Health

လေ့လာချက်အသစ်အရ လိင်ဆက်ဆံခြင်းနဲ့ အိပ်စက်ခြင်းတွေက ပျော်ရွှင်မှု အများဆုံးဖြစ်စေ ဟုဆို

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့အတွက် ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မယ် ထင်သလဲ၊ ချမ်းသာကြွယ်ဝမှုလား၊ အရက်သေစာ သောက် စား ပျော်ပါးရမှုလား ဒါမှမဟုတ် အရမ်းလှတဲ့ ချစ်သူ၊ ဇနီးတယောက်နဲ့ ချစ်စရာကောင်းတဲ့ သားသမီးတွေ ပိုင်ဆိုင်ထားရ မှုလား။

စိတ်ဝင်စားစရာကောင်းတာကတော့ အဲဒီလိုအချက်တွေက ဘဝကို ပိုမို ပျော်ရွှင်နိုင်စေတာ မှန်ပေမယ့် အားလုံးထဲမှာ ဘယ် အရာက တကယ်ကို လူတိုင်းကို အမြင့်ဆုံး ပျော်ရွှင်မှတ်ရောက်စေတာပါလဲ။

အခု လေ့လာချက်အသစ်အရတော့ လူတယောက်ချင်းစီရဲ့ ကျား၊ မ မရွေး ပျော်ရွှင်မှုအများဆုံး၊ အမြင့်ဆုံး ရနိုင်တဲ့ နေရာ ကတော့ အိပ်ရာထက်ကနေ ပေါက်ဖွား ဖြစ်တည်လာတယ်ဆိုတာ သိလာရပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ခြင်းနဲ့ လိင် ဆက်ဆံခြင်းတွေက အခြား အရာအားလုံးထက် ပိုမိုသော ပျော်ရွှင်ခြင်းကို ပေးနိုင်တယ်ဆိုတာ သိလာရတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ကျနော်တို့အတွက်အပျော်က ချစ်သူ၊ ဇနီးမယား ရှိရင် ပိုပြည့်စုံမယ်။ မဟုတ်ရင်တောင် အိပ်စက်နေရင်းနဲ့ အ လွယ်တကူ ရနိုင်လာပါပြီပေါ့။

အောက်စဖို့စ် စီးပွားရေးပညာဌာနနဲ့ လူမှုဘဝနေထိုင်မှုဆိုင်ရာ လေ့လာရေးအဖွဲ့တို့ ပူးပေါင်းလေ့လာချက်အရ စုံတွဲပေါင်း ၈၂၅၀ ထိအောင် စစ်တမ်းကောက် လေ့လာခဲ့ပြီး သိလာရတာက အခုလို အိပ်စက်ခြင်းနဲ့ လိင်ဆက်ဆံနေခြင်းတွေကနေ အကောင်းဆုံးနဲ့အမြင့်ဆုံး ပျော်ရွှင်မှုကို ပေးနိုင်တယ်ဆိုတာ သိလာရတာပဲ ဖြစ်ပါတယ်။

စစ်တမ်းမှာ ကောက်ခံလေ့လာသူတွေရဲ့ အားလုံးရဲ့ရာခိုင်နှုန်း ၆၀လောက်က လိင်ဆက်ဆံမှုနဲ့ အိပ်စက်ခြင်းတွေကနေ အ ကောင်းဆုံး ပျော်ရွှင်မှုကိုရော စိတ်အပန်းပြေမှုကိုပါ ရရှိခံစားရတယ်လို့ ဆိုပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ အခြား အပန်းဖြေ အနားယူနည်းတွေနဲ့ ပျော်ရွှင်မှု ရှာတတ်တာ တွေ့လာရပါတယ်။

ဒီလို ၆၀ရာခိုင်နှုန်းထဲကမှ ၃၅ရာခိုင်နှုန်းဟာ ဆိုရင်လည်း လိင်ဆက်ဆံမှုနဲ့အတူ အိပ်စက်ခြင်းတွေက အခြားပျော်ရွှင်မှု ရှာဖွေနည်းတွေထက် ပိုမိုတဲ့ အကောင်းဆုံး စိတ်ပျော်ရွှင်မှုကို ပေးတယ်လို့ ဆိုကြပါတယ်။

နောက်ဆက်တွဲအနေနဲ့ သိလာရတာကတော့ ပုံမှန် လိင်ဆက်ဆံသူတွေက ပုံမှန် အိပ်စက် ပျော်မွေ့ခြင်းကိုလည်း ရရှိတတ် ကြပြီး လိင်ဆက်ဆံမှုနဲ့ ကောင်းစွာ အိပ်ပျော်မှုတွေကလည်း ချိတ်ဆက်နေတာကြောင့် အခုလို လိင်မှုနဲ့ အိပ်စက်ခြင်းတွေက တဆက်တည်း ပျော်ရွှင်မှုကို ပေးလာတယ် ဆိုတာ သေချာနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ အိပ်ရေးဝအောင် အိပ်စက်တတ်သူတွေနဲ့ လိင် ပုံမှန်ဆက်ဆံသူတွေက ဘဝပျော်ရွှင်ခြင်း အမှတ်ရရှိမှုမှာ တခြားသူ တွေထက် ရမှတ် ၁၅မှတ်လောက်ထိအောင် ပိုနေတာလည်း ဖြစ်ပါတယ်။

ဒါဆိုရင်တော့ တကိုယ်တည်းသမား ဖြစ်နေရင်တောင် အိပ်ပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊ ချစ်သူ၊ ဇနီးမယားနဲ့ဆိုရင်လည်း ပုံမှန် လိင်ဆက်ဆံမှုက အိမ်ထောင်ရေးရော မိမိ ကိုယ်ပါ ပျော်ရွှင်မှု ကောင်းကောင်းပေးပါလိမ့်မယ်။

www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading