အရက်ထုတ်လုပ်တဲ့ ကုမ္ပဏီအများစုက အရက်ချက်လုပ်ရာမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ အားပေး ပစ္စည်း ထည့်သွင်းချက်လုပ်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေဆိုမှု ငြင်းဆန်လေ့ရှိသလို တချို့ကလည်း ပါဝင်ပစ္စည်းကို ထုတ်ပြောသည့်တိုင် အောင် အချို့သော ချန်လှပ်ထားတဲ့ ကင်ဆာဖြစ်စေနိုင်မှု အားပေးပစ္စည်းတွေ ပါရှိနေနိုင်တယ်လို့ ယူဆရပါတယ်။
ဆေးလိပ်သောက်သုံးမှုကြောင့် အသက်ရှူလမ်းကြောင်းပိုင်း အပါအဝင် အဆုတ်ကင်ဆာလို ကင်ဆာတွေ ဖြစ်နိုင်ခြေ ရှိသ လိုပဲ အရက်ကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေ ရှိတယ်၊ များတယ်ဆိုတာ အခု နောက်ပိုင်းလေ့လာချက်တွေအရ သိလာရ တာပဲ ဖြစ်ပါတယ်။
အရင်ကတော့ အရက်သောက်သုံးခြင်းဟာ အသည်းကိုပဲ ထိခိုက်မှု ဖြစ်စေနိုင်ပြီး အသည်းနဲ့ ပတ်သက်တဲ့ရောဂါဖြစ်နိုင် ခြေ များပေမယ့် ကင်ဆာဖြစ်နိုင်ခြေတော့ မရှိဘူးလို့ ယူဆခဲ့ကြတာ ဖြစ်ပေမယ့် အရက်ချက်လုပ်ရာမှာ ကင်ဆာ အားပေးပါဝင် ပစ္စည်း ထည့်သွင်းချက်လုပ်မှု ရှိနိုင်သလို အဆိုပါ ချက်လုပ်အရက်တွေကို သောက်သုံးမှုတွေကြောင့် အရက်သောက်သုံးသူ တွေလည်း ကင်ဆာဖြစ်နိုင်ခြေ ရှိတယ်လို့ သိလာရတာလည်း ဖြစ်ပါတယ်။
လန်ဒန်အခြေစိုက် Hygiene & Tropical Medicine နဲ့ ဆွီဒင်အခြေစိုက် Karolinska ကျောင်းတွေရဲ့ ပူးပေါင်း လေ့လာ ချက်အရ အခုလို အရက်သောက်သုံးမှုနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ပိုများမှုအကြောင်းကို အစပျိုး သိရှိလာရတာ ဖြစ်ပေမယ့် ဘယ် လောက်ထိအောင် ကင်ဆာဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကတော့ ပြောဖို့ ခက်နေသေးတယ်။
အရက်ကြောင့် ကင်ဆာဖြစ်ရခြင်းအကြောင်း လေ့လာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လေ့လာသူတွေက ကင်ဆာ အစပျိုး ဖြစ်ပွားနေသူတွေနဲ့ လက်ရှိ ကင်ဆာရောဂါ ခံစားနေရသူတွေကို အရက်သောက် သုံး ခြင်းနဲ့ ပတ်သက်တဲ့ လေ့လာမေးမြန်းချက်တွေ လုပ်ဆောင်နေသလို အရက်ထုတ်လုပ်သူတွေဆီကနေလည်း အရက်ကို ဘယ်လို အရာတွေ အသုံးပြု ချက်လုပ်တယ်ဆိုတာ လေ့လာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် အဖျော်ရည်ယမကာ ချက်လုပ်ရေး အဖွဲ့အစည်းကနေလည်း အရက်ချက်လုပ်မှုနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အသေးစိပ် လုပ်ဆောင်ဖို့ လိုအပ်ပြီ ဖြစ်တယ်လို့ ဆိုပြီး အရက်ချက်သူတွေအနေနဲ့ ဖော်ပြပါ ပါဝင်ပစ္စည်းတွေအပြင် အခြား ဘယ်လို အရာတွေ ထည့်သွင်း ချက်လုပ်သေးသလဲ ဆိုတာ စောင့့်ကြည့်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာမှာ ဈေးကွက်အောင်မြင်ပြီး အရက်ထုတ်လုပ်မှု အများဆုံး ကုမ္ပဏီတွေကတော့ အခုလို အရက်သောက် သုံးခြင်းနဲ့ ကျန်းမာရေး ထိခိုက်မှုအပိုင်းမှာ ကင်ဆာလို ရောဂါဖြစ်နိုင်ခြေကို အရက်က အားပေးတယ်၊ အဖြစ်များစေတယ်ဆို တာကို လက်မခံကြပါဘူး။
အထူးသဖြင့်တော့ Anheuser-Busch InBev နဲ့ Diageo လို ထုတ်လုပ်သူတွေက သဘောမကျဖြစ်နေကြပါတယ်။
ဒါပေမယ့် WHO ကိုယ်တိုင်ကတော့ အရက်သောက်သုံးသူတွေ အနေနဲ့ လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သား ကင်ဆာနဲ့ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေတွေ များစေတယ်လို့ ဆိုထားတာက လက်ခံ ယုံကြည်စရာပါ။
ပြီးတော့ အဆိုပါ ကင်ဆာ ဖြစ်နိုင်ခြေတွေဟာ အရက်သောက်သုံးမှု ပမာဏအပေါ် မူတည်တယ်လို့ ဆိုသလို သောက်သုံးမှု များရင် များသလို ကင်ဆာဖြစ်နိုင်ခြေလည်း ပိုစေတာ ဖြစ်ပါတယ်။
လေ့လာသူများအဖွဲ့ဟာ ၂၀၁၆ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာလထိအောင် ကမ္ဘာတလွှားက အရက်ချက်ကုမ္ပဏီကြီး ၃၀နဲ့ ဆက်စပ် သောက်သုံးသူတွေအကြား လေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုလို အရက်ချက်လုပ်မှုအပိုင်းမှာ ကင်ဆာ အားပေး ပါဝင်ပစ္စည်း ပါရှိသလားဆိုတဲ့ မေးခွန်းကို ထုတ်လာတာလည်း ဖြစ်ပါတယ်။
ဒီလို လေ့လာချက်နဲ့မေးခွန်းထုတ်မှုတွေအပြင် လေ့လာသူတွေ တွေ့လာရတာက အရက်သောက်သုံးမှုကြောင့်တင် မ ဟုတ်ဘဲ ချက်လုပ်မှု အပိုင်းမှာ ပါဝင်ပစ္စည်းတွေကြောင့် ရင်သားကင်ဆာနဲ့ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလာစေတဲ့အချက်လည်း ရှိပါသေးတယ်။
အခြား ကင်ဆာတွေထက် အရက်ချက်လုပ် ပါဝင်ပစ္စည်းတွေကြောင့် ရင်သားကင်ဆာနဲ့ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ များ တယ်လို့ လေ့လာသူတွေက ဆိုလာတာပါ။ ဒါပေမယ့် အခု လေ့လာသူတွေကပဲ အရက်ကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုစေတယ်လို့ ဆိုပေမယ့် အခြား ရင်သားကင်ဆာဆိုင်ရာ လေ့လာသူအဖွဲ့အစည်း ၂၁ ခုကတော့ အရက်ကြောင့် အဖြစ်များ တယ်ဆိုတာကို ပြောမထားတာလည်း တွေ့ရပြန်ပါတယ်။
ဒါပေမယ့် အခု လေ့လာသူတွေရဲ့ရလဒ်ကို လက်ခံသူ တဦးရှိနေပါတယ်။ သူကတော့ အခု လေ့လာသူတွေ ပြောသလို အရက် သောက်သုံးခြင်းက ကင်ဆာဖြစ်နိုင်ခြေ များတယ်ဆိုတာကို လက်ခံသူပါ။
သူကတော့ အင်္ဂလန် အခြေစိုက် Alcohol Health Alliacneရဲ့ တာဝန်ရှိသူ Ian Gilmore ဖြစ်ပြီး သူက အရက်ထုတ်လုပ် သူတွေဟာ ပြည်သူကို အထင်မှားနေစေတယ်၊ သူတို့ အရက်ရောင်းရဖို့ပဲ ဦးတည်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ အရက်သောက်သုံးသူ ၁၀ ဦးမှာ တဦးကပဲ ကင်ဆာနဲ့ အရက်ရဲ့ ဆက်စပ်မှုနဲ့ ဖြစ်နိုင်ခြေအကြောင်းကို သိရှိ နားလည်ထားပြီး အရက်နဲ့ ပတ်သက်တဲ့ကျန်းမာရေးအသိ နည်းပါးသူ များနေသေးတာလည်း ဖြစ်ပါတယ်။
အခု လေ့လာသူတွေရဲ့ရလဒ်ကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆေးလိပ်နဲ့ အရက်ရဲ့ အကျိုးအာနိသင်များ ခေါင်းစဉ်နဲ့ စာတမ်း ထုတ် ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒီစာတမ်းကို ကျန်းမာရေး အဖွဲ့အစည်းတိုင်းကို ဖြန့်ဝေအသိပေးမှုတွေ လုပ်ဆောင်သွားမယ် လို့လည်း သိရှိ့ရပါတယ်။
Ref: www.usnews.com