အသားမစားဘဲ သားသတ်လွတ် အသီးအရွက်စားသူတွေလည်း တချို့ရှိတယ်၊ အသားစားမှ အာဟာရ ရှိမယ်၊ ပြည့်မယ်လို့ ထင်သူတွေလည်း ရှိတယ်၊ ဒါပေမယ့် အသီးအရွက်ပဲ စားပြီး အာဟာရပြည့်အောင် နေထိုင်လို့လည်း ရပါတယ်။ ဒါပေမယ့် အာဟာရရှိတဲ့အသီးအရွက်ကိုတော့ မှန်ကန်အောင် စားတတ်ဖို့ လိုအပ်တာပေါ့။
ဘယ်လို အသီးအရွက်တွေကို အကောင်းဆုံး မှန်ကန်အောင် စားသုံးမလဲ၊ ဘယ်လို အသီးအရွက်တွေက အာဟာရလည်း ရှိ မယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါသလဲ။
(၁) ကြက်သွန်နီ
သင့်အနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းချင်ပါသလား၊ ကြက်သွန်နီကို အစိမ်းလိုက်စားပါ၊ ဒီလိုမှ မဟုတ်ဘဲ အပူပေးပြီး ချက်ပြုတ်ထားပြီး ကျက်နေတဲ့ ကြက်သွန်နီကိုပဲ စားချင်ပါသလား၊ အဆုတ်နဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းစေပါသေး တယ်။
ဒီတော့ အစိမ်းလိုက်စားစား၊ ချက်ပြီး စားစား ကြက်သွန်နီက အာဟာရထက် ကင်ဆာလို ရောဂါထိအောင် ဖြစ်နိုင်ခြေ နည်း စေပါတယ်၊ ဟင်းလျာတိုင်းမှာ ကြက်သွန်နီထည့်ဖို့ မမေ့ပါနဲ့။
(၂) ပြောင်းဖူး
ပြောင်းဖူးကြတော့ အစိမ်းလိုက်ဆိုတာထက် ပိုမို ကျက်အောင် ချက်စားလေလေ ကောင်းလေလေလို့ ဆိုပါတယ်။ ပြုတ် စား မယ်ဆိုရင်လည်း ကြာကြာပြုတ်ထားလေလေ ကောင်းလေပေါ့။ Journal of Agricultural Food and Chemistry ရဲ့ ဆောင်းပါးမှာဆိုရင် ကြာကြာချက်ပြုတ်ထားတဲ့ ပြောင်းဖူးဟာ လူတိန်း(Lutein)လို ဓာတ်တိုးခြင်းကို ကာကွယ်ပေးတဲ့ ဓာတ်ထွက်လာပြီး အရွယ်ရောက်ချိန်မှာ မျက်လုံးအားကောင်းစေတယ်၊ အရွယ်တင်စေတယ်လို့ ဆိုပါတယ်။
(၃) စားတော်ပဲ
အရွယ်အစား ငယ်ပေမယ့် အကျိုးပြုမှုတော့ မနည်းပါဘူး။ International Journal of Cancerရဲ့ ဖော်ပြချက်မှာဆိုရင် စား တော်ပဲ အပါအဝင် အစိမ်းရောင် ရှိတဲ့ ပဲတွေကို စားသုံးခြင်းက အစာအိမ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းကောင်းမွန်စေ တယ်လို့ ဆိုပါတယ်။ အစိမ်းရောင်ရှိတဲ့ ပဲများများစားဖို့ လိုအပ်နေပါပြီ။
(၄) ကိုက်လန်
နီးစပ်ရာမှာ အလွယ်ဆုံး ရရှိနိုင်နေတဲ့ အစိမ်းရောင် အရွက်တမျိုး ဖြစ်ပြီး အရွယ်ထဲမှာတော့ ကျန်းမာရေးအတွက် အကောင်း ဆုံးလို့ ဆိုနိုင်မှာပါ။ ဗီတာမင်C ပြည့်ဝအောင် ပါရှိနေပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှု လျော့နည်းစေတယ်၊ ကို လက်စထရောကိုလည်း လျော့ချပေးတယ်၊ ဒါပေမယ့် အစိမ်းရောင် မပျောက်အောင် ချက်ပြုတ်စားသောက်တာတော့ အ ကောင်းဆုံးပါ။
(၅) ပန်းပွင့်(အစိမ်းရောင်)
ပြည်တွင်းမှာတော့ ပန်းဂေါ်ဖီလို့လည်း ခေါ်ပါတယ်။ အများစုသော ပန်းဂေါ်ဖီတွေကတော့ အဖြူရောင်ပါ၊ အစိုက်များတယ်၊ အလွယ်ရတယ်၊ အစားများပါတယ်၊ ဒါပေမယ့် အခုတော့ အစိမ်းရောင်းပန်းပွင့်တွေ အများစု စိုက်ပျိုး စားသုံးလာကြပါတယ်။
သတင်းတပတ်ကို ၅ ကြိမ်လောက် စားပေးသူတွေက ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းသွားစေသလို အာ ဟာရရော အခြားကျန်းမာရေးကောင်းကျိုးတွေကိုပါ ရရှိစေနိုင်တယ်လို့ သိရပါတယ်။
(၆) ငရုတ်ပွခြောက်
အရွယ်တော် ငရုတ်ခြောင်တတောင့်က ကယ်လိုရီ ၃၂လောက်ပဲ လောင်ကျွမ်းစေတာ ဖြစ်ပေမယ့် ဗီတာမင် C ပြည့်၀အောင် ပါရှိနေတာကိုတော့ ငြင်းလို့ မရပါဘူး။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ခြေကို အထူးနည်းစေပြီး သွေးတွင်းအဆီဓာတ်ကို အကောင်းဆုံး ချေဖျက်ပေးပါတယ်။
နေ့စဉ်အတွက် ငရုတ်ပွ အခြောက်( အစိုရှိရင်လည်း စားသုံးနိုင်) တတောင့် အနည်းဆုံး စားသုံးပေးသင့်ပါတယ်။
(၇) ဟင်းနုနွယ်ရွက်
သူလည်းပဲ အောက်ဆီဓာတ်တိုးစေတဲ့ အရာတွေကို ဖယ်ထုတ်ချေဖျက်ပေးနိုင်ပါတယ်။ မျက်လုံးအားကောင်းစေပါတယ်။ အ ထူးသဖြင့်တော့ အသက်ကြီးချိန်မှာ မျက်လုံး အားနည်းပြီး မှုန်တာ၊ မမြင်တာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါ တယ်။
အကောင်းဆုံးကတော့ အစိမ်းရောင် မပျောက်အောင် ချက်စားတာ ဖြစ်ပြီး လူတိန်းဓာတ် ရရှိစေနိုင်တယ်၊ ပြီးတော့ ချက် ပြုတ်လိုက်ခြင်းက ကိုယ်ခန္ဓာကနေ အဆိုပါ လူတိန်းဓာတ်ကို အကောင်းဆုံး စုပ်ယူနိုင်မှု ပိုမို ကောင်းမွန်စေနိုင်တာ ဖြစ်ပါ တယ်။
www.rd.com