အခု လူတယောက်ရဲ့ မျက်နှာကို ပုံပန်းသဏ္ဌာန်နဲ့ အတူ သူ့ရဲ့လိင်စိတ်ခံစားမှု ဘယ်လောက်ထိအောင် ရှိမယ် ဆိုတာကို သိနိုင်တယ်လို့ နောက်ဆုံး လေ့လာချက်တခုရဲ့အဖြေအရ သိလာရပြီး အဆိုပါ အကြောင်းကို Archives of Sexual Behavior မှာ ဖော်ပြထားတာ တွေ့ရလို့ ကျနော် နည်းနည်း ဖောက်သည် ပြန်ချချင်ပါတယ်။
ဒီနေရာမှာ မျက်နှာပုံသဏ္ဌာန်ဆိုတာ ချောတယ်၊ လှတာ၊ ရုပ်ဆိုးတာ၊ ခန့်တာတွေ မဟုတ်ပါဘူး။ မျက်နှာရဲ့မျက်နှာစာ အ ကျယ် (ဘယ်ဘက်ပါးကနေ ညာဘက်ပါး)နဲ့ မျက်နှာရဲ့ အမြင့် (မေးစေ့ကနေ နဖူးထိအောင်)၊ အဆိုပါ အကျယ်နဲ့ အမြင့်ရဲ့ အချိုးအဆကို ကြည့်ပြီး သိနိုင်မှာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ၊ Nipssing တက္ကသိုလ်ကနေ ချစ်သူ၊ အိမ်ထောင်ဖက် ရှိတဲ့၊ လိင်ဆက်ဆံမှု ရှိတဲ့ လူပေါင်း ၄၅၇ ယောက်ရဲ့ မျက် နှာအနေအထားကို အချိုးအဆကို မှတ်သားတယ်၊ ပြီးတော့မှ သူတို့ရဲ့လိင်စိတ်ခံစားမှုကို အမှန်အတိုင်း မေးမြန်းလေ့လာထား တာ ဖြစ်ပါတယ်။
ဒီနေရာမှာ တွေ့လာရတာကတော့ မျက်နှာအကျယ်ထက် အမြင့် (မျက်နှာရှည်သူတွေ)က လိင်မှုဆန္ဒ သိပ်မရှိတတ်ကြဘဲ လေး ထောင့်ဆန်ဆန် မျက်နှာပိုင်ရှင်တွေ၊ မျက်နှာအကျယ်နဲ့ အမြင့် သိပ်မကွာသူတွေကတော့ လိင်စိတ်များတယ်လို့ တွေ့လာရ တာပဲ ဖြစ်ပါတယ်။
အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျက်နှာက မရှည်ဘူး၊ မျက်နှာအကျယ်နဲ့ အမြင့်နဲ့ သိပ်မကွာကြသူတွေက လိင် မှုရေးရာမှာ ပိုပြီး တက်ကြွတယ်၊ စိတ်ဆန္ဒပိုကြပါတယ်၊ ဒါပေမယ့် မျက်နှာရှည်သူတွေကတော့ သိပ်ပြီး လိင်စိတ် မရှိကြဘူး လို့ လေ့လာရေး အဖွဲ့က တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။
နောက်ဆက်တွဲ သိလာရတဲ့အချက်တချက်အနေနဲ့ဆိုရင်လည်း မျက်နှာပြင် အမြင့်ထက်၊ မျက်နှာကျယ်သူတွေက အိမ်ထောင် ရေးပိုင်းမှာ လိမ်ညာမှု နည်းတတ်ကြတယ်။
တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ကွာရှင်းလိုက်ဖို့ပဲ စဉ်းစားတတ်ကြပြီး သည်းခံမှု၊ ထိန်းချုပ်မှု နည်းတတ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မျက်နှာရှည်သူတွေထက် မျက်နှာကျယ်သူတွေက အထက်မှာ ပြောခဲ့သလို လိင်စိတ်များပြီး အိမ်ထောင်ရေး မ ပြေလည်မှုအတွက် ကွာရှင်းခြင်းပုံစံနဲ့ ပြဿနာ ဖြေရှင်းပြီး နောက်အိမ်ထောင်ပြုဖို့ စဉ်းစားမှု များတယ်လို့ တွေ့လာရတာ လည်း ဖြစ်ပါတယ်။
လေ့လာသူတွေက အဆိုပါ လေ့လာချက်လုပ်ဆောင်နေစဉ်အတွင်း ပါဝင်ကူညီပေးသူတွေဆီကနေ မေးခွန်းတွေ မေးမြန်း လေ့လာရုံတင် မဟုတ်ဘဲ လိင်ဆက်ဆံချိန်နဲ့ အရွယ်ရောက်ပြီးချိန်မှာ ဖြစ်တည်ပေါ်ထွက်လာတဲ့ Testosterone လို ဟော် မုန်း ပမာဏကိုပဲ တိုင်းတာ မှတ်သားထားခဲ့ကြပြီး မေးခွန်းရဲ့ အဖြေတွေနဲ့အတူ အဆိုပါ ဟော်မုန်းထုတ်လုပ်မှုအပိုင်းကိုပါ ပြန်လည် ချိန်ဆပြီး အခုလို မျက်နှာကျယ်သူတွေရဲ့လိင်စိတ်ပိုမိုမှုကို သိလာတာလည်း ဖြစ်ပါတယ်။
ဒီဟော်မုန်းဓာတ်က လူတယောက်ရဲ့ မျက်နှာပြင် ဖြစ်တည်မှုကိုလည်း အနည်းနဲ့ အများ သက်ရောက်မှု ရှိတယ်လို့ လေ့လာ သူတွေက ဆိုပြီး ဟော်မုန်းထုတ်လုပ်မှု များလေလေ မျက်နှာကျယ်လေလေ ဖြစ်တယ်လို့ ရှင်းပြသလို ဒီအတွက် မျက်နှာ ကျယ်သူတွေက ဟော်မုန်းများမှုနဲ့ အတူ လိင်စိတ်ပိုမိုတာ ဖြစ်တယ်လို့ ရှင်းပြတာလည်း တွေ့ရပါတယ်။
ဒီလို မျက်နှာပုံသဏ္ဌာန်အပေါ်မှာ လိင်ဆန္ဒရှိမှုအနေအထားဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ အတူတူဖြစ် တယ်လို့ လေ့လာရေးအဖွဲ့ထဲက Steven Arnocky က ပြောတာလည်း တွေ့ရပါတယ်။
အခု ကျနော်တို့ လေ့လာရေးက ရုပ်ပိုင်းဆိုင်ရာ အနေအထားနဲ့ စိတ်ခံစားမှုကို သိရအောင် လေ့လာထားတာ ဖြစ်ပြီး ဒီလို သိ လာရတဲ့ အကြောင်းကတော့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးချိန်မှာ အဓိက ထွက်ရှိတဲ့ Testosterone လို ဟော်မုန်း အနည်းအများ အပေါ် မူတည်ပြီးတော့ မျက်နှာလည်း အမြင့်၊ အကျယ် ဖြစ်လာတယ်။
ဒီလို အမြင့်၊ အကျယ် ဖြစ်လာမှုကနေပဲ လိင်စိတ် အနည်း၊ အများကို သိနိုင်လာခြင်း ဖြစ်ပါတယ်လို့ သူက ရှင်းပြတာ တွေ့ရ ပါတယ်။
အခု ကျနော်တို့ရဲ့တွေ့ရှိမှုက အသေးစား တွေ့ရှိမှု ဖြစ်ပြီး အတည်ပြုနိုင်မှု ဆိုတာထက် ရာခိုင်နှုန်း အနည်း၊ အများ ခန့်မှန်း နိုင်လောက်တဲ့ အောင်မြင်တဲ့လေ့လာချက်တခု ဖြစ်ခဲ့တယ်လို့ ပြောတာလည်း တွေ့ရပါတယ်။
www.maxim.com