• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အရက်သေစာနဲ့ ဆေးလိပ်သောက်သုံးခြင်းတွေကနေ ထိခိုက်မှု ရှိလာစေတဲ့ လိင်ဆက်ဆံရေး

by ချစ်ဖေ (တောင်တွင်းမြေ)
14 October 2017
in Health
A A
ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ)

ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ)

17k
VIEWS
Share on FacebookShare on Twitter

ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တောင် အဖက်ဖက်ကနေ မကောင်းဘူးလို့ ဆိုနိုင်တဲ့ ဆေးလိပ်သောက်သုံး မှုနဲ့ အရက်သောက်ခြင်းတွေက သင့်ရဲ့လိင်ကျန်းမာရေးနဲ့ ဆက်ဆံရေး အခြေအနေတွေကိုရော ထိခိုက်စေတယ်ဆိုတာ သင်သိပါ သလား။

လွယ်လွယ်နဲ့ လိုရင်းရောက်အောင် ပြောရမယ် ဆိုရင် လိင်မဆက်ဆံခင် သင့်ပါးစပ်လေး ပိတ်ထားတာ အကောင်းဆုံးပါ။ အ ရက်လည်း မသောက်ပါနဲ့၊ ဆေးလိပ်လည်း မဖွာပါနဲ့။

RelatedPosts

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

9 March 2025
2k
HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

27 February 2025
1.8k
ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

16 February 2025
13.7k

Archives of Sexual Behavior မဂ္ဂဇင်းရဲ့ဖော်ပြချက်မှာဆိုရင် ချစ်သူ၊ အိမ်ထောင်ဖက်တွေ အတူတူ အိပ်ရာမဝင်ခင် အ ရက်သေစာ အတူတူ သောက်စားပြီး အိပ်ရာဝင်ခြင်းက ပိုမို ပျော်ရွှင်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

တကယ်တော့ သူ့ရဲ့ဆိုလိုရင်းက မိမိ သောက်သုံးလိုက်လို့ ခန္ဓာကိုယ်တွင်းကို ဝင်ရောက်သွားတဲ့ အရက်ကြောင့် သွေးပူလာ စေတယ်၊ ပွင့်လင်းလာစေတယ်။ ဒါပေမယ့် သူက ဥပမာကို ပြောထားတာ၊ အများကြီး သောက်သုံးဖို့ မဟုတ်ပါဘူး။

လေ့လာသူတွေက အမေရိကန်နိုင်ငံ၊ နယူးယောက်က ကူညီသူ ၂၄ ယောက်ကို စုစည်းတယ်၊ အတွင်းကျကျ မေးခွန်းတွေထိ အောင်ပါကူညီ ဖြေကြားပေးဖို့ ပြောဆို အကူအညီတောင်းခဲ့ပြီး လေ့လာမှု လုပ်ခဲ့တာ တွေ့ရပါတယ်။

သူတို့ရဲ့အဓိက မေးခွန်းတွေကတော့ လေ့လာခံသူတွေအတွက် အရက်၊ ဆေးလိပ်သောက်သုံးပြီး လိင်ဆက်ဆံမှုအခြေအနေ တွေကို ဖြစ်ပါတယ်။

ဒီနေရာမှာ သိလာရတာကတော့ ဖြေဆိုကူညီပေးသူ အများစုက သောက်စားထားပြီးမှ လိင်ဆက်ဆံချိန်တွေမှာ လိင်အထိအ တွေ့အပေါ် စိတ်ဝင်စားမှု နည်းပါးတာတွေ၊ အာရုံစူးစိုက်မှု ကောင်းကောင်း မရခြင်းတွေနဲ့ စိတ်မပါခြင်းတွေထိအောင် ရှိလာ ပြီး အနည်းငယ်လောက်ပဲ ဆေးလိပ်၊ အရက်လို အရာသောက်သုံးထားသူတွေကတော့ လိင်ဆက်ဆံရမှုအပိုင်းမှာ ပုံမှန် ဖြစ် ပြီး ထိခိုက်မှု သိပ်မရှိတာဘဲ ဖြစ်ပါတယ်။

ကူညီဖြေဆိုပေးသူတွေ အားလုံးက ဆေးလိပ်ရော အရက်ကပါ လိင်ဆက်ဆံမှုအပိုင်းမှာ သက်ရောက်မှု ရှိတယ်၊ မသောက်သုံး ဘဲ လိင်ဆက်ဆံရင် ပိုမို အာရုံအထိအတွေ့ ကောင်းတယ်လို့ ဆိုတာ တွေ့လာရပြီး အဲဒီကနေမှ ဆေးလိပ်နဲ့ အရက်မှာတော့ အ ရက်က လိင်ထိတွေ့မှုကို ပိုပြီး သက်ရောက်အားနည်းစေတယ်လို့ ဖြေကြတာ တွေ့ရပါတယ်။

အရက်က ပိုပြီးထိရောက်တဲ့ လိင်ထိတွေ့ အားနည်းမှုကို ဖြစ်စေတယ်လို့ လူအများစုက ဖြေကြပါတယ်လို့ ကင်ဆေး (Kinsey) သိပ္ပံက လေ့လာရေးအဖွဲ့ဝင် ဒေါက်တာ Justin Lehmiller က ပြောပါတယ်။

အရက်သောက်လိုက်ပြီးရင် လူအများစုက လိင်ဆက်ဆံမှုကို မိမိ ချစ်သူ၊ ဇနီးသည်ထက် အခြားမျက်နှာစိမ်း အမျိုးသမီးတွေ နဲ့ ထိတွေ့လိုမှု ပိုလာတာကိုလည်း တွေ့ရတယ်။

ဒါက အရက်ကို နည်းနည်းဖြစ်စေ၊ များများဖြစ်စေ သောက်သုံးပြီးချိန် ဖြစ်ပြီးတော့ အလွန်အကျွံ သောက်သုံးမိချိန်မှာတော့ ခံစားမှု ပြေင်းလဲသွားပြီး မိမိ အသိတွေထဲက ဒါမှမဟုတ် မိမိ အဖော်နဲ့ပဲ ပြန်လည် လိင်ဆက်ဆံ ထိတွေ့လိုမှု ဖြစ်လာပြန်တယ် လို့ သူက ဆက်ရှင်းပြပါတယ်။

ဆေးလိပ်နဲ့ အခြား တားမြစ် မူးယစ်ဆေး၊ ဆေးခြောက်လို အရာတွေကို သုံးသူတွေကတော့ အခြား လိင်ဆက်ဆံဖက် ရှာဖွေမှု ထက် လိင်ထိတွေ့လိုမှု အပိုင်းမှာပဲ ပိုမို အားနည်းသွားတာ တွေ့ရပြီး အရက်သောက်သုံးသူတွေလို အခြားသူတွေနဲ့ ပျော်ပါးလို စိတ် သိပ်မရှိကြဘူးလို့လည်း လေ့လာချက်က ဆိုပါတယ်။

ဒါအပြင် အရက်သောက်သုံးပြီးမှ လိင်ဆက်ဆံခြင်းက သိသာ မြန်ဆန်တဲ့ လိင်ထိတွေ့မှု အားနည်းချက်ကို ဖြစ်စေတာ လည်း တွေ့ရပြီး လိင်ဆက်ဆံနေရင်း ပန်းသေခြင်း၊ အိပ်ပျော်သွားခြင်း၊ ပြီးမြောက်အောင် စွမ်းဆောင်နိုင်မှု မရှိတော့ခြင်းတွေပါ ဖြစ် လာစေနိုင်တာပါ။

ဒါဆိုရင်တော့ အိမ်ထောင်သည်တို့အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အရက်အလွန်အကျွံမသောက်ဖို့လည်း လိုအပ်လာမယ်၊ တကယ် လို့ များသွားရင်လည်း လိင်မှုကို ရှောင်၊ လိင်ဆက်ဆံဖို့ စိတ်ကူးထားရင်လည်း မသောက်သေးခင်၊ မများခင် အရက်ကို နား ပြီး အိပ်ရာဝင်လိုက်တာ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။

အရက်ဖြစ်ဖြစ်၊ ဆေးလိပ်(မူးယစ်ဆေး) အပါအဝင်တွေ သုံးပြီး လိင်ဆက်ဆံရင်တော့ သွေးဆူမယ်၊ ပွင့်လင်းမှု ပိုလာနိုင်ပေ မယ့် လိင်ထိတွေ့မှုကိုတော့ ပိုမို မကောင်းစေနိုင်ပါဘူး။

အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်ချင်စိတ်ပါ ရှိလာနိုင်မယ့် အရက်သောက်သုံးမှုကတော့ ပိုလို့တောင် ထိန်းသိမ်းသင့်တဲ့ အရ သာခံမှုအဖြစ် သတ်မှတ် ထိန်းချုပ်သင့်ပါတယ် ။

www.maxim.com

Your Thoughts …
Tags: Health
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အမျိုးသမီးတွေရဲ့လိင်ဆန္ဒပြီးမြောက်ဖို့ အကောင်းဆုံးပုံစံ

by ချစ်ဖေ (တောင်တွင်းမြေ)
27 August 2017
75.8k

လိင်ဆန္ဒကို ရှက်ဖွယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်၊ လိင်ဆန္ဒဆိုတာ သဘာဝတရား ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ကျန်းမာရေးဆောင်းပါးကို ကျန်းမာရေးအမြင်နဲ့ပဲ ဖတ်ရှုစေလိုပါတယ်။

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

အမျိုးသမီးတွေက ဘယ်အချိန်မှာ လိင်မှုရေးရာ အကောင်းဆုံး ခံစားကြလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
10 July 2017
182.2k

လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

တရက်တာအတွင်း လိင်ဆက်ဆံဖို့ အကောင်းဆုံးအချိန်

by ချစ်ဖေ (တောင်တွင်းမြေ)
20 August 2017
48.2k

အခု လေ့လာချက်ကို ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၁၀၀၀ကျော် အပေါ်မှာ လေ့လာမှု ပြုပြီး ထုတ်ပြန်ထား တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဖော် - ကျော်မိုးထိုက်/ဧရာဝတီ

အံကြိတ် သွားကြိတ်တတ်တာ ပျောက်ကင်းအောင်

by အေဘယ်လ်
20 November 2016
100.8k

မေးရိုးဆစ်ရောဂါ ဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ် ကောင်းကောင်း မဟနိုင်ခြင်းစတာတွေ ခံစားရနိုင်သလို သွားဖုံးရောင်ယမ်းခြင်း၊ သွားတွေ အလွယ်တကူ ယိုင်နဲ့စေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ပုံမှန် လိင်ဆက်ဆံခြင်းရဲ့အကျိုးကျေးဇူးများ

by ချစ်ဖေ (တောင်တွင်းမြေ)
10 September 2017
63.5k

သဘာဝတရားတခုဖြစ်တဲ့ လိင်ဆက်ဆံမှုကို ပုံမှန် ဆောင်ရွက်နေ ထိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ဘဝကို စည်း ချက်ညီ လှုပ်ရှားခြင်း ပုံစံတခုပါ။ အဲဒီလို ပုံမှန် လိင်ဆက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လာပါသလဲ။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အချိန်တိုင်းလိုလို အပေါ့သွားချင်နေတယ်ဆိုရင်

by ချစ်ဖေ (တောင်တွင်းမြေ)
18 September 2017
72.8k

ဆီးကျိတ်ပိုင်းမှာ အားနည်းချက်တခုခု ရှိရင်လည်း ဆီး မကြာခဏ သွားချင်တတ်ပါတယ်။ ဆီးကျိတ်ပိုင်းမှာ ပြဿနာ ရှိနေရင် ဆီးကျိတ်က ဆီးပြွန်ကို သွားဖိမိနေတယ်၊ ဒီတော့ ဆီးကောင်းကောင်း မသွားနိုင်တော့ဘူး။

Next Post
ဂေါက်သီးလောကရဲ့ နတ်သမီးတပါး ဖြစ်တဲ့ မီရှဲလ်ဝေ

ဂေါက်သီးလောကရဲ့ နတ်သမီးတပါး ဖြစ်တဲ့ မီရှဲလ်ဝေ

ဒီဇိုင်း- (ကျော်မျိုးထိုက်/ ဧရာဝတီ)

လက်ရှိ အကောင်းဆုံးပါဆိုတဲ့ ဈေးကွက်ဝင် မော်တော်ဆိုင်ကယ်(၁၀) စီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate