• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ပုံမှန် လိင်ဆက်ဆံခြင်းရဲ့အကျိုးကျေးဇူးများ

by ချစ်ဖေ (တောင်တွင်းမြေ)
10 September 2017
in Health
A A
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

63.5k
VIEWS
Share on FacebookShare on Twitter

သင့်အနေနဲ့ သီချင်းတပုဒ် နားထောင်ရင်တောင်မှ စည်းချက်မှန်မှန်နဲ့ သီချင်းတွေကို ဖွဲ့စည်းထားတယ်၊ နားထောင်လို့ ကောင်းတယ်ဆိုတာ သင် သတိထားမိရင် သိပါလိမ့်မယ်။
သီချင်းက ဆူချင် ဆူမယ်၊ မြန်ချင် မြန်မယ်၊ နှေးချင် နှေးမယ်၊ ဒါပေမယ့် သူ့ စည်းချက်အတိုင်း တီးခတ်သီဆိုတယ်၊ နား ထောင်လို့ ကောင်းပါတယ်။ ဒီလိုပဲ သင့်အနေနဲ့လည်း သဘာဝတရားတခုဖြစ်တဲ့ လိင်ဆက်ဆံမှုကို ပုံမှန်ဆောင်ရွက်နေထိုင်ဖို့ လိုအပ်ပါတယ်။

ဒါဟာ ဘဝကို စည်းချက်ညီ လှုပ်ရှားခြင်း ပုံစံတခုပါ။ အဲဒီလို ပုံမှန် လိင်ဆက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင် လာပါသလဲ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
406
အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

9 March 2025
2k
HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

27 February 2025
1.8k

(၁) ငယ်ရွယ်နုပျိုစေတယ်

လိင်ဆက်ဆံချိန်မှာ အသက်အရွယ် ကြီးပြင်းလာမှုကို ဟန့်တာပေးတဲ့ ဟော်မုန်း DHEA – dehydroepiandrosterone ထွက်ရှိလာပြီး အရွယ်တင် နုပျိုစေတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ စောင့်ကြည့်မှုတွေအရ ပုံမှန်လိင်ဆက်ဆံ သူတွေဟာ ပုံမှန် ထိတွေ့မှု မရှိသူတွေထက် အသက် ၅ နှစ်ကနေ ၇ နှစ်လောက်ထိအောင် အရွယ်တင်တယ်လို့ ဆိုပါတယ်။

(၂) အသက်ရှည်စေတယ်

အနည်းဆုံး တပတ်ကို ၂ ကြိမ်နဲ့အထက် လိင်ဆက်ဆံသူတွေဟာ ပုံမှန် ထိတွေ့မှု မရှိသူတွေထက် ပျမ်းမျှ အသက် ၃နှစ် ကနေ ၈နှစ်ထိအောင် ပို အသက်ရှည် နေနိုင်ကြတယ်လို့ မှတ်တမ်းနဲ့လေ့လာချက်တွေအရ သိရပါတယ်။

(၃) ပိုမို ပိန်သွယ်စေတယ်

ပျမ်းမျှ လိင်တခါ ဆက်ဆံချိန် မိနစ် ၂၀အတွက် ကယ်လိုရီ ၂၀၀လောက် လောင်ကျွမ်းသွားတယ်၊ တပတ်ကို ၁ကြိမ်ပဲ ပုံမှန် ဆက်ဆံမယ်ဆိုရင်တောင် တနှစ်မှာ ကယ်လိုရီ ၇၅၀၀လောက်ထိအောင် အနည်းဆုံး လောင်ကျွမ်းသွားစေပါတယ်။

ဒါဟာ သင့်အနေနဲ့ တနှစ်လုံး ကီလိုမီတာ ၁၂၀လောက် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ရတာနဲ့ ညီတယ်၊ ဒါမှမဟုတ် လည်း အပြေးလေ့ကျင့်စက်ပေါ်မှာ နေ့တိုင်း ၁၅မိနစ်လောက် အပြေးလေ့ကျင့်ရာမှာ လောင်ကျွမ်းမယ့်ကယ်လိုရီတွေက ပုံမှန် လိင် ဆက်ဆံမှုနဲ့အတူ လောင်ကျွမ်းသွားမှာပါ။

(၄) နှလုံးကို အားကောင်းစေတယ်

လိင်ဆက်ဆံချိန်မှာ နှလုံးခုန်နှုန်းရော သွေးလည်ပတ် စီးဆင်းနှုန်းပါ မြင့်တက်လာလို့ နှလုံးကို လေ့ကျင့်အားပေးသလို ဖြစ် ပြီး ရေရှည်မှာ နှလုံးကို အားကောင်းလာစေတယ်လို့ (NATIONAL H0NOR SOCIETY) NHSရဲ့ဖော်ပြချက်အရ သိရ ပါတယ်။

ပုံမှန် လိင်ဆက်ဆံသူတွေဟာ နှလုံးရောဂါ အပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါ ဖြစ်ပွားနှုန်း လျော့နည်းကောင်းမွန်စေတယ် လို့လည်း သိရပါတယ်။

(၅) အမျိုးသားတွေကို သုတ်အားကောင်းစေတယ်

သုတ်အားကောင်းစေတယ် ဆိုတာ ကလေးရဖို့ သုတ်ပိုး အားကောင်းခြင်းကို ဆိုလိုရင်း ဖြစ်ပါတယ်။ အချို့အမျိုးသားတွေမှာ သုတ်အား မကောင်း၊ အားနည်းချက် ဖြစ်လို့ ကလေးမရနိုင်တာတွေ ရှိတတ်ပြီး အဆိုပါ သုတ်အားနည်းခြင်းမှာ ပုံမှန် လိင် ဆက်ဆံမှု နည်းပါးလို့ အချက်လည်း ပါနိုင်ပါတယ်။

ပျမ်းမျှ ၁၀ရက်မှ ၁ကြိမ်လောက်ပဲ လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေဟာ သုတ် အားနည်းသွားတတ်ကြပြီး အဆိုပါ ၁၀ ရက်နဲ့ အထက် အချိန်အကြာမှာမှ လိင်ဆက်ဆံခြင်း မပြုတာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Ref: www.huffpost.com

Your Thoughts …
Tags: Health
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အမျိုးသမီးတွေရဲ့လိင်ဆန္ဒပြီးမြောက်ဖို့ အကောင်းဆုံးပုံစံ

by ချစ်ဖေ (တောင်တွင်းမြေ)
27 August 2017
75.8k

လိင်ဆန္ဒကို ရှက်ဖွယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်၊ လိင်ဆန္ဒဆိုတာ သဘာဝတရား ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ကျန်းမာရေးဆောင်းပါးကို ကျန်းမာရေးအမြင်နဲ့ပဲ ဖတ်ရှုစေလိုပါတယ်။

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
10 July 2017
182.2k

လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

တရက်တာအတွင်း လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်

by ချစ်ဖေ (တောင်တွင်းမြေ)
20 August 2017
48.2k

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထား တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဖော် - ကျော်မိုးထိုက်/ဧရာဝတီ

အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်

by အေဘယ်လ်
20 November 2016
100.8k

မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်

by ချစ်ဖေ (တောင်တွင်းမြေ)
18 September 2017
72.8k

ဆီးကျိတ်ပိုင်းမှာ အားနည်းချက်တခုခု ရှိရင်လည်း ဆီး မကြာခဏ သွားချင်တတ်ပါတယ်။ ဆီးကျိတ်ပိုင်းမှာ ပြဿနာ ရှိနေရင် ဆီးကျိတ်က ဆီးပြွန်ကို သွားဖိမိနေတယ်၊ ဒီတော့ ဆီးကောင်းကောင်း မသွားနိုင်တော့ဘူး။

အရေပြား ဓာတ်မတည့်မှုနဲ့ အိမ်တွင်းကုထုံး

အရေပြား ဓာတ်မတည့်မှုနဲ့ အိမ်တွင်းကုထုံး

by ဒေါက်တာ သက်ဦး
15 January 2017
54k

ယားယံတာက သိပ်ပြီး ပြင်းထန် ဆိုးရွားနေရင် အဝတ်ရေစို ဝတ်ပေးတာက သက်သာစေပါသတဲ့။ အရင်ဆုံး ချည်သား လက်ရှည် တီရှပ်လိုမျိုးတွေကို ရှာပြီးသုံးသင့်ပါတယ်။

Next Post
ကမ္ဘာ့ အချမ်းသာဆုံး အင်္ဂလန် ဘောလုံးအသင်း ပိုင်ရှင်များ

ကမ္ဘာ့ အချမ်းသာဆုံး အင်္ဂလန် ဘောလုံးအသင်း ပိုင်ရှင်များ

/ သန်းနိုင်ဦး / ဧရာဝတီ

ဆရာသိုက်ထွန်းသက် ပြောပြတဲ့ ဝတ္ထုတိုရွှေခေတ်နဲ့ သရော်စာ အကြောင်း

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate