Health

အမျိုးသမီးတွေရဲ့လိင်ဆန္ဒပြီးမြောက်ဖို့ အကောင်းဆုံးပုံစံ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေဆိုတာလည်း သဘာဝရဲ့စည်းအတွင်းက ရှိနေတဲ့ သက်ရှိတခု ဖြစ်သလို ကျနော်တို့ အာရှနိုင်ငံတွေမှာ အ ရှက်၊ အကြောက်တရားနဲ့အတူ လိင်ဆန္ဒကို ရှက်ဖွယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်၊ လိင်ဆန္ဒဆိုတာ သဘာဝတရား ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့ ကျန်းမာရေးဆောင်းပါးကို ကျန်းမာရေးအမြင်နဲ့ပဲ ဖတ်ရှုစေလိုပါတယ်။

အမျိုးသမီးတယောက်အတွက် လိင်စိတ်၊ လိင်ဆန္ဒဟာ သူ ချစ်ခင်နှစ်သက်သူ တဦးတယောက်နဲ့ ရှိနေချိန်တွေမှာ စိတ် ဆန္ဒရှိနေနိုင်ပါတယ်။ အချိန်အခါ၊ အခြေအနေအရ ဖော်ပြသူရော မဖော်ပြသူရောလည်း ရှိမှာပါ။

အဲဒီလို လိင်စိတ်ဆန္ဒရှိရာကနေ လိင်ဆက်ဆံမှု ကဏ္ဍထိအောင် ရောက်သွားပြီဆိုရင်တော့ သေချာတာက အမျိုးသားရော အမျိုးသမီးပါ လိင်ဆက်ဆံမှုကို ပြီးမြောက်အောင် အလိုရှိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ လိင်မှုရေးရာ ပြီး မြောက်မှု ကြာတတ်ကြပါတယ်။

အကြောင်းကတော့ သူနဲ့ ဆက်ဆံဖက် အမျိုးသားရဲ့လှုံ့ဆောင်မှု အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်သလို အဆိုပါ အမျိုး သမီးရဲ့လိင်ဆန္ဒ အနေအထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ခေတ် တိုးတက်လာတဲ့အနေအထားမှာ အမျိုးသမီးတွေအတွက် လိင်ဆန္ဒ ဖျော်ဖြေမှု ပစ္စည်းတွေ ထွက်ရှိလာပါတယ်။ အမျိုးသား လိင်ဆက်ဆံဖက် မရှိသည့်တိုင်အောင် လိင်ဆန္ဒ ဖြေဖျောက်နိုင်မယ့်အကူပစ္စည်းတွေပါ။

ဒါပေမယ့် အခုတော့ အဆိုပါ ပစ္စည်းတွေကိုရော အချိန်ပေးပြီး ပြီးမြောက်အောင် နေထိုင်နေကြတဲ့ အမျိုးသားတွေအတွက် ရော သတင်းကောင်းတခု ရလာပါတယ်။ အဆိုပါ သတင်းကောင်းကတော့ လေ့လာချက်တခုကနေ သိရှိလာရတဲ့ အမျိုး သမီးတွေကို လိင်ဆန္ဒ အမြန်ဆုံး ပြည့်ဝစေတဲ့ နည်းလမ်းပါ။

ဒီအကြောင်းကို အကောင်းဆုံး ရှင်းပြပေးတဲ့သူကတော့ ပညာရှင်တဦးဖြစ်တဲ့ Annabelle Knight ဖြစ်ပါတယ်။ သူက တကယ်တော့ အမျိုးသမီးတွေရဲ့ လိင်ဆန္ဒပြည့်၀ ပြီးမြောက်မှုဆိုတာ ခင်ဗျားတို့ ထင်ထားတာထက် လွယ်ကူ မြန်ဆန် ပါတယ်။

ပုံမှန် လိင်ဆက်ဆံမှုထက် ပိုမိုတဲ့ တခြားနည်းတွေ သုံးစရာလည်း မလိုအပ်သလို အမျိုးသားတွေရဲ့အင်္ဂါအရွယ်အစား အပေါ်မှာလည်း မူတည်မှု မရှိပါဘူးလို သူက ရှင်းပြပါတယ်။

ဒါဆိုရင် အဓိက အချက်က ဘာပါလဲ။ Knight ကတော့ လိင်ဆက်ဆံပုံစံကပဲ အဓိက ကျပါတယ်လို့ ပြောပါတယ်။

လိင်မှုဆန္ဒဖြစ်ပေါ်လာဖို့နဲ့ ထိတွေ့ဆက်ဆံမှုမှာ အဆင်ပြေကောင်းမွန်စေဖို့ ဆက်ဆံမှုမပြုခင် အမျိုးသားဆီကနေ ထိတွေ့ နမ်းရှိုက်မှု အနည်းငယ် လိုအပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လက်ချောင်းတွေ၊ အကူပစ္စည်းတွေလို အရာတွေ မလို အပ်ပါဘူး။

ပုံမှန်အနေအထား မှန်ကန်အောင် လိင်ဆက်ဆံရုံနဲ့ အမျိုးသမီးတွေမှာ လိင်ဆန္ဒပြီးမြောက်နိုင်ပါတယ်လို့ Daily Star သတင်း ဌာနကို သူက ရှင်းပြတာ တွေ့ရပါတယ်။

လေ့လာချက်အရ အမျိုးသမီးတွေရဲ့လိင်မှုရေးရာ အာရုံခံမှုဟာ အမျိုးသမီးအင်္ဂါရဲ့အတွင်းဘက် ၂ လက်မခန့်မှာ အများဆုံး စုဖွဲ့တည်ရှိနေတာ ဖြစ်ပြီး အဆိုပါ အာရုံခံအပိုင်းကို အကောင်းဆုံး လှုံ့ဆောင်မှု လုပ်ဆောင်ပေးဖို့ လိုအပ်တာလည်း ဖြစ်ပါ တယ်။

အဆိုပါ အာရုံခံအပိုင်းကို အမျိုးသား လိင်အင်္ဂါနဲ့ ထိတွေ့ ပြီးမြောက်စေရမှာ ဖြစ်ပြီး သိပ္ပံအခေါ်အဝေါ်အရ အမျိုးသားနဲ့ အ မျိုးသမီး လိင်ဆက်ဆံမှုကို (Penis and Vagina P-n-V)အဖြစ် ခေါ်ဝေါ်ပြီး အဆိုပါ ထိတွေ့မှု အပိုင်းမှာ ၃၀ ဒီဂရီကနေ ၄၅ ဒီဂရီအတွင်း ထားရှိ ဆက်ဆံမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အမြန်ဆုံး လိင်ဆန္ဒပြီးမြောက် ပြည့်ဝမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

အဆိုပါ ဒီဂရီစောင်း အနေအထားရဖို့ အတွက် အမျိုးသမီးနဲ့ အမျိုးသားတို့ဟာ ထပ်လျက် အနေအထား၊ P-n-Vကိုပဲ တ စောင်း အနေအထား ထားရှိ ဆက်ဆံမယ်ဆိုရင် အမြန်ဆုံးပြီးမြောက်မှု ရှိလာ ဖြစ်ပြီး မျက်နှာချင်းဆိုင် အနေအထားကို အမျိုးသမီးတွေက ပိုမို နှစ်သက်ကြတယ်လို့ လေ့လာသူတဦး ဖြစ်တဲ့ Dr. Jason Siegelက The Daily Mailကို ရှင်းပြပါ တယ်။

ဒါအပြင် အမျိုးသမီးတွေဟာ အနားယူချိန်တွေမှာ လိင်ဆန္ဒပိုမို ရှိတတ်ကြပြီး အဆိုပါ အချိန်တွေမှာ ဆန္ဒပြီးမြောက်ဖို့လည်း လွယ်ကူတယ်လို့ Siegelက ဆက်ရှင်းပြပါတယ်။

အနားယူချိန်တွေမှာ စိတ်ရောကိုယ်ရော လုံး၀ ဖြေလျော့ထားတတ်ကြတဲ့အတွက် အလုပ်ချိန် မဟုတ်တဲ့ သီးသန့် အနားယူ ချိန်တွေဟာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading