Health

ရေးနွေးနဲ့ ချိုးမှာလား၊ ရေအေးနဲ့ ရေချိုးမှာလား

Want create site? Find Free WordPress Themes and plugins.

အခုတော့ နည်းပညာခေတ် ရောက်လာလို့ ရေပူ၊ ရေအေးစက်တွေ ရှိနေပါပြီ။ အရင်က ရေအေးကတော့ မခက်ဘူး၊ အုတ်ကန်၊ ရေတွင်းထဲကရတဲ့ သဘာ၀ အတိုင်းပဲ ရေအေးကို ချိုးတယ်၊ ချမ်းတဲ့ ဒေသတွေမှာ ရေနွေးတည်ပြီး ရေအေးနဲ့ အနေတော် စပ်ချိုးကြတယ်၊ ဒီတော့ အခုလို ဆောင်းတွင်းအေးအေးမှာ ရေပူ၊ ရေအေး ချိုးမှုက ပိုများလာတယ်။ ဒါပေမယ့် ကျန်းမာရေးအရဆိုရင် ဘယ်လို ရေချိုးတာက အကောင်းဆုံးပါလဲ။ ကျနော်တို့ မသိထားကြဘူးဆိုရင် အခု ဆောင်းပါးလေးကို အချိန်ပေးဖတ်ထားပြီး ဗဟုသုတ ရှာထားရအောင်ပါ။

Ayurveda ဆိုတာကတော့ နာမည်ကြီး ကျန်းမာရေး လမ်းညွှန် Website တခုဖြစ်ပြီး သူက အပိုင်း တပိုင်းချင်းစီကို ခွဲပြောထားတာ တွေ့ရပါတယ်။ ဒီထဲမှာ ကိုယ်ခန္ဓာအတွက်ဆိုရင်တော့ ရေပူက ကောင်းတယ်၊ ဦးခေါင်း အတွက်ကတော့ ရေအေးကပဲ ကောင်းတယ်လို့ ဆိုပါတယ်။ ဒါက General ဆိုတဲ့ ယေဘုယျ သဘောပါ။

အဝ – အပိန် အနေအထားအပေါ်မှာ ရေ ရွေးမယ်ဆိုရင် ပုံမှန် ကိုယ်ခန္ဓာသမားတွေကတော့ ရေအေးကိုပဲ ချိုးတာ ကောင်းပါတယ်တဲ့။ ဝသူတွေ၊ ကျန်းမာရေး မကောင်းသူတွေကတော့ အေးတယ် ဆိုရင် ရေနွေးချိုးပေးနိုင်ပါတယ်တဲ့။

ရောဂါအခံရှိသူတွေအတွက်လည်း ပြောထားပါသေးတယ်။ အသည်းရောဂါရှိသူတွေ၊ အစာအိမ် မကောင်းသူတွေ၊ အာရုံကြော အားနည်းနေသူတွေ ဖြစ်မယ် ဆိုရင်လည်း ရေအေးကိုပဲချိုးသင့်တယ်လို့ ဆိုပါတယ်။ အသက်ရှုလမ်းကြောင်းပိုင်း အားနည်းချက်ရှိသူ၊ အလာ့ဂျစ်(ဓါတ်မတည့်တတ်သူ)၊ ချောင်းဆိုနေသူ၊ အအေးမိနေသူတွေ၊ ကိုယ်လက် နာကျင်နေသူတွေ၊ လေးဘက်နာ သမားတွေ၊ အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲနေသူတွေကတော့ ရေနွေးကို ချိုးပေးတာ အကောင်းဆုံးလို့ ဆိုပါတယ်။

အသက်အရွယ်အပေါ်မှာ မူတည်ပြီးတော့ ရေပူ၊ ရေအေး ချိုးသင့်မှု အပိုင်းမှာလည်း ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေကို ရေပူချိုးပေးသင့်တယ်။ ဒါပေမယ့် မွေးကင်းစကလေးတွေကိုတော့ ရေအေးနဲ့ပဲ ချိုးပေးသင့်တယ်။ ကျောင်းနေ အရွယ်တွေ၊ စာကျက်ချိန်များနေသူတွေ၊ အထိုင်များသူတွေက အိပ်ယာ ဝင်ခါနီးမှာ ရေပူ(ရေနွေး)ချိုးပေးသင့်ပြီး တကယ်လို့ အိပ်ယာဝင်ချိန် ရေမချိုး ဖြစ်ရင်တောင် မနက်စောစောမှာတော့ ရေအေးကို မဖြစ်အနေ ချိုးပေးသင့်တယ်လို့ ဆိုပါတယ်။ သက်လတ်ပိုင်းတွေ အနေနဲ့ ညဘက် ရေနွေးနဲ့ မချိုးရင်တောင် မနက်မှာ ရေနွေးနဲ့ မချိုဘဲ ရေအေးနဲ့ မဖြစ်မနေ ချိုးပေးသင့်တယ်လို့ ဆိုပါတယ်။

ရာသီဥတု အခြေအနေအပေါ် မူတည်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဆောင်းမှာ ရေနွေးချိုးတာ ကောင်းတယ်၊ နွေမှာ ရေအေးနဲ့ မိုးမှာလည်း ရေအေးပဲ ချိုးတာ ကောင်းတယ်လို့ ဆိုပါတယ်။

တနေ့တာ အချိန်အပေါ်မှာ မူတည်ပြီးတော့ ကြည့်မယ်ဆိုရင်လည်း မနက်စောစော ရေချိုးမှု အတွက် ရေအေးတခုတည်းသာ ချိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် အိပ်ယာဝင်ခါနီး ရေချိုးတတ်တယ် ဆိုရင်တော့ ရေနွေးချိုးပေးတာပိုကောင်းပါတယ်တဲ့။ ညနေဘက် ရေချိုးမယ် ဆိုရင်လည်း ရေနွေးချိုးပေးလို့ ကောင်းပါတယ်တဲ့။

မိမိရဲ့ နေထိုင်မှု အကျင့်စရိုက်အရ ချိုးရေ ရွေးချယ်မယ် ဆိုရင်လည်း သင့် အနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်တတ်ပါသလား၊ ရေနွေးနဲ့ ရေချိုး သန့်စင်ပေးပါ။ အခုခေတ်မှာ ခေတ်စားနေတဲ့ အနှိပ်ခံတတ်တဲ့ အကျင့်ရော ရှိပါသလား၊ အနှိပ်ခံပြီးရင် အနည်းဆုံး နာရီဝက်လောက် ရေဝအောင် ချိုးပေးပါ၊ ရေပူ၊ ရေအေး သင့်စိတ်ကြိုက် ရွေးချယ်ချိုးနိုင်ပါတယ်။ အနည်းဆုံး နာရီဝက်တော့ ရေဝအောင် ချိုးပေးဖို့ မမေ့ပါနဲ့။

ဒါပေမယ့် အများစုသော ကျန်းမာရေး လေ့လာသူတွေကတော့ အနှိပ်ခံထားရင် ရေကို မအေးလွန်း၊ မပူလွန်း အနေအထားနဲ့ ဝအောင် ချိုးပေးတာ အကောင်းဆုံးလို့လည်း ဆိုပါတယ်။ လေ့ကျင့်ခန်း မလုပ်သူတွေ၊ ပုံမှန်ပဲ သွားလာသူတွေ၊ အထိုင်များသူတွေကတော့ အထက်မှာ ပြောခဲ့တဲ့ တနေ့တာ အချိန်တွေထဲကလိုပဲ မနက် ရေအေး၊ ညဘက် ရေနွေး ချိုးပေးတာ ကောင်းပါတယ်။

ရေအေး၊ ရေနွေးရယ်မှ ခွဲခြား မချိုးချင်သူတွေအတွက် အကောင်းဆုံးကတော့ အနောက်တိုင်း ရေချိုးမှု ပုံစံ ရေချိုးကန် ထဲကို ဖြစ်စေ၊ မိမိ ရေခပ်ချိုးမယ့် ကန်ထဲကို ဖြစ်စေ ရေအေးနဲ့ ရေနွေးကို ရာသီမရွေး သင့်တင့်ရုံ ရောစပ်၊ ဒါမှမဟုတ် ရောစပ် ချိုးမှာ မဟုတ်ဘူးဆိုရင်လည်း မိမိ ချိုးမယ့်ရေချိုးကန်၊ ရေခပ်ကန်လေးထဲကို ချိုးရေ သီးသန့် လိုသလောက် လှယ်ထားပြီး ခဏ အကြာ (၅မိနစ်ခန့်)မှာ ချိုးလို့ရနိုင်ပါတယ်။ ဆိုလိုတာကတော့ ရေပိုက်၊ အုတ်ကန်ကနေ တိုက်ရိုက် ရယူ မချိုးပဲ ခဏတာ လေသလပ်ခံ ချိုးခြင်း ဖြစ်ပါတယ်။

Ref: www.easyayurveda.com

Did you find apk for android? You can find new Free Android Games and apps.
Loading