ကျနော်တို့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေကနေ စတင်ပြီး အိပ်စက်ဖို့အထိအောင် အာဟာရဓာတ်တွေ ကောင်းကောင်း ရှိနေ လုံလောက်ဖို့ လိုအပ်ပါတယ်။
အလွယ်ဆုံး ပြောရရင် အိပ်စက်ဖို့အတွက်တောင် ပိုတက်စီယမ် ပြည့်၀ လုံလောက်ဖို့ လိုအပ်ပြီး ပိုတက်စီယမ် မပြည့်၀ရင် တော့ မျက်လုံးသာ မှိတ်ထားပေမယ့် အိပ်ပျော်ဖို့ မလွယ်ပါဘူး။
ဒီလိုပါပဲ အိမ်ထောင်သည်တွေအတွက် လိင်ဆက်ဆံခြင်းနဲ့အတူ အိမ်ထောင်ရေးသုခ ပြည့်ဝဖို့ဆိုရင်လည်း သူ့အတွက် လိုအပ် တဲ့ အာဟာရတွေ ရှိပါတယ်။
ဒီအာဟာရတွေ ပြည့်ဝနေရင်တော့ သင်တို့ရဲ့ အိမ်ထောင်ရေးသုခ ပြည့်စုံနေမှာလည်း ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ဘာတွေ လို အပ်ပါသလဲ။
(၁) ဗီတာမင် ဒီ
ဂျွန်ဟော့ကင်းတက္ကသိုလ်က လေ့လာချက်တွေအရ သိလာရတာက အမျိုးသားတွေမှာ ဗီတာမင် ဒီ မပြည့်ဝရင် အရိုးတွေ အကောင်းဆုံး ကြံ့ခိုင်မှု မရှိဘဲ နေ့စဉ်ဘဝမှာလည်း အဆင်မပြေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရာခိုင်နှုန်းအနေနဲ့တော့ ဗီတာမင် ဒီ ပြည့်ဝသူတွေထက် ၃၂ ရာခိုင်နှုန်းလောက် ပိုပြီး အားနည်းတယ်လို့ ဆိုပါတယ်။ ဗီတာ မင်ဒီက သွေးတွင်းဆဲလ်တွေကိုလည်း အားကောင်းစေတယ်။
သွေးလှည့်ပတ်မှု အားကောင်းစေပြီး လိင်ဆက်ဆံချိန်မှာလည်း အမျိုးသား လိင်အင်္ဂါ အပါအဝင် အခြား ထောက်ကန်အပိုင်း တွေကို ပိုမို အားအင်ပြည့်ဝစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗီတာမင် ဒီ ပြည့်ဝစာ၊ ဒါမှမဟုတ် ဆေးတွေ စားပေးဖို့ လိုအပ် ပါတယ်။
(၂) ဆိတ်ခေါင်းရွက် (Horney Goat Weed)
ဒီအပင်ရဲ့အာနိသင်က အမျိုးသားလိင်အင်္ဂါကို အကောင်းဆုံး ထောက်ပံ့ပေးတာ ဖြစ်ပြီး အရွယ်ကိုလည်း အလွယ်ရှိရင် စား သုံးနိုင်သလို သူကနေ ထုတ်လုပ်ထားတဲ့ဆေးတွေလည်း ထွက်ရှိပါတယ်။
တရုတ်မှာတော့ ဒီအပင်ကို အကြောအားကောင်းဆေးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်ကတည်းက သုံးနေတာ တွေ့ရပါ တယ်။ ခန္ဓာကိုယ်တွင်း နိုက်ထရစ်အောက်ဆိုဒ်ဖြစ်ပေါ်မှု မြန်ဆန်စေပြီး အကြောသန်မာ အားကောင်းစေတာ ဖြစ်ပါတယ်။
(၃) ဗီတာမင် ဘီ ၃ (နီယာစင်)
၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ The Journal of Sexual Medicine မှာ ပါရှိတဲ့ ဆောင်းပါးအရဆိုရင် သွေးလှည့်ပတ်မှု မမှန် ခြင်းနဲ့ သွေးပေါင်တက်ခြင်းတွေက အကြောအားနည်းခြင်းနဲ့ ဆက်စပ်နေပြီး ဟော်မုန်း ထုတ်လွှတ်နိုင်မှုကို အားနည်းစေ တယ်လို့ ဆိုပါတယ်။
ဒီတော့ လိင်ဆက်ဆံချိန်မှာတောင် ဟော်မုန်း အားနည်းပြီး မသာယာတော့ပါဘူး။ ဒီလို ဟော်မုန်းထုတ်လွှတ်မှု အားနည်းခြင်း ကို ဗီတာမင် ဘီ၃က အားကောင်းစေနိုင်ပါတယ်လို့ နယူးယောက်မြို့ Presbyterian ဆေးရုံက ဒေါက်တာ Harry Fisch က ရှင်းပြပါတယ်။
ဗီတာမင် ဘီ၃ ရဖို့အတွက် ဆေးသောက်လည်း ရတယ်၊ ဒါမှမဟုတ် မြေပဲစားမယ်၊ ကြက်သား စားမယ်၊ မှိုစားမယ်၊ အသည်း တွေ စားမယ်၊ အမဲသားစားရင်လည်းရမှာ ဖြစ်ပါတယ်။
(၄) ဂျင်ဆင်း
ကိုရီးယားက ထုတ်လုပ်မှု များပါတယ်။ ဂျင်ဆင်းက စိတ်ရောကိုယ်ပါ သာယာမှု ပိုစေတယ်လို့ သိရပါတယ်။ သူ့ချည်းသက် သက် ရှာသုံးလို့လည်း ရသလို ကာမအားတိုးဆေးတွေမှာလည်း ထည့်သွင်းဖော်စပ်မှု တွေ့ရပါတယ်။
၂၀၁၃ ခုနှစ်အတွင်းက တောင်ကိုရီးယားရဲ့လေ့လာချက်တခုအရလည်း အချိန် ပိုမို ကြာရှည်စွာ လိင်ဆက်ဆံနိုင်အောင် အခု ဂျင်ဆင်းက ထောက်ပံ့ပေးနိုင်တာ တွေ့ရပါတယ်။
အခြား လေ့လာချက်တခုမှာလည်း ဂျင်ဆင်းက အမျိုးသား လိင်အင်္ဂါတောင့်တင်းမှုကို ပိုမို အားကောင်းစေတယ်လို့ ဆိုပါ တယ်။ ဂျင်ဆင်းက လိင်ဆက်ဆံချိန်မှာ အမျိုးသားအင်္ဂါကိုလည်း ထောက်ပံ့ပေးတယ်။
ဦးနှောက်မှာ ခံစားမှု စွမ်းရည်ကိုလည်း ကောင်းမွန်စေတယ်၊ အာရုံကြောတွေထဲမှာ လိင်စိတ်ဖြစ်လာစေပြီး နိုက်ထရစ်အောက် ဆိုဒ် ဖြစ်ပွားမှု မြန်ဆန်စေတယ်လို့ Yale တက္ကသိုလ်က ဒေါက်တာ Charles Walker က ရှင်းပြတာလည်း တွေ့ရပါတယ်။
(၅) ဂျင်ဂိုဘိုင်လိုဘာ (Ginkgo Biloba)
သူလည်း ဂျင်စင်းလို ဆေးဖက်ဝင်အပင်တမျိုးပါ။ သွေးလည်ပတ်မှု အားကောင်းစေတယ်၊ သွေးတွင်း အောက်ဆီဂျင်လည်း ပို မိုစေတယ်၊ ခန္ဓာကိုယ်စွမ်းအင် ထုတ်လုပ်မှု ကောင်းစေပြီး တရုတ်တွေက အားဆေးအဖြစ် ရောစပ်ဖော်ပြီး အသုံးပြုတာတွေ့ရ ပါတယ်။
၂၀၁၁ ခုနှစ်ကမှ လိင်ဆက်ဆံမှုအပိုင်းအတွက်ပါ ကောင်းမွန်စေတာ တွေ့ရပြီး ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ လေ့ လာချက်တွေအရ သိရပါတယ်။ အမျိုးသားတွေမှာ လိင်ဆန္ဒ ပိုမို လာစေပြီး ထိတွေ့မှု ပိုမို သာယာစေတာ ဖြစ်ပါတယ်။
Ref: www.maxim.com