ကျနော်တို့ နေ့စဉ် နေထိုင်စားသောက်မှုတွေကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် အာဟာရတွေ ရရှိလာပြီး ဒီစွမ်းအင် တွေကို ကယ်လိုရီနဲ့ တိုင်းတာတယ်။
အဆိုပါ ကယ်လိုရီထက် ပိုမို စာသုံးမိလာပြီ ဆိုရင်တော့ သေချာတာက ကျနော်တို့ ဝလာပါလိမ့်မယ်။
တကယ်လို့ အလေးချိန် ပြန်ချချင်တယ်ဆိုရင်တော့ အဆိုပါ ကယ်လိုရီတွေကို ပြန်လည် လောင်ကျွမ်းအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး ပျမ်းမျှအနေနဲ့တော့ ကိုယ်အလေးချိန် တပေါင်အတွက် ကယ်လိုရီ ၃၀၀၀ ကနေ ၃၅၀၀ လောက် လောင်ကျွမ်းသွားရင် အလေးချိန် ၁ပေါင် လျော့ကျမှာလည်း ဖြစ်ပါတယ်။
ဒီတော့ လူအများစုက လမ်းလျှောက်တယ်၊ ပြေးတယ်၊ ရေကူးတယ်၊ အခြား လေ့ကျင့်ခန်းတွေ လုပ်တယ်။ အကြောင်းက တော့ ကျန်းမာဖို့အတွက်ရော ကယ်လိုရီတွေ လောင်ကျွမ်းသွားစေဖို့အတွက် ဖြစ်ပါတယ်။
ဒီလို လေ့ကျင့်ခန်းတွေအပြင် သဘာဝအတိုင်း လှုပ်ရှားလည်ပတ်မှုတခုဖြစ်တဲ့ လိင်ဆက်ဆံချိန်မှာလည်း ကယ်လိုရီတွေ လောင်ကျွမ်းကြပါတယ်။
နောက်ဆုံး အလွယ်ပြောရရင် လိင်ဆက်ဆံမှု အဆင့်ထိအောင်တောင် မဟုတ်ဘဲ ထိတွေ့ နမ်းရှိုက်မှု အနေအထားမှာတောင် ကယ်လိုရီ အနည်းနဲ့အများ လောင်ကျွမ်းသွားကြပါတယ်။
အကြောင်းကတော့ နမ်းရှိုက်သည်ပဲ ဖြစ်စေ၊ လိင်ဆက်ဆံသည်ပဲ ဖြစ်စေ လေ့ကျင့်ခန်း လုပ်ဆောင်သလိုမျိုး ခန္ဓာကိုယ် အ စိတ်အပိုင်းအားလုံး အနည်းနဲ့အများ အားစိုက် လုပ်ဆောင်ရတာကြောင့်ပဲ ဖြစ်ပါတယ်။ ကောင်းပါပြီ။ ဒါဆို လိင်ဆက်ဆံချိန် မှာရော ကယ်လိုရီ ဘယ်လောက်များ လောင်ကျွမ်းသွားပါသလဲ။
မွန်ထရယ်တက္ကသိုလ်ကနေ အသစ် လေ့လာတွေ့ရှိချက်ကတော့ လိင်ဆက်ဆံမှု တကြိမ်မှာ ကယ်လိုရီ ဘယ်လောက်ထိအောင် လောင်ကျွမ်းတယ်ဆိုတာ သေချာသိလာရတာပဲ ဖြစ်ပါတယ်။
အရင်ကတော့ လိင်ဆက်ဆံချိန်မှာ ကိုယ်ခန္ဓာလှုပ်ရှားမှုကြောင့် လေ့ကျင့်ခန်း လုပ်ဆောင်ချိန်နဲ့အတူတူ ကယ်လိုရီ လောင် ကျွမ်းမှု ရှိတယ်ဆိုတာ သိရုံလောက်ပဲ ဖြစ်ပေမယ့် အခုတော့ အတိအကျ သိလာရတာပါ။
လိင်ဆက်ဆံမှု တခါပြီးမြောက်တိုင်း အမျိုးသားတွေမှာ ကယ်လိုရီ ၁၀၀ ဝန်းကျင် လောင်ကျွမ်းသွားပြီး အမျိုးသမီးတွေမှာ တော့ ၆၉ ကယ်လိုရီလောက် လောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။
အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကိုယ်အလေးချိန် ပိုတတ်သလို ပိုမို သန်မာတတ်ကြပါတယ်။
ဒီအတွက် လေ့ကျင့်ခန်းလုပ်သည်ပဲ ဖြစ်စေ၊ လိင်ဆက်ဆံမှုအချိန်မှာပဲ ဖြစ်စေ လှုပ်ရှားမှုကြောင့် ကယ်လိုရီ လောင်ကျွမ်းမှု အ ပိုင်းမှာ အမျိုးသားတွေက ပိုမို လောင်ကျွမ်းသွားလေ့ ရှိပါတယ်လို့ မွန်ထရယ် တက္ကသိုလ်လ့လာရေးအဖွဲ့ဝင် ပါမောက္ခ Antony Karelis က ရှင်းပြပါတယ်။
လိင်ဆက်ဆံချိန်မှာလည်း အမျိုးသားတွေဟာ ခွန်အားစိုက်ထုတ်မှုကို အမျိုးသမီးတွေထက် ပိုမိုတာကြောင့် အခုလို ကယ်လိုရီ လောင်ကျွမ်းမှု ပိုတယ်လို့လည်း ဆက်ပြောပါတယ်။
နောက်ဆုံးအနေနဲ့ ပါမောက္ခ Karelis က ကျနော်တို့တွေ ခန္ဓာကိုယ်ကနေ ကယ်လိုရီ ၁၀၀ လောက် လောင်ကျွမ်းသွားဖို့ အ တွက် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်း မိနစ် ၂၀လောက် လုပ်ဆောင်လေ့ကျင့်မှ ကယ်လိုရီ ၁၀၀လောက် ပျက်စီးသွားမှာပါ။
အိမ်ထောင်သည်တွေအတွက်ကတော့ အိမ်ထောင်ရေးသုခ ခံစားရင်း ကယ်လိုရီ ၁၀၀ က လောင်ကျွမ်းသွားနိုင်ပါတယ်။ အိမ် ထောင်သည်တွေအတွက် ကံကောင်းခြင်းတခုပါပဲလို့ ဆက်ပြောပါတယ်။
Ref: www.maxim.com