Health

နျူလက်နက်တွေကြောင့် ကင်ဆာနဲ့ ကျန်းမာရေးဆိုးကျိုးတွေ ခံစားနေရ

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံအဖြစ် သတ်မှတ်နိုင်မယ့် အမေရိကန်နဲ့အာရှဒေသတွင်း မြောက်ကိုရီးယားတို့ရဲ့ သ ဘောထားတင်းမာမှုတွေ မြင့်တက်နေပြီး စစ်ပွဲဖြစ်ဖို့ လမ်းကြောင်းထဲကို ရောက်ရှိနေသလို ဖြစ်နေပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားသာ စစ်ဖြစ်ခဲ့မယ်ဆိုရင်လည်း နျူလက်နက်တွေ အထိအောင်ပါ အသုံးပြု တိုက်ခိုက်လာဖို့ ရှိနေတာကြောင့် ကျန်းမာရေးရှုထောင့် အပိုင်းက တာဝန်ရှိသူတွေကတော့ ယခင်က အသုံးပြုခဲ့တဲ့ နျူလက်နက်တွေကြောင့် နောက်ဆက်တွဲရလဒ်တွေအနေနဲ့ အဆိုပါ နျူလက်နက် အသုံးပြုခံရပ်ဝန်းက နေထိုင်သူတွေဟာ အခုချိန်ထိအောင် ကင်ဆာ ရောဂါနဲ့ အခြား ကျန်းမာရေးဆိုးကျိုးတွေကို ခံစားနေရတယ်လို့ ထောက်ပြမှုတွေ ရှိလာပြီး စစ်ပွဲကို မနှစ်လိုနေကြတာ တွေ့ ရပါတယ်။

အထူးသဖြင့်တော့ လေ့လာချက်တွေအရ အဆိုပါ နျူလက်နက် ကျရောက်ခံနေရပ်တွေမှာ ရေဒီယိုလှိုင်းမိသူတွေအနေနဲ့က ကင်ဆာဖြစ်ပွားနှုန်းမှာလည်း တပါးသူတွေထက် ပိုနေသလို ပုံမှန် မဟုတ်တဲ့ ကလေးမွေးဖွားမှုပုံစံတွေ မွေးဖွားလာကြတာပဲ ဖြစ်ပါတယ်။

ဒါအပြင် ယခင်က သိပ္ပံပညာရှင် အများစု လက်ခံထားကြတဲ့အချက်က နျူလက်နက် အသုံးပြု ကျရောက်တဲ့ နယ်ပယ်နဲ့ အနီး တဝိုက်ဒေသတွေမှာ ဓာတ်ရောင်ခြည်သင့်မှု ခံစားရမယ်လို့ ထင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ နီးစပ်ရာနယ်ပယ်ကို အတည်ပြု နိုင်အောင် လေ့လာချက်အရ အဆိုပါ နျူလက်နက် ကျရောက်ခံ နယ်ပယ်နဲ့ မိုင်ပေါင်း ၅၀၀ အကွာက နေထိုင်သူတွေအထိ အဆိုပါ ဓာတ်ရောင်ခြည်သင့်မှုဒဏ်ကို အနည်းငယ် ခံစားရတာ တွေ့ရှိလာရတယ်လို့လည်း သိရပါတယ်။

ဒီလိုမိုင် ၅၀၀ လောက်ထိအောင် ဓာတ်ရောင်ခြည် ပျံ့နှံ့မှုက ရာသီဥတု၊ လေကြောင်း၊ မုတ်သုံကြောင်းတွေ တိုက်ခတ်ရွေ့လျား မှုကြောင့် အဆိုပါ မုတ်သုံနဲ့အတူရောပါ ခံစားရတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြပါတယ်။

ဒုတိယကမ္ဘာစစ်ကို ပြီးမြောက်အောင် စွမ်းဆောင်ပေးလိုက်နိုင်သူက နျူလက်နက်အဖြစ် အားလုံးက လက်ခံလာခဲ့ပြီး နောက် ပိုင်း အင်အားကြီးနိုင်ငံတွေအနေနဲ့ နျူလက်နက် ပိုင်ဆိုင်ထားဖို့ ကြိုးစားပြင်ဆင်လာကြသလို ဒုတိယကမ္ဘာစစ် နောက်ပိုင်း မှာလည်း နျူလက်နက်နဲ့ ပတ်သက်တဲ့ စမ်းသပ်မှုပေါင်း ရာနဲ့ချီအောင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါ တယ်။
အဆိုပါ စမ်းသပ်ပစ်ခတ်မှုကြောင့် ထွက်ရှိလာတဲ့ ဓာတ်ရောင်ခြည်သင့်မှုကလည်း ကျန်းမာရေးအပေါ် သက်ရောက်ထိခိုက်မှု ရှိတယ်လို့ ဆိုပါတယ်။

၁၉၄၅ ခုနှစ် သြဂုတ် ၆ရက်မှာ အမေရိကန်က ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားအပေါ်ကို နျူဗုံးတလုံး ချခဲ့တယ်၊ လူပေါင်း ၉၀၀၀၀ က နေ ၁၆၆၀၀၀ ကြား သေဆုံးတယ်လို့ ယူဆရသလို နောက်ထပ် ၃ရက် အကြာမှာ နာဂါဆာကီ မြို့ပေါ်ကို နျူဗုံးတလုံး ထပ်ချ ခဲ့တာကြောင့် နောက်ထပ် လူပေါင်း ၆၀၀၀၀ ကနေ ၈၀၀၀၀ လောက်ထိအောင် သေဆုံးမယ်လို့ ခန့်မှန်းရပါတယ်။

အဆိုပါ နျူဗုံးတွေကြောင့်ပဲ ကနဦး အပူလှိုင်းတွေ၊ သက်ရောက်အားတွေနဲ့ ဓာတ်ရောင်ခြည် သက်ရောက်မှုတွေဟာ အဆိုပါ ဝန်းကျင်ရှိ နေထိုင်သူတွေကို အခုချိန်ထိအောင် သက်ရောက်ခံစားနေရစေတာလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ နောက်ဆက်တွဲကျန်းမာရေးရလဒ်တွေကို လေ့လာမှုကိုတော့ အမေရိကန်နဲ့ ဂျပန်တို့ ပူးပေါင်းလေ့လာနေတဲ့ Radiation Effects Research Foundation ကနေ ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အဖွဲ့ကနေ လေ့လာချက်တွေအရတော့ ဓာတ်ရောင်ခြည် တိုက်ရိုက် သက်ရောက်ထားခံရတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ က လေးတွေမှာ ပုံမှန်လိုမဟုတ်ဘဲ ဦးခေါင်းသေးငယ်တဲ့ ကလေးမျိုး မွေးဖွားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်နဲ့ မွေးဖွားလာ သူတွေ၊ အရပ်အမောင်းနဲ့ ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးမှု မရှိခြင်းမျိုးတွေ တွေ့လာရတာပဲ ဖြစ်ပါတယ်။

နျူလက်နက် ကျရောက်မှုနဲ့ အနီး ၂.၅ ကီလိုမီတာအတွင်းက မိခင်တွေအနေနဲ့ အခြားအဝေးက မိခင်တွေထက် ကလေးမွေး ဖွားမှုနှုန်းနဲ့ အဆိုပါ နောက်ဆက်တွဲ ချို့ယွင်းချက်နဲ့ ကလေးငယ် မွေးဖွားမှုနှုန်းက ၅ ဆလောက် ပိုတာလည်း တွေ့ရပါတယ်။

RERFရဲ့ စာရင်းတွေအရလည်း အဆိုပါ နျူလက်နက် ကျရောက်ရာ နေရပ်အနီးက ပြည်သူတွေအနေနဲ့ အခြားသူတွေထက် ကင်ဆာဖြစ်နှုန်းက ရာခိုင်နှုန်း ၁၀ လောက်ထိအောင် ပိုမိုတယ်လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ သွေးကင်ဆာ ဖြစ်ပွားနှုန်းမှာ ပိုမိုတွေ့ရပြီး ရာခိုင်နှုန်း ၅၀ လောက်ထိအောင် ပိုမို ဖြစ်ပွားတယ်လို့ ဆိုပါ တယ်။

ဒါဟာ ဂျပန်မှာ နျူလက်နက် ဗုံး၂ လုံး ကျရောက်မှုနဲ့ ပတ်သက်တဲ့အပေါ် အခြေခံလေ့လာချက် ဖြစ်ပြီး စစ်ပြီးသွားပေမယ့် လည်း အမေရိကန်နဲ့ ရုရှားတွေဟာ ၁၉၆၃ ခုနှစ်အတွင်း Partial Test-Ban Treaty ကို သဘောတူ လက်မှတ်မထိုးခင်ထိ အောင် နျူလက်နက် စမ်းသပ်မှုပေါင်း ၁၀၀ ကျော်လောက် လုပ်ဆောင်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

အဆိုပါ စမ်းသပ်မှုတွေကြောင့်လည်း ရေဒီယိုသတ္တုကြွနေတဲ့ အမှုန်တွေနဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေဟာ လေထုထဲကနေ တ ဆင့် ကမ္ဘာတလွှားကို ပျံ့နှံ့ခဲ့သလို အခု ကျနော်တို့ရဲ့ခန္ဓာကိုယ်တွေမှာ အဆိုပါ အမှုန်နဲ့ အဆိပ်ငွေ့ ကျရောက်မှု လက္ခဏာအ ချို့ ရှိနေတယ်လို့လည်း ကင်ဆာဌာန (CDC) က ဆိုပါတယ်။

အလွယ်ဆုံးအနေနဲ့ဆိုရင် ဒီနေ့ခေတ် အမေရိကန်မှာ ကင်ဆာကြောင့် သေဆုံးသူ နှစ်စဉ် ၁၁၀၀၀ကျော်က အဆိုပါ အကျိုး ဆက်နဲ့ ဆက်စပ် ခံစားသေဆုံးမှုတွေ ဖြစ်တယ်လို့ New York Times မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

အထူးသဖြင့်တော့ ၁၉၅၁ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်ထိအောင် နျူလက်နက် စမ်းသပ်မှုနယ်ပယ်အနီးက လူတွေမှာ ပိုမိုသိသာ တဲ့ အကျိုးဆက်တွေ ခံစားနေရတာလည်း ဖြစ်ပါတယ်။

အမေရိကန်နယ်၊ နီဗာဒါမှား နျူလက်နက်စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်သား ၁၄ ရာခိုင်နှုန်းက သွေးကင်ဆာနဲ့ သေဆုံးခဲ့သလို ၂၀ရာခိုင်နှုန်းကျော်က ဆီးကျိတ်ကင်ဆာနဲ့ သေဆုံးတယ်။

ကျန် ၂၀ရာခိုင်နှုန်းခန့်ကလည်း နှာခေါင်းနဲ့ သက်ဆိုင်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ကင်ဆာတွေနဲ့ သေဆုံးခဲ့ကြ တာကို မှတ်တမ်းတွေအရ သိရပါတယ်။

ဒါဆိုရင်တော့ နျူလက်နက် စမ်းသပ်မှုပဲ ဖြစ်ဖြစ် ပစ်ခတ်ကျရောက်မှုပဲ ဖြစ်ဖြစ် ကျရောက်ချိန်မှာရော နောက်ဆက်တွဲအကျိုး ဆက်ဆိုးတွေပဲပေးနိုင်မှာ ဖြစ်လို့ အားလုံးက နျူစစ်ပွဲတခု ဖြစ်လာခဲ့မှာကို မဖြစ်လိုကြတာ ဖြစ်ပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading