• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အမျိုးသားတို့ လိင်မှုအတွက် ဆင်ခြင်ရမယ့် အချက်တွေ

by ချစ်ဖေ (တောင်တွင်းမြေ)
8 September 2017
in Health
A A
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

60.4k
VIEWS
Share on FacebookShare on Twitter

သင့်ရဲ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ကျန်းမာရေးအခြေအနေအားလုံးက သင့်ရဲ့လိင်ဆက်ဆံအပိုင်းကိုလည်း သက်ရောက်မှု ရှိတယ်လို့ နယူးယောက်တက္ကသိုလ်က ပါမောက္ခ Steven Lamm က ဆိုထားတာ ကြားဖူးပါတယ်။

ဟုတ်ပါတယ်၊ သောက်သောက်စားစားနဲ့ ကျန်းမာရေး မလိုက်စားတဲ့ လူငယ်တယောက်ထက် အသက် ၅၀ အရွယ် သက် ကြားအို အဖိုးတယောက်က လိင်ဆက်ဆံမှု ပိုမိုကောင်းမွန် ထိတွေ့ခံစားနိုင်ပါတယ်။

RelatedPosts

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

9 March 2025
2k
HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

27 February 2025
1.8k
ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

16 February 2025
13.8k

ဆိုလိုတာကတော့ အသက်ငယ်တိုင်း လိင်မှု အားကောင်း ပြည့်ဝမယ်လို့ မဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်မှသာ လိင်ဆက် ဆံမှု အကောင်းဆုံး ခံစားနိုင်မယ်၊ မိမိ အဖော်ကိုလည်း ပြည့်ဝအောင် ပေးစွမ်းနိုင်မယ် ဆိုတာပါပဲ။

လိင်ဆက်ဆံချိန်မှာ အဆိုပါ လိင်စိတ်နဲ့ ပတ်သက်တဲ့ ဟော်မုန်းဓာတ် ပြည့်ဝအောင် ထုတ်လုပ်ပေးနိုင်ဖို့ လိုတယ်၊ အရိုးတွေ သန်မာနေရမယ်၊ လူက ကျန်းမာရေး ကောင်းနေရမယ်၊ သွေးလှည့်ပတ်မှု မှန်နေရမယ်၊ အချိန်အတိုင်းအတာတခုထိအောင် သက်လုံလည်း ရှိနေရမယ်။

ဒါတွေမှ မပြည့်စုံဘူးဆိုရင်တော့ သင့်အနေနဲ့ ကိုယ်ခန္ဓာမှာ လိုအပ်ချက်တခုခု ရှိနေတာ အမှန် ဖြစ်နေပါပြီ။

ဒီတော့ လိင်မှုရေးရာ တခုတည်းအတွက်တင် မဟုတ်ဘဲ မိမိဘဝအတွက်ပါ ကျန်းမာသန်စွမ်းအောင် နေထိုင်ခြင်းက အ ကောင်းဆုံးဆိုတာ သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။

အကောင်းဆုံး ကျန်းမာနေသူ ဖြစ်အောင် ဘယ်လို နေထိုင်ကြမလဲ။

(၁) ဗိုက်ခေါက် မထွက်ပါစေနဲ့

တကယ်ကတော့ အ၀ မလွန်စေနဲ့လို့ ဆိုလိုတာ ဖြစ်ပေမယ့် အလွယ်ဆုံး ဗိုက်ခေါက်တွေ ထွက်လာရင် ဝလာတာပဲ ဖြစ်ပါ တယ်။ အဝလွန်လာရင် အပြင်မှာလည်း ဗိုက်ခေါက်ထွက်လာပြီး ဝလာသလို ကိုယ်တွင်းသွေးကြောအပါအဝင် အူတွေ အတွင်းမှာပါ အဆီတွေ ကပ်နေပါတယ်။

ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ၊ အဆီ လျှော့စားပါ၊ နောက်ပိုင်း နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်စေသလို လိင်ဆက်ဆံ ချိန်မှာလည်း သွေးလည်ပတ်မှု မကောင်းခြင်း၊ စိတ်သွားတိုင်း ကိုယ်ပါအောင် လှုပ်ရှားနိုင်မှု အားနည်းခြင်းတွေ ဖြစ်လာစေ ပြီး အိမ်ထောင်ရေးသုခ မပြည့်ဝခြင်းတွေ ကြုံလာနိုင်ပါတယ်။ မ၀ ပါစေနဲ့။

(၂) ဆေးလိပ်ဖြတ်လိုက်ပါ

ဆေးလိပ်သောက်သုံးခြင်းကနေရရှိလာတဲ့ ဓာတ်က သွေးလှည့်ပတ်မှုကို အားနည်းစေပါတယ်။

အထူးသဖြင့် အမျိုးသားအင်္ဂါနဲ့ ပတ်သက်တဲ့အကြောတွေအတွင်းမှာ သွေးလှည့်ပတ်မှု နှေးစေတယ်၊ အမျိုးသားအင်္ဂါကို ထောင်မတ်နိုင်မှု အားနည်းလာစေတယ်၊ လိင်စိတ်ရှိသည့်တိုင်အောင် အချိန်ကြာ ဆက်ဆံနိုင်မှု မရှိခြင်းကနေ ပန်းသေ၊ပန်း ညှိုး ဖြစ်စေနိုင်လောက်သည်ထိအောင်ပါ ဆေးလိပ်သောက်များရင် ဖြစ်နိုင်တယ်လို့ ဒေါက်တာ Lammက ပြောပါတယ်။

(၃) နေ့တိုင်း လမ်းလျှောက်ပေးပါ

လမ်းလျှောက်ချိန်မှာ သွေးလှည့်ပတ် စီးဆင်းမှု အားကောင်းလာပါတယ်။ အဆိုပါ လှည့်ပတ်မှု အားကောင်းလာတဲ့ သွေး တွေ က သွေးကြောတွင်း အနည်ထိုင်နေတဲ့ အဆီတွေကအစ အခြား အနေအထိုင်အရာတွေကို အတတ်နိုင်ဆုံး တိုက်စား သယ်ယူ သွားတာကြောင့် လမ်းလျှောက်ပေးသူတွေက အခြားသူတွေထက် သွေးလှည့်ပတ်မှု ပိုကောင်းပြီး လိင်ဆက်ဆံချိန်မှာလည်း ပိုမို ကောင်းမွန်တဲ့ သွေးလှည့်ပတ်မှုနဲ့အတူ ဟော်မုန်းဓာတ် ထုတ်ပေးခြင်း၊ ထိတွေ့မှု ကောင်းမွန်ခြင်းတွေပါ ရရှိနိုင်လာပါ တယ်။

(၄) လိင်အင်္ဂါကင်ဆာဖြစ်နိုင်ကြောင်း သိထားပါ

အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာလို ရောဂါတွေ ဖြစ်နိုင်သလို အမျိုးသား လိင်အင်္ဂါဟာလည်း ကင်ဆာ ဖြစ် နိုင်ပါတယ်။

အထူးသဖြင့်တော့ ဝှေးစေ့ပိုင်းဆိုင်ရာ ကင်ဆာ ဖြစ်နိုင်ခြင်း ဖြစ်ပြီး အမေရိကန်မှာတော့ တနှစ်ကို ဝှေးစေ့ပိုင်းဆိုင်ရာ ကင် ဆာဖြစ်ပွားသူ တနှစ်ကို ၈၀၀၀လောက် တွေ့ရတယ်လို့ သိရပါတယ်။ ဝှေးစေ့အနေနဲ့ ပုံမှန် နာကျင်မှု ရှိ၊ မရှိ၊ ခံစားမှု ရှိ၊ မရှိ တလ တခါလောက် ကိုယ်တိုင် စမ်းသပ်ကြည့်သင့်ပြီး ထူးခြားချက် ရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၅) အိပ်ရေးဝအောင် အိပ်ပါ

လူတယောက်အတွက် ပုံမှန်ကျန်းမာရေး ကောင်းမွန်တဲ့ပုံစံ ဖြစ်အောင် နေထိုင်မှုအပိုင်းမှာ တရက်ကို ၇နာရီကနေ ၈ နာရီ အတွင်း အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်မှလည်း အထက်မှာ ပြောသလို လိင်ဆက်ဆံမှု အကောင်း ဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လူငယ် အများစုဟာ အခုလို အိပ်ရေးဝအောင် မအိပ်စက်ကြတာ တွေ့လာရပြီး စတန်းဖို့ တက္ကသိုလ်ရဲ့လူတသောင်းလောက် ကို လေ့လာမှုမှာ လူငယ် ၅ ယောက်မှာ ၁ယောက်က အိပ်ရေး ဝအောင် မအိပ်တာ တွေ့လာရပါတယ်။ အိပ်ရေးဝအောင် အိပ် စက်ဖို့ လိုအပ်ပါတယ်။

(၆) ငါးများများ စားပါ

ငါးတွေမှာ ပါရှိတဲ့ အိုမီဂါ ၃အက်ဆစ်နဲ့ အတူ DHA နဲ့ EPA တွေက ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဒါ ပေမယ့် အဆီများတဲ့ ငါးကြီးတွေ၊ မွေးမြူရေး ဆော်လမွန်တွေ စားသုံးခြင်းကတော့ မကောင်းပါဘူး။ ငါးလေးတွေနဲ့ တူနာ၊ ပင်လယ်ငါးတွေ စားသုံးပေးတာ အကောင်းဆုံးပါ။

(၇) အရက်ကို သင့်တင့်ရုံပဲ သောက်ပါ

လေ့လာချက်တခုမှာ တွေ့ထားရတာက အမျိုးသားတယောက်ဟာ သွေးတွင်း အယ်ကိုဟော ပမာဏ ဝ.၀၆ကနေ ဝ.၀၉ အ တွင်း ရှိနေပြီဆိုရင် လိင်ဆက်ဆံချိန် သုတ်လွှတ်မှုမှာ အားနည်းခြင်းနဲ့ အဆင်မပြေခြင်းတွေလို အားနည်းချက်တွေဖြစ်လာ စေတာ တွေ့ရတာပဲ ဖြစ်ပါတယ်။

ဒါအပြင် အရက် အလွန်အကျွံသောက်ထားသူတွေဟာ အချိန် ၂နာရီအတွင်း လိင်ဆက်ဆံမှု မပြုနိုင်လောက်အောင် အာရုံမရှိ တော့တာလည်း တွေ့ရပါတယ်။ သင့်တင့်ရုံပဲသောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၈) စိတ်ဖိစီးမှု မရှိအောင်နေပါ

အမျိုးသားတွေမှာ စိတ်ဖိစီးမှု ရှိလာရင် Adrenaline လို ဟော်မုန်းတွေ ထွက်လာပါတယ်။ သူတို့က နှလုံးခုန်နှုန်းကို မြန်စေ တယ်၊ သွေးလှည့်ပတ်မှု မြန်ဆန်လာစေပေမယ့် အမျိုးသား အင်္ဂါဆီကိုတော့ သွေးရောက်ရှိမှုနဲ့ လှုံ့ဆော်မှု ပိုမို အားနည်းသွား စေတာ တွေ့ရပြီး အခြား ကိုယ်ခန္ဓာအစိတ်ပိုင်းတွေကိုပဲ သွေးလှည့်ပတ်မှု ပိုကောင်းစေတာကြောင့် လိင်စိတ်နည်းသွားပြီး ပျော်ရွှင်မှု မရနိုင်တော့တာကြောင့် စိတ်ဖိစီးမှု အတတ်နိုင်ဆုံး ဖြေလျှော့နေထိုင်တာ အကောင်းဆုံး ဖြစ်ပါတယ်။

Ref: www.menshealth.com

Your Thoughts …
Tags: Health
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အမျိုးသမီးတွေရဲ့လိင်ဆန္ဒပြီးမြောက်ဖို့ အကောင်းဆုံးပုံစံ

by ချစ်ဖေ (တောင်တွင်းမြေ)
27 August 2017
75.8k

လိင်ဆန္ဒကို ရှက်ဖွယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်၊ လိင်ဆန္ဒဆိုတာ သဘာဝတရား ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ကျန်းမာရေးဆောင်းပါးကို ကျန်းမာရေးအမြင်နဲ့ပဲ ဖတ်ရှုစေလိုပါတယ်။

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
10 July 2017
182.2k

လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

တရက်တာအတွင်း လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်

by ချစ်ဖေ (တောင်တွင်းမြေ)
20 August 2017
48.2k

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထား တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဖော် - ကျော်မိုးထိုက်/ဧရာဝတီ

အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်

by အေဘယ်လ်
20 November 2016
100.8k

မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ပုံမှန် လိင်ဆက်ဆံခြင်းရဲ့အကျိုးကျေးဇူးများ

by ချစ်ဖေ (တောင်တွင်းမြေ)
10 September 2017
63.5k

သဘာဝတရားတခုဖြစ်တဲ့ လိင်ဆက်ဆံမှုကို ပုံမှန် ဆောင်ရွက်နေ ထိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ဘဝကို စည်း ချက်ညီ လှုပ်ရှားခြင်း ပုံစံတခုပါ။ အဲဒီလို ပုံမှန် လိင်ဆက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လာပါသလဲ။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်

by ချစ်ဖေ (တောင်တွင်းမြေ)
18 September 2017
72.8k

ဆီးကျိတ်ပိုင်းမှာ အားနည်းချက်တခုခု ရှိရင်လည်း ဆီး မကြာခဏ သွားချင်တတ်ပါတယ်။ ဆီးကျိတ်ပိုင်းမှာ ပြဿနာ ရှိနေရင် ဆီးကျိတ်က ဆီးပြွန်ကို သွားဖိမိနေတယ်၊ ဒီတော့ ဆီးကောင်းကောင်း မသွားနိုင်တော့ဘူး။

Next Post
ရွှေဇားကင်းစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ  /  မျိုးမင်းစိုး / ဧရာဝတီ

အကြမ်းဖက် ARSA အဖွဲ့ကို မွတ်စလင် ကျေးရွာသားများက လက်မခံ

ရန်ကုန်ရှိ ဗလီတခုအတွင်း ဘုရားဝတ်ပြုနေကြသော ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များ  / Getty Image

မောင်တောမီးကြောင့် ပြည်တွင်းနေ မြန်မာမွတ်ဆလင်တွေ စိုးရိမ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate