလ်၊ ဆေးရွက်ကြီးဆိုင်ရာ လေ့လာစမ်းသပ်ရေးအပိုင်းက ဒေါက် တာ Michael Fioreရဲ့လမ်းညွှန်ချက်လေးတွေကို ပြောပြချင်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ပြင်ဆင်ပါ

စိတ်ထဲမှာ ဆေးလိပ်ဖြတ်မယ်လို့ အမြဲတွေးထားခြင်းကို ဆိုလိုတာပါ။ ဆေးလိပ်သောက်မယ် စဉ်းစား၊ မီးညှိတိုင်း ဆေးလိပ် ဖြတ်မယ်ဆိုတဲ့ အသိကို သတိရနေစေဖို့ လိုအပ်ပါတယ်။

အဲဒီအတွက် မိမိကိုယ်တိုင်အတွက် ဖြစ်စေ၊ မိသားစုဝင်ထဲက အခြေအနေတခုကြောင့် ဖြစ်စေ ဆေးလိပ်ဖြတ်ဖို့ မဖြစ်မနေ လို အပ်တယ်ဆိုတဲ့အသိတခု ထည့်ထားဖို့ လိုအပ်ပြီး ဥပမာ ငါ့မှာ အဆုတ်ရောဂါ ဖြစ်နေပြီ၊ ဆေးလိပ်သောက်ရင် ရောဂါ ပိုဆိုး လိမ့်မယ်၊ ဒါမှမဟုတ် ငါ့သားကလေးက ဆေးလိပ်ငွေ့တွေ ရှူမိရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်ဆိုတဲ့အကြောင်းပြချက် တ ခုခု ရှာပြီး ဆေးလိပ်ဖြတ်ဖို့ စဉ်းစားပါ။

နီကိုတင်း အစားထိုး ပစ္စည်းသုံးပါ

ဆေးလိပ်ကို ချက်ချင်း ဖြတ်တာထက် အခြားအစားထိုး အရာတခုခုနဲ့ ဖြတ်တာ ကောင်းတယ်လို့ ဆိုပါတယ်။ ဥပမာ ပီကေ စားတာမျိုးပေါ့။ ဆေးရွက်ကြီးမှာ တွေ့ရတဲ့ နီကိုတင်းလို စွဲလမ်းမှု ဖြစ်စေတဲ့ဓာတ်ကို ပါးစပ်အတွင်း ပီကေလို တခုခု ထည့် သွင်းစားသုံးနေခြင်းပုံစံနဲ့ အကူအညီယူ ဖြတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးလိပ်ဖြတ်ဆေး သုံးနိုင်တယ်

ဆေးလိပ် စတင် ဖြတ်ခါစ လအနည်းငယ်တွေမှာ CHANTIXလို့ လူသိများတဲ့ Vareniclineလို ဆေးတွေကို သောက်သုံးနိုင် ပါတယ်။ Zyban လည်း သုံးနိုင်ပါတယ်။ ဒီဆေးတွေက ဆေးလိပ်ကနေ ရရှိတဲ့ နီကိုတင်းဓာတ်ကို ဦးနှောက်က စွဲလမ်းမှု မခံ စားရလေအောင် တားဆီးပေးတဲ့ဆေးတွေ ဖြစ်ပါတယ်။

ဆွေးနွေးတိုင်ပင်ပါ

ပညာရှင်နဲ့ ဖြစ်စေ၊ မိမိ သူငယ်ချင်းနဲ့ ဖြစ်စေ၊ ဆေးလိပ်ဖြတ်နေသူ အချင်းချင်း ဖြစ်စေ၊ ဘယ်လို ခံစားရတယ်၊ နေထိုင်ဆင် ခြင်တယ်၊ အဆင်ပြေတယ်၊ မပြေဘူးဆိုတာတွေကို အတွေ့အကြုံချင်း ဖလှယ်ပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

Chat ပါ

တကယ်တော့ စာတို ပေးပို့မှုကို ပြောတာပါ။ ကျနော်တို့ဆီမှာတော့ Chat ဆိုရင် လူတိုင်း သိတာကြောင့် Chat ပါလို့ ပြော လိုက်တာပါ။

အင်္ဂလန်အခြေစိုက် စာတိုပေးပို့မှုဆိုင်ရာ လေ့လာရေးအဖွဲ့က လူတယောက်အနေနဲ့ စာတိုပေးပို့နေချိန်တွေမှာ စိတ်ဝင်စားမှု အပိုင်းကို လေ့လာခဲ့ပြီး ဆေးလိပ်သောက်ချင်စိတ်ကို မေ့နေလောက်အောင် စာတိုပေးပို့မှုအပိုင်းမှာ စိတ်ဝင်စားမှု ရှိနိုင်တာ ကြောင့် ဆေးလိပ်သောက်ချင်တိုင်း စိတ်ပြောင်းအောင် စာတိုပေးပို့နေတာ ကောင်းတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ မိမိ စိတ် ဝင်စားသူတယောက်နဲ့ အပြန်အလှန် Chat နေလိုက်တာ ကောင်းပါတယ်။

စိတ်ကြည်လင်အောင်နေပါ

တရားထိုင်ခြင်းနဲ့ ယောဂကစားခြင်းလို စိတ်တည်ငြိမ်အောင် လုပ်ဆောင်တတ်သူတွေဟာ ဆေးလိပ်ပိုပြီး ဖြတ်နိုင်စွမ်း မြင့် မားတာ တွေ့လာရပါတယ်။

၂၀၁၃ ခုနှစ်အတွင်းက လေ့လာချက်တွေအရ အဆိုပါ စိတ်တည်ငြိမ်အောင် ကျင့်တတ်သူတွေဟာ ပုံမှန် ဆေးလိပ်ဖြတ်သူတွေ ထက် ရာခိုင်နှုန်း ၆၀ လောက်ထိအောင် ဆေးလိပ်ဖြတ်နိုင်စွမ်း ပိုကောင်းတာတွေ့ရတဲ့အတွက် စိတ်ငြိမ်အောင် လေ့ကျင့်နေ ထိုင်ခြင်းကလည်း ဆေးလိပ်ဖြတ်မှုကို အထောက်အကူ ဖြစ်စေမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

SmokeFree.govရဲ့ လေ့လာချက်အရ လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်တတ်သူတွေဟာ ဆေးလိပ်ဖြတ်နိုင်မှု ပိုကောင်းသလို လေ့ကျင့်ခန်း ၁နာရီလောက် လုပ်ဆောင်ပြီးတိုင်း ဆေးလိပ်သောက်ချင်စိတ်လည်း လျော့နည်းသွားတယ်လို့ လေ့လာချက် တွေအရ သိရပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ စက်ဘီးစီးခြင်းလို လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးသင့်တယ် လို့ ဆိုပါတယ်။

ရက်စွဲ သတ်မှတ်ပြီး ဆေးလိပ်ဖြတ်ပါ

ဘယ်နေ့မှာ ဆေးလိပ်ပြတ်အောင် ဖြတ်မယ်ဆိုတာ ခန့်မှန်း မှတ်သားပြီး အဆိုပါ နေ့ရက်မှာ စိတ်နိုင်အောင်နေပြီး ဆေးလိပ် လုံးဝမသောက်တော့ခြင်းမျိုးက ဆေးလိပ် အပြတ်မြန်တယ်လို့ သိရပါတယ်။

ဆေးရွက်ကြီးဆေးလိပ် အစားထိုး အီး စီးကရက်သောက်ပါ

ကနဦး ဆေးလိပ် စတင် ဖြတ်ခါစအချိန်မှာ အီး စီးကရက်လို ဆေးလိပ်ကို အစားထိုး သုံးနိုင်ပါတယ်။ သေချာတာကတော့ အီးစီးကရက်ကနေ နီကိုတင်း ဝင်ရောက်မှု မရှိတော့တာကြောင့် ဆေးလိပ်အပေါ်မှာ စွဲလမ်းမှု နည်းလာပြီး အထက်မှာ ပြော ခဲ့သလို နေထိုင်မယ်ဆိုရင် ဆေးလိပ် ဖြတ်နိုင်လာမှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading