Health

ခရီးသွားလာခြင်းရဲ့အကျိုးကျေးဇူးများ

Want create site? Find Free WordPress Themes and plugins.

တကယ်တော့ ခရီးသွားတယ်၊ အပန်းဖြေတယ် ဆိုတာ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်စေနိုင်ဖို့၊ ပတ်ဝန်းကျင်တခုမှာ ငြီးငွေ့ နေ လို့ အခြား ပတ်ဝန်းကျင် အသစ်တခုမှာ ခဏတာ သွားရောက် ပျော်ရွှင်အောင် နေထိုင်လည်ပတ်ခြင်းဖြစ်ပါတယ်။

အခုတော့ လေ့ လာတွေ့ရှိချက်အသစ်တွေအရ ခရီးသွားလာခြင်းဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ လိင်စိတ်နိုး ထမှု ရှိစေပြီး အိမ်ထောင်ရေးသုခကိုပါ ပြည့်စုံစေနိုင်တယ်လို့ သိရှိလာပါတယ်။

ကောင်းပါပြီ၊ ဒါဆို ခရီးသွားလာခြင်းကနေ ဘယ်လို အကျိုးတွေများ ရစေနိုင်ပါသလဲ။

(၁) ခရီးသွားလာခြင်းက လိင်ဆက်ဆံထိတွေ့မှု ပိုမို ကောင်းမွန်စေတယ်

Expedia ရဲ့လေ့လာချက်အသစ်အရ လိင်ဆန္ဒ ဖြစ်ပေါ်မှုအပိုင်းမှာလည်း ခရီးသွားလာချိန်တွေမှာ ပိုမို နိုးထတတ်သလို မိမိ ကိုယ်ကို ခံစားမှုအပိုင်းမှာလည်း ငယ်ရွယ်သွက်လက်တယ်လို့ ခံစားမိစေတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမို ရှိစေ တတ်ပါတယ်။

နောက်ဆုံး အသွားအလာများမှုနဲ့အတူ ကယ်လိုရီ လောင်ကျွမ်းမှု ရှိစေပြီး ကိုယ်အလေးချိန် လျော့ကျမှုတောင် အနည်းငယ် ရှိစေတယ်လို့ သိရပါတယ်။

Expedia က အရင်နှစ်အတွင်းက ခရီးသွားခဲ့တဲ့ လူပေါင်း ၃၁ သန်းကျော် အပေါ်မှာ လေ့လာချက်စစ်တမ်းတွေ ကောက် ခံခဲ့ တာ ဖြစ်ပြီး အဆိုပါ စစ်တမ်းကောက် လူဦးရေအားလုံးရဲ့ ၈၁ ရာခိုင်နှုန်းက အခုလို ခရီးသွားချိန်တွေမှာ လိင်စိတ်၊ သွက် လက်မှုနဲ့ ခံစားချက်တွေကို အကောင်းဆုံး ရှိနေတယ်လို့ ဖြေဆိုလာခဲ့တာလည်း ဖြစ်ပါ တယ်။

၄၆ ရာခိုင်နှုန်းက စိတ်လက်ပေါ့ပါး ပျော်ရွှင်တယ်လို့ ဖြေကြတယ်၊ ၄၂ ရာခိုင်နှုန်းက ပျော်ရွှင်မှု ဖြစ်စေတယ်လို့ ဖြေဆိုတယ်၊ ၃၅ ရာခိုင်နှုန်းက စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်လိုက်နိုင်တယ်လို့ ဖြေကြပါတယ်။

အဲဒီထဲကမှ ၆ရာခိုင်နှုန်းက ခရီးသွားလာချိန်တွေမှာ လိင်စိတ်ဖြစ်ပေါ်မှုပါ ပုံမှန်ထက် ပိုမိုတယ်လို့ ဖြေဆိုလာတဲ့အတွက် အခု လို ခရီးသွားမှုက လိင်ဆက်ဆံမှုကိုပါ သက်ရောက်မှု ရှိနေစေတာလည်း ဖြစ်ပါတယ်။

လေ့လာချက်အတွင်း ပါဝင်ခဲ့တဲ့ ဒေါက်တာ Linda Papadopoulos ကလည်း စိတ်ဖိစီးမှုလျော့ကျသွားမှုနဲ့ အတူ ပျော်ရွှင်မှု ဖြစ်လာတယ်၊ နောက်တော့ အနီးမှာ ဆန့်ကျင်ဘက် လိင်ရှိမယ်၊ မိမိ ချစ်သူရှိမယ်ဆိုရင် လိင်စိတ် ဖြစ်ပေါ်လာမှုက ပုံမှန် အ ချိန်ထက် ပိုမိုတာကြောင့် ခရီးသွားချိန်ဟာ လိင်စိတ်နိုးထမှု ပိုမိုတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

(၂) ခရီးသွားလာခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်

အမေရိကန် အခြေစိုက် ခရီးသွားလာရေးအဖွဲ့အစည်းရဲ့ လေ့လာချက်အရ တနှစ်မှာ တကြိမ် အနည်းဆုံး အပန်းဖြေ ခရီးထွက် သူ တွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းမှု ရှိတာ တွေ့ရသလို အရွယ်မတိုင်ခင် သေဆုံးမှုလည်း လျော့နည်းတယ်လို့ ဆို ပါတယ်။

ခန့်မှန်းခြေနှုန်းထားတွေအရ ၃၀ ရာခိုင်နှုန်းလောက်ထိအောင် ခရီးမသွားသူတွေထက် ရောဂါဖြစ်နိုင်ခြေ နည်းသလို သေဆုံး နှုန်း နည်းတယ်လို့ သိရပါတယ်။

အဓိက အကြောင်းအရင်းကတော့ စိတ်ဖိစီးမှု လျော့နည်းခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုများခြင်းတွေကြောင့် ခရီးသွားလာခြင်း က ကျန်းမာရေးကို ပိုမို ကောင်းမွန်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၃) ခရီးသွားလာခြင်းက စိတ်ကျန်းမာရေးကိုပါ အားကောင်းစေတယ်

ခရီးသွားလာချိန်တွေမှာ စိတ်ဖိစီးမှု လျော့နည်းသွားတယ်၊ စိတ်ကြည်လင်မှု ကောင်းမွန်လာတယ်၊ ပျော်ရွှင်မှုတွေ များလာ တယ်၊ ဒီ့အတွက်ကြောင့် စိတ်ကျရောဂါလို ရောဂါတွေ အပြင် အထီးကျန်ခြင်းတွေလို စိတ်ကျန်းမာရေး အားနည်းစေတဲ့ အ ချက်တွေကို လျော့နည်းကောင်းမွန်စေတာ တွေ့ရပါတယ်။ Cornell တက္ကသိုလ်ရဲ့ လေ့လာချက်အရ စုပေါင် ခရီးသွားခြင်း က (အပျော်ခရီးထွက်ခြင်း) စိတ်ကျန်းမာရေးကို အကောင်းဆုံး သက်ရောက်မှု ရှိစေတယ်လို့ ဆိုပါတယ်။

(၄) ခရီးသွားလာခြင်းက သင့်ကို ကောင်းကောင်း အိပ်ပျော်စေတယ်

အလုပ်ကြောင့်ပဲ ဖြစ်စေ၊ မိသားစုရေး ပြဿနာတွေကြောင့်ပဲ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တတ်သူတွေ၊ အိပ်စက်မှု နည်းနေသူတွေအနေနဲ့ ခရီးထွက်ချိန်တွေမှာ ပိုမို အိပ်ပျော်စေတယ်လို့ သိရပါတယ်။

ကော်လိုရာဒိုတက္ကသိုလ်၊ အိပ်စက်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့တွေ့ရှိချက်တွေအရ ကိုယ်ခန္ဓာသွေးလှည့်ပတ်မှုနှုန်းက အစ စိတ်ကျန်းမာရေးအနေအထားတွေပါ ခရီးသွားနေချိန် အကောင်းဆုံး လည်ပတ်နေပြီး ပျမ်းမျှ အပျော်ခရီးထွက်ချိန်တွေမှာ လူတယောက်ဟာ ၁၀ နာရီလောက်ထိအောင် ကောင်းကောင်း အိပ်စက်တတ်ကြ၊ အိပ်စက်ဖြစ်ကြတယ်လို့ သိရပါ တယ်။

အိပ်ရေးဝအောင် အိပ်စက်ခြင်းက ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်ခြေလည်း လျော့နည်းစေတာကြောင့် အိပ်ရေး ၀ အောင် အိပ်စက်တာ အကောင်းဆုံးပါ။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading