Health

ဦးနှောက်ကို ထက်မြက်စေတဲ့ အစားအသောက်များ (အပိုင်း -၁)

Want create site? Find Free WordPress Themes and plugins.

သင့်ခန္ဓာကိုယ် အတွက်ရော၊ တွေးခေါ်မှတ်သားမှု အတွက်ပါ အရေးကြီးတာက ဦးနှောက်ပါ။ ဦးနှောက်က သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ထိန်းချုပ် လှုပ်ရှားစေတဲ့ အပြင် စဉ်စားတွေးခေါ်မှု၊ မှတ်သားမှုတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ် အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ဦးနှောက်ကို ထက်မြက် အားကောင်းစေမယ့် အစားအသောက် တချို့ကို တင်ပြပါမယ်။

တရုတ်နံနံကြီး

တရုတ်နံနံကြီးရဲ့ အရသာက သိပ်ထူးလှတယ် လို့ မဆိုနိုင်ပေမယ့် ဦးနှောက်စွမ်းရည်ကို မြင့်မားစေနိုင်ပါတယ်။ တရုတ်နံနံကြီးမှာ လုတီယိုလင်း (luteolin) ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အဲဒီဓာတ်ဟာ ဦးနှောက်ရောင်ရမ်းခြင်းကို လျှော့ချပေးတဲ့ အပင်ကရတဲ့ ဒြပ်ပေါင်းဖြစ်လို့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။

၂၀၁၀ ပြည့်နှစ်က ကြွက်အိုတွေနဲ့ စမ်းသပ် ချက်အရ လုတီယိုလင်း ဓာတ်ဟာ အသိအာရုံနဲ့ အမြင်အာရုံခံစားနိုင်မှု ကျဆင်းခြင်းကို နှေးကွေးစေတယ် လို့ ဆိုပါတယ်။ တရုတ်နံနံကြီးကို အရိုးကနေ ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးမစားဘဲ အရည်ပြုတ် သောက်ခြင်းကအာနိသင်ကို ပိုမိုထက်မြက်စေပါတယ်။ သာမန်ထက် ထူးကဲပြီး ဦးနှောက်စွမ်းအား မြင့်မားစေဖို့ အတွက် အရည်ရွှဲရွဲနဲ့ ဆမ်းစားလို့ကောင်း၊ သောက်လို့ ကောင်းတဲ့ တရုတ်နံနံကြီးစွပ်ပြုတ်ကို မြည်းစမ်းကြည့်ပါလို့ ဆိုပါရစေ။

ချောကလက်အညို

ချောကလက် ချစ်သူများအတွက် သတင်းကောင်း ပါးချင်ပါတယ်။ ဦးနှောက်စွမ်းအား မြင့်မားစေဖို့ နည်းလမ်း အထွေထွေ လေ့လာမှုတွေထဲမှာ အသိအမြင်အာရုံနိုးကြားစေပြီး စိတ်ဖောက်ပြန်နိုင်မှုကို လျှော့ချပေးကာ ဦးနှောက်ရဲ့ စဉ်းစားနိုင်မှု အပေါ် စိန်ခေါ်ခြင်းကို ဖြေရှင်းနိုင်စွမ်း တိုးတက်စေတာကတော့ ကျန်းမာရေးအထောက်အကူပြုစေတဲ့ ချောကလက်အညိုပါပဲ။

ချောကလက်စားသုံးခြင်းကြောင့် ဦးနှောက်အစိတ်အပိုင်းတွေထဲမှာ သင်ယူနိုင်မှုနဲ့မှတ်ဉာဏ်ကို တိုးတက်စေတဲ့အကြောင်း သုတေသီတွေက ၂၀၁၃ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်က နောက်ထပ် စမ်းသပ်မှုတခုမှာတော့ ဖလေဗန်နော (high-flavanol) ဓာတ် မြင့်မားတဲ့ ချောကလက်ဟာ အသက်အရွယ် ကြီးသူတွေ အတွက် မှတ်ဉာဏ် စမ်းသပ်မှု အပါအဝင် အသိအမြင် စွမ်းရည် စမ်းသပ်မှုမှာ လုပ်ဆောင်နိုင်စွမ်း တိုးတက်စေတာ တွေ့ရှိခဲ့ပါတယ်။ ချောကလက်ဟာ စိတ်ဓာတ်ကျဆင်းစေခြင်းနဲ့ ဒေါသဖြစ်လွယ်ခြင်း စတဲ့ လက္ခဏာတွေ လျှော့ချပေးနိုင်ပြီး၊ စိတ်တည်ငြိမ်ခြင်းနဲ့ ကျေနပ်ရောင့်ရဲခြင်း ခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါဟာ ချောကလက်မှာ ပါဝင်တဲ့ ဖလေဗာနော (flavanol) နဲ့ မီသိုင်းဇန်သင်း (methylxanthine) ဓာတ်တွေရဲ့ အကျိုးကျေးဇူးကြောင့် လို့ ဆိုပါတယ်။

သစ်ချသီး 

အခွံမာသီး အားလုံးဟာ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်ပါတယ်။ သို့ပေမယ့် သစ်ချသီး (သစ်ကြားသီး) ကတော့ အဲဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီနေရာမှာ သစ်ချသီးနဲ့ ပတ်သက်ပြီး စီမံနိုင်တဲ့ ဟင်းလျာ ၁၀ မျိုးကို တင်ပြလို ပါတယ်။ သစ်ချသီးမှာ မြင့်မားတဲ့ DHA လို့ ခေါ်တဲ့ ဒိုကိုစဟာဇန်းနစ်အက်ဆစ် (Docosahexaenoic acid) ဓာတ် ကြွယ်ဝမှုကြောင့် အိုမီဂါ ၃ အဆီအက်ဆစ်ဓာတ်ကို တွေ့ရပါတယ်။ သစ်ချသီး တခွက်ရဲ့ ၄ ပုံ ၁ ပုံမှာ သင် နေ့စဉ် စားသုံးသင့်တဲ့ DHA ရာနှုန်းပြည့် ပါဝင်တယ် လို့ ဆိုပါတယ်။။

ယင်းကဲ့သို့ အခွံမာသီးမျိုးဟာ ဦးနှောက်ကျန်းမာရေးနဲ့ ဆက်စပ်ပြီး စိတ်ကူးသစ်တွေမွေးဖွားစေပြီး အသက်ကြီးသူတွေ အတွက် ခံစားသိမြင်နိုင်စွမ်း တိုးမြင့်လာစေပါတယ်။ ဒါအပြင် အသက်အရွယ် မရွေး ဖြစ်တတ်တဲ့ အသိအမြင်အာရုံခံမှု ကျဆင်းလာတာကိုလည်း ကာကွယ်ပေးပါတယ်။ ၂၀၁၂ ခုနှစ်က လေ့လာမှုတခု အရ သစ်ချသီး စားသုံးခြင်းဟာ လူငယ်များ အတွက် ကောက်ချက်ဆွဲခြင်းအပေါ် စဉ်းစားဆင်ခြင်နိုင်မှု တိုးတက်လာစေတယ်လို့ ဆိုပါတယ်။

မုန်လာဥနီ 

သင့် ခန္ဓာကိုယ် အတွင် သွေးလည်ပတ် စီးဆင်းတဲ့ အထဲမှာ သေးငယ်တဲ့ အမှုန်လေးတွေ၊ ပါဝင်နေရင်တော့ သင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးဖို့ တွန်းအားပေးသလို ဖြစ်နေပြီး အရွယ်မတိုင်မီ မှတ်ဉာဏ် ချို့တဲ့စေနိုင်ပါတယ်။ သို့ပေမယ့် ၂၀၀၀ ပြည့်နှစ်က လေ့လာမှုတခုအရ မုန်လာဥနီထဲမှာ ပါတဲ့ အန်တီအောက်ဆီးဒင့် (antioxidant) ဓာတ်ကတော့ သွေးထဲက အမှုန်လေးတွေကို ပေါင်းစုစေပြီး ချေဖျက်ပစ်နိုင်တဲ့ အပြင် အဲဒီဥနီတွေက လူရဲ့ ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် အထောက်အကူ ပြုတာ တွေ့ရတယ် လို့ ဆိုပါတယ်။ ပြီးတော့ အသိအာရုံ၊ အမြင် အာရုံ နဲ့ အတွေးအမြင်တွေ၊ အာရုံကြောတွေကို နိုးကြားအားဖြည့်ပေးပါတယ်။

အဆီများတဲ့ ငါး 

ဦးနှောက် ပုံမှန်ကျန်းမာနေဖို့ အတွက် အိုမီဂါ ၃ အဆီဓာတ် ကြွယ်ဝဖို့ လိုအပ်ပါတယ်။ အဲဒီ အဆီဓာတ်အတွက် ဆယ်လမွန်ငါး၊ ထရောက်ရေချိုငါး၊ မြောက်အတ္တလန္တိတ် ငါးသလောက်၊ ငါးသေတ္တာငါး အစရှိတဲ့ အဆီများတဲ့ ငါးတွေက အကောင်းဆုံး သဘာ၀ ရင်းမြစ်တွေပဲ ဖြစ်ပါတယ်။ အဆီများတဲ့ ငါးတွေမှာ EPA လို့ ခေါ်တဲ့ (eicosapentaenoic acid) ဓာတ်နဲ့ DHA တို့ အသင့်ပါဝင်ပြီး ဖြစ်တဲ့ အတွက် အဲဒီ အာဟာရဓာတ်တွေ အတွက် စားသုံးရန် အသင့်ငါးများလို့တောင် ခေါ်နိုင်ပါတယ်။

EPA နဲ့ DHA တို့ဟာ ဦးနှောက်အတွင်းရှိတဲ့ စိတ်ဖိစီးမှုနဲ့ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဓာတုဖြစ်စဉ် ဆီရိုတိုနင် (serotonin) ကို အထောက်အကူ ပြုပါတယ်။ မကြာသေးမီက လေ့လာမှုအရ အမေရိကန်ပြည်ထောင်စုမှာ အိုမီဂါအဆင့် ၃ မြင့်မားခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ရေးတို့ကြားမှာ ဒီအချက်ကို ဖြစ်နိုင်စရာ ပေါင်းကူး အဖြစ် တွေ့ရှိခဲ့ကြတယ် လို့ ဆိုပါတယ်။

ခရမ်းချဉ်သီး

နောက်ထပ် ဦးနှောက်စွမ်းအား မြင့်မားစေတဲ့ အစားအစာကတော့ သင့်အနေနဲ့ ခရမ်းချဉ်သီးကို နေ့စဉ်စားသုံးခြင်း ပါပဲ။ စူပါမားကက်တွေမှာ ခရမ်းချဉ်သီး အရွယ်စုံဆိုက်စုံ မြင်ဖူးကြမှာပါ။ အိမ်မှာလည်း သဘာဝခရမ်းချဉ် စိုက်ပျိုးလို့ ရပါတယ်။ ဒီအသီးမှာ အဆိပ်အတောက်တွေကို ဖယ်ရှား ရှင်းလင်းပေးတဲ့ လိုင်ကိုပင်းဓာတ် စွမ်းအားမြင့် ပါဝင်ပါတယ်။ စိတ်ဖောက်ပြန်မှု ဖြစ်ပေါ်စေတဲ့ သွေးအတွင်း ပါဝင်နေတဲ့ အမှုန်တွေကို တိုက်ဖျက်ပေးတယ်။ ခရမ်းချဉ်သီးမှာ ဦးနှောက်ကျန်းမာရေးနဲ့ လုပ်ဆောင်နိုင်စွမ်းကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

၂၀၁၃ ခုနှစ် လေ့လာချက်များအရ ဗီတာမင်ဘီ အုပ်စုဝင် ချိုလင်း အာဟာရဓာတ်ဟာ မှတ်ဉာဏ်ကို တိုးတက်စေပြီး လေ့လာသင်ယူမှုကို အထောက်အကူ ပြုစေပါတယ်။ ပုံမှန်အိပ် ပျော်စေပါတယ်။ ပြောရရင် ခရမ်းချဉ်သီးမှာပါတဲ့ alpha-lipoic  လို့ခေါ်တဲ့ အက်ဆစ်ဓာတ်က ဦးနှောက်တစ်သျှူးတွေကို ထိန်းသိမ်းပေးပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကိုတောင် တနည်းတဖုံ နှောင့်နှေးစေတယ် လို့ ဆိုပါတယ်။

ဥများ

သင့်အတွက် ကျန်းမာရေး အထောက်အကူဖို့ အတွက် အာဟာရ အမျိုးမျိုးမှာ ဥအမျိုးမျိုးကို မေ့ထားလို့ မဖြစ်ပါဘူး။ ဖင်လန်နိုင်ငံမှ သုတေသီတွေရဲ့ အဆိုအရ ဥအမျိုးမျိုး စားသုံးခြင်းဟာ ဦးနှောက်စွမ်းအား မြင့်မားလာစေတယ် လို့ သိရပါတယ်။ ဖင်လန်နိုင်ငံက လူပေါင်း ၂၅၀၀ ခန့်ရဲ့ စားသုံးမှုကို ၂၂ နှစ်ကြာ စောင့်ကြည့် လေ့လာခဲ့ရာမှာ နေ့စဉ် ကြက်ဥတလုံးနဲ့ ညီမျှတဲ့ အစားအစာ တမျိုးကို စားခြင်းဟာ စိတ်ဖောက်ပြန်ခြင်းနဲ့ အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားခြင်း လုံးဝနီးပါး မရှိတော့ကြောင်း တွေ့ရှိရပါတယ်။

ဖရုံစေ့ 

သစ်စေ့များဟာ ဦးနှောက်ကို အထူးအထောက်အကူပြု ပါတယ်။ အထူးသဖြင့် ဖရုံစေ့ဟာ သစ်စေ့တွေထဲမှာ ဦးနှောက်ကို အထောက်အကူပြုရာမျာ အကောင်းဆုံးလို့ ဆိုရမှာပါ။ အိုမီဂါအဆင့် ၃ အဆီအက်ဆစ်ဓာတ် ပါဝင်တဲ့ အတွက် စိတ်ကျန်းမာရေးကို တိုးတက်စေပြီး မှတ်ဉာဏ်ကို ထိန်းသိမ်းပေးကာ ဦးနှောက်ဖွံ့ဖြိုးမှုအား ပံ့ပိုးပေးပါတယ်။

ဖရုံစေ့မှာ မဂ္ဂနီဆီယံဓာတ် မြင့်မားစွာပါဝင်ပြီး ဦးနှောက်ကို တည်ငြိမ်စေတဲ့ အပြင် သွပ်ဓာတ်ပါဝင်တဲ့ အတွက်လည်း ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအား တိုးတက်စေပါတယ်။ ဖရုံစေ့လက်တဆုပ်မှာ လူ့ခန္ဓကိုယ် တခုလုံး လိုအပ်တဲ့ သွပ်ဓာတ် ရာခိုင်နှုန်း ၅၀ ပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ် လေ့လာဆန်းစစ်မှုများ အရ သွပ်ဓာတ်ဟာ ဦးနှောက်မှတ်ဉာဏ်နဲ့ အသိအမြင် စွမ်းဆောင်ရည်တို့ကြား ပုံမှန်ဆက်နွှယ်မှုကို ဆုံးဖြတ်ပေးနိုင်တယ် လို့ ဆိုပါတယ်။

ဂေါ်ဖီပန်းပွင့်အစိမ်း

ဂေါ်ဖီပန်းပွင့်အစိမ်းလို သစ်သီးဝလံမျိုးဟာ ဆာဖိုရာဖင်း ဒြပ်ပေါင်း ပါဝင်ပြီးတော့ ဦးနှောက်အာရုံကြောများရဲ့ တုံ့ပြန်နိုင်မှု စွမ်းရည်ကို အသစ်တဖန် တိုးတက်ပြီး ပြုပြင်ပေးပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံမှ သုတေသီတွေရဲ့ အဆိုအရ ဆာဖိုရာဖင်း ဒြပ်ပေါင်းဟာ အကြောသေခြင်း၊ ကယ်ဆီယံဓာတ်ချို့တဲ့ခြင်း၊ စိတ်ဖိစီးခြင်း၊ အသားအရေ ရောင်ရမ်းခြင်း အစရှိတဲ့ ရောဂါဗေဒဆိုင်ရာ အားနည်းချက်တွေကို ကုစားပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာ ဗီတာမင်ကေဓာတ် ပါဝင်ပြီး အဲဒီ ဓာတ်က အသိအမြင် စွမ်းရည်ကို ခိုင်မာစေကာ အယ်လ်ဇိုင်းမား ရောဂါကို တိုက်ဖျက်နိုင်စွမ်း ရှိပါတယ်။ ၂၀၀၈ ခုနှစ်က လေ့လာချက် အရ အယ်လ်ဇိုင်းမား ရောဂါ စတင် ခံစားနေသူထဲမှာ ဗီတာမင်ကေဓာတ်က ဦးနှောက်ကျန်းမာရေးကို အထူး ကာကွယ်ပေးနေတာ တွေ့ရပါတယ်။

ဝိုင်

သင့်ရဲ့ ညနေခင်း ဝိုင်တခွက်ဟာ သင့်အတွက် အပန်းပြေစေပါတယ်။ ဒါတင်မကဘဲ အနည်းဆုံး သင့်ဦးနှောက်ကိုပါ အကြီးအကျယ် အထောက်အကူ ပြုစေတယ်လို့ ဆိုပါတယ်။ ယေးလ်ဆေးတက္ကသိုလ်မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒေါက်တာ ဂေါ်ဒင်စတီးဖက် က ဝိုင်သောက်သုံးခြင်းဟာ အားကစား လေ့ကျင့်ခန်း လုပ်တာထက် ဦးနှောက်ကို ပိုမို လန်းဆန်းစေတယ် လို့ ဆိုပါတယ်။ ဒါအပြင် ဝိုင်တခွက်ကို သောက်လိုက်ရင် အာခံတွင်းမှာ ရှင်းစေပြီး လျှာရဲ့ ကြွက်သား များနဲ့ လျှာမှာ ရှိတဲ့ အရသာ အာရုံခံ အဖုကလေးတွေကိုလည်း အားကောင်းစေတယ် လို့ ဆိုပါတယ်။ ဒါဟာ ဦးနှောက်ကိုပါ ပံ့ပိုးပေးတဲ့ သဘောဖြစ်ပြီး၊ တေးဂီတနားဆင်ခြင်း (သို့မဟုတ်) သင်္ချာတွက်ချက်ခြင်း တို့ထက် ဦးနှောက်ကို ဝိုင်တခွက်က ပိုပြီး လန်းဆန်းအားပြည့်စေတာပါပဲ။ ။

(ဆက်လက်ဖော်ပြပါမည်)

Did you find apk for android? You can find new Free Android Games and apps.
Loading