Kinsey ကျောင်းရဲ့လေ့လာချက်အသစ်နဲ့ အတူ ကျနော်တို့အမျိုးသားတွေအတွက် ဘယ်အသက်အရွယ်မှာ လိင်ဆက်ဆံမှု ဘယ်လောက်ထိ ရှိတတ်တယ်၊ ဘယ်အရွယ်မှာ လိင်စိတ်ကုန်လို့ ဘ၀နေဝင်မယ်ဆိုတာ ကြိုသိလာရပါပြီ။
လေ့လာချက်အရေတော့ အသက် ၁၈နှစ်ကနေ ၂၉နှစ် အကြား အရွယ်ရှိ လူငယ်တွေဟာ ဘဝတလျှောက်မှာ လိင်ဆက်ဆံမှု အများဆုံး လုပ်ဆောင်ကြတဲ့ကာလဖြစ်တယ်လို့ သိလာရပါတယ်။
တနှစ်မှာ ၁၁၂ ကြိမ် လောက်ထိအောင် ပျမ်းမျှ လိင်ဆက်ဆံမှု ပြုတာပါ။ ဒါဆိုရင် တနှစ်ကို ၃၆၅ ရက်နဲ့ ပြန်တွက်ရင် ပျမ်းမျှ ၃ ရက်မှာ ၁ကြိမ်ခန့် လိင်ဆက်ဆံကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသားတွေမှာ အသက်ကြီးလာရင်တော့ လိင်စိတ်က ကျသွားတယ်ဗျ။ အသက် ၃၀ ကနေ ၃၉ နှစ် အတွင်းရှိ လူလတ်ပိုင်း အစသမားတွေကတော့ တနှစ်မှာ လိင်ဆက်ဆံမှု အကြိမ်ရေ ၈၆ ကြိမ်လောက်ပဲ ရှိတော့တာ တွေ့ရပါတယ်။ ဒါ ဟာ တပတ်မှာ တကြိမ်လောက်ပဲ ဆက်ဆံမှု ရှိတော့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံး အုပ်စုကတော့ အသက် ၄၀ ကနေ ၄၉ နှစ်အကြား အရွယ်ရှိ အုပ်စု။ တနှစ်မှာ လိင်ဆက်ဆံမှု အကြိမ်ရေ ပျမ်းမျှ ၆၉ ကြိမ်ပဲ ရှိတော့တယ်။
အမျိုးသားတွေမှာ ပိုပြီး သိသာတဲ့ လိင်ဆက်ဆံလိုမှု လျော့နည်းလာတာ တွေ့ရပြီး အသက်အရွယ်ဟာ အမျိုးသားတွေရဲ့လိင် စိတ်ကို အဓိက လျော့ကျစေတဲ့အချက်မျိုး ဖြစ်လာစေတာလည်း တွေ့ရပါတယ်။
အထက်မှာ ပြောခဲ့တဲ့ လက်ရှိ စစ်တမ်းအရ အသက်အရွယ်အလိုက် လိင်ဆက်ဆံမှုနှုန်းတွေ ဖြစ်ပြီးတော့ တဆက်တည်း လေ့ လာချက်တွေမှာတော့ အမျိုးသားတွေမှာ လိင်ဆက်ဆံဖို့ စိတ်ဆန္ဒ အပြင်းပျဆုံး ရှိနေတဲ့ အရွယ်က ၂၃နှစ် အရွယ် ဖြစ်တယ်လို့ သိလာရပြန်ပါတယ်။
ပြီးတော့ လိင်ဆက်ဆံဖို့ စိတ်မရှိသလောက် ဖြစ်သွားတဲ့ အရွယ်ကတော့ အသက် ၅၀နဲ့ အထက် သက်ကြီးပိုင်းအမျိုးသားတွေ ဖြစ်ပြီး အများစုဟာ အဆိုပါ သက်ကြီးပိုင်းအရွယ်တွေမှာ လိင်ဆက်ဆံမှုထက် အခြား စိတ်ဝင်စားရာအကြောင်းတွေကိုပဲ ထိ တွေ့လိုစိတ်ရှိတော့တယ်လို့ ဆိုပါတယ်။
စာဖတ်ခြင်း၊ အားကစားလိုက်စားခြင်းလို အရာတွေကို ပိုပြီး စိတ်ဝင်စား သွားကြတယ်လို့ ဆိုပါတယ်။
လေ့လာချက်မှာ အသက် ၂၀ ဝန်းကျင်နဲ့ အိမ်ထောင်ကျသူတွေက တပတ်ကို လိင်ဆက်ဆံမှု ၂ ကြိမ်ကနေ ၃ ကြိမ်ထိအောင် ရှိ တယ်လို့ ဖြေဆိုသူ ၃၄ရာခိုင်နှုန်းလောက် ရှိပါတယ်။
သူတို့ကတော့ သဘောကျစရာ ဖြစ်ပေမယ့် အချို့သော အိမ်ထောင်သည်တွေက တပတ်မှာ ၁ကြိမ်၊ ဒါမှမဟုတ် တခါတရံမှာ ၁ လမှ ၁ကြိမ်လောက်ပဲ ဆက်ဆံမှု ရှိတယ်လို့ ပြောသူတွေ ၁၃ ရာခိုင်နှုန်းလောက်ထိအောင် ရှိပြီး အဆိုပါ အိမ်ထောင်သည်တွေ မှာ အိမ်ထောင်ရေး သာယာမှု နည်းတယ်လို့လည်း တွေ့လာရပါတယ်။
ဒါဆိုရင်တော့ အမျိုးသားတွေမှာ အသက်ငယ်ချိန်ကာလမှာ လိင်ဆက်ဆံ အကောင်းဆုံး ရှိထားတာ အဆင်ပြေမှာ ဖြစ်ပြီး ဘယ်လို အနေအထားနဲ့ ဖြစ်စေ အသက်အရွယ်ကြီးလာရင်တော့ လိင်ဆန္ဒ လျော့ကျလာတော့မှာ ဖြစ်သလို အထူးသဖြင့် အသက် ၅၀ ပြည့်ပြီးရင်တော့ သင့်အနေနဲ့ သဘာဝရဲ့ သဘောတရားကို စိတ်ကုန်သွားဖို့ ရှိတော့မှာပါ။
အမျိုးသမီးတွေမှာတော့ ပြီးခဲ့တဲ့ လပိုင်းကပဲ Natural Cycles ဆိုတဲ့ Appနဲ့ လေ့လာချက်တွေအရ အသက် ၃၆နှစ်နဲ့ အ ထက်အရွယ်တွေက လိင်စိတ်အများဆုံး ရှိနေတယ်ဆိုတာ သိရလို့ အသက်ကြီးပေမယ့် မပျက်စီးသေးတာက အမျိုးသားတွေ ထက် အမျိုးသမီးတွေက ပိုမှန်လို့ ဆိုရမှာပါ။