သင့်အနေနဲ့ မကြာခဏ ဆိုသလို အပေါ့သွားချင်နေပြီဆိုရင်တော့ ပုံမှန် ရေသောက်များလို့လည်း ဖြစ်နိုင်သလို အခြား စိုးရိမ်စရာ တခုခုလည်း ရှိနေတာ ဖြစ်နိုင်ပါတယ်။
(၁) သင့်အနေနဲ့ ရေများများစားစား မသောက်ပါဘဲနဲ့ တနာရီကို ဆီးနှစ်ခါလောက်သွားနေပြီဆိုရင် ဆီးအိတ်မှာ တခုခု ဖြစ်နေပြီလို့ ယူဆရပါတယ်။
အကောင်းဆုံးကတော့ ဆီးအရောင် ပုံမှန်ရဲ့လားဆိုတာလည်း စောင့်ကြည့်နေသင့်သလို တနာရီ အနည်းဆုံး ဆီး၂ကြိမ် လောက် သွားလာပြီဆိုရင်တော့ အကောင်းဆုံးက ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
(၂) သင့်အနေနဲ့ မကြာခဏလည်း ဆီးသွားနေတယ်၊ ပြီးတော့ ဆီးသွားပြီးတိုင်းကို နောက်ထပ် ဆီးသွားချင်းစိတ် ဖြစ်နေပြီ ဆိုရင်တော့ UTI (Urinary Tract Infection)လို့ အတိုကောက်ဆိုတဲ့ ဆီးလမ်းကြောင်းပိုင်းဆိုင်ရာ ကူးစက်ရောဂါတခုခု ကူးစက်ခံနေရပြီဆိုတာ သိနိုင်ပါတယ်။
ရေသောက်များလို့လည်း ဖြစ်နိုင်သလို ကျောက်ကပ်ရောဂါတခုခုကြောင့်လည်း ဖြစ်နိုင်ပေမယ့် ဒီလို အကြောင်းတွေ မရှိရင် တော့ ဆီးလမ်းကြောင်းကူးစက်ရောဂါဖြစ်နေတာ သေချာသလောက် ရှိနေပါပြီလို့ ဒေါက်တာ Partha Nandiက ရှင်းပြထား တာ တွေ့ရပါတယ်။
(၃) ဆီးချိုသမားတွေအနေနဲ့ ပုံမှန်မဟုတ်ဘဲ ဆီးများများ သွားနိုင်တယ်၊ မကြာခဏ ဆီးသွားနိုင်မှုတွေ ဖြစ်နိုင်ပါတယ်။ အ ကြောင်းကတော့ ခန္ဓာကိုယ်က သူ့နည်းသူ့ဟန်နဲ့ မလိုအပ်တဲ့ ဂလူးကို့စ်တွေကို ဖယ်ထုတ် စွန့်ပစ်ခြင်းကြောင့်ပါ။ ဒီတော့ ဆီး မကြာခဏ သွားနေမယ်ဆိုရင် ဆီးချိုလားဆိုတာလည်း တချက် သတိပြုဖို့ လိုအပ်ပါတယ်။
(၄) ဆီးကျိတ်ပိုင်းမှာ အားနည်းချက် တခုခု ရှိရင်လည်း ဆီး မကြာခဏ သွားချင်တတ်ပါတယ်။ ဆီးကျိတ်ပိုင်းမှာ ပြဿနာ ရှိနေရင် ဆီးကျိတ်က ဆီးပြွန်ကို သွားဖိမိနေတယ်၊ ဒီတော့ ဆီးကောင်းကောင်း မသွားနိုင်တော့ဘူး၊ ဒါပေမယ့် ဆီးအိတ်ထဲ မှာလည်း ဆီးတွေရှိနေတော့ ဆီးထပ်သွားချင်နေသေးတယ်။ ဒီတော့ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေတယ်၊ ဒါပေမယ့် ဆီးမသွားဘူး ဖြစ်နေခြင်းမျိုးပါ။ ဒါကတော့ကျွမ်းကျင် ဆရာဝန်နဲ့ ပြသ စစ်ဆေးမှ သိရှိနိုင်မှာ ဖြစ်ပါတယ်။
(၅) ဆီးရွှင်ဆေးသုံးနေရသူတွေအတွက်တော့ မကြာခဏ ဆီးသွားတာ၊ ဆီးသွားချင်တာ အထူးအဆန်း မဟုတ်ပေမယ့် ဆီး ရွှင်ဆေးကို စွဲသောက်ရသူတွေ အတွက်တော့ မကောင်းပါဘူး။
ကျောက်ကပ်ပိုင်းဆိုင်ရာ အရည်တည်ရောဂါမျိုးနဲ့ သွေးတိုးသမားတွေက ဆီးရွှင်ဆေး စားရတတ်ပါတယ်။ အကြောင်းက တော့ ပိုနေတဲ့ စွန့်ပစ်အရည်တွေကို ဆီးအဖြစ် ထွက်သွားစေပြီး နေထိုင်ရ သက်သာစေအောင် ဖြစ်ပေမယ့်ရေရှည်သောက် နေရရင်တော့ မကောင်းပါဘူး။ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။
(၆) ကိုယ်ဝန်ဆောင်ကာလ၊ အထူးသဖြင့်တော့ ပထမ ၃ လတာအတွင်း ဆီးမကြာခဏ သွားဖြစ်နေခြင်းအတွက် စိတ်မပူပါ နဲ့။ ကိုယ်ဝန်ဆောင်လိုက်တဲ့အတွက် ဟော်မုန်းပြောင်းလဲမှုနဲ့အတူ ဆီးရွှင်လာတတ်ပြီး မကြာခဏ ဆီးသွားတတ်ပါတယ်။ ပုံ မှန် ဖြစ်စဉ်ပါ။ Kegelလို လေ့ကျင့်ခန်းမျိုး လုပ်ဆောင်ပေးသင့်တယ်လို့ စာရေးသူ ဒေါက်တာ Nandiက အကြံပေးထားတာ တွေ့ရပါတယ်။
(၇) ပုံမှန် လူတယောက်က ပျမ်းမျှ တရက်ကို ဆီး ၇ ကြိမ်နဲ့ အထက်သွားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ တင်ပါးဆုံတဝိုက် ကလည်း နာကျင်မယ်၊ တရက်ကို ဆီးသွားမှုကလည်း အကြိမ် ၃၅ ကနေ ၄၀ လောက်ထိအောင် ရှိနေမယ်ဆိုရင်တော့ အူ လမ်းကြောင်းဆိုင်ရာရောဂါ ဒါမှမဟုတ် အားနည်းချက် ဖြစ်နေပါပြီ။ အာရုံကြောနဲ့လည်း ဆိုင်တတ်ပါတယ်။
တချို့လည်း သောက်ဆေးနဲ့တင် ပျောက်ပါတယ်၊ တချို့က ဆီးအိတ်မကောင်းလို့ ဖြစ်ပါတယ်၊ ဆီးအောင့်တာများလို့၊ ဆီး သွားချင်ပေမယ့် မသွားဖြစ်အောင် ထိန်းထားတာများလို့ ဒဏ်ဖြစ်သွားစေတာမျိုးပါ၊ တချို့လည်း ခွဲစိပ်ရသည်ထိအောင် ဖြစ် တတ်ပါတယ်။ တင်ပါဆုံတဝိုက် နာကျင်မှုပါ ခံစားရရင်တော့ မပေါ့ပါနဲ့။
(၈) စိုးရိမ်စိတ်၊ ကြောက်စိတ်တွေကလည်း သင့်ကို မကြာခဏ ဆီးသွားစေချင်တတ်ပါတယ်။ ဒီအတွက် မိမိမှာ စိုးရိမ်နေမှု၊ ကြောက်မှု ဖြစ်နေသလား ပြန်စဉ်းစားပါ။
စိုးရိမ်စိတ်ကြောင့် ဆီးမကြာခဏ သွားချင်မှုအတွက်တော့ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် ဆီးသွားတိုင်း ဆီးစွန့်အင်္ဂါကိုတော့ သန့်ရှင်းအောင် နေထိုင်ထားရှိပါ၊ ဆီးမကြာခဏ သွားချင်က ဆီးနဲ့ ပတ်သက်တဲ့ကူးစက်ရောဂါ ကူးစက်ခံရနိုင်ခြေများလို့ ဖြစ်ပါတယ်။
(၉) သင့်အနေနဲ့ ဖျားနေသူတယောက်ဆိုရင်လည်း ဆီးမကြာခဏ သွားချင်တတ်ပါတယ်။ ဆီးအိတ်ပိုင်းဆိုင်ရာ အာရုံကြော ခံစားထိတွေ့မှု လျော့သွားပြီး မကြာခဏ ဆီးသွားချင်စိတ် ဖြစ်လာစေတာပါ။ ရေများများသောက်ပြီး ဆီးသွားပေးပါ။ ပုံမှန် ဖြစ်စဉ်မို့ စိတ်မပူရပါဘူး။
www.rd.com