Health

အလွန်ဝခြင်းနဲ့ အဝလွန်ခြင်းကို ကာကွယ်ပါ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်က လူသားတွေရဲ့ အဝလွန် ကျန်းမာရေး ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက် ကမ္ဘာ့အဝလွန်ခြင်းနေ့ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ပြဋ္ဌာန်း လိုက်ပါတယ်။ ရည်ရွယ်ချက်က ကမ္ဘာတဝှမ်း အဝလွန် ဖြစ်နေတာတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့၊ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ တခြားရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ကင်ဆာနဲ့ ကျောက်ကပ်၊ အသည်း၊ အဆုတ်ဆိုင်ရာ ရောဂါတွေကိုပါ ထိန်းချုပ် နိုင်ရေး ရည်ရွယ်ပြီး WHO နဲ့ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဆေးပညာဆိုင်ရာ ဂျာနယ် ဖြစ်တဲ့ Lancet တို့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ရောဂါကြောင့် အဝလွန်ခြင်းနဲ့ ပုံမှန် အဝလွန်ခြင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ ရောဂါကြောင့် အဝလွန်လာတယ် ဆိုရင်တော့ ဆက်စပ်ရောဂါတွေ ဖြစ်လာဖို့ ရာနှုန်းပြည့်နီးပါး သေချာပါတယ်။ ပုံမှန် အဝလွန်တာမျိုးကတော့ ဆက်စပ်ရောဂါ ဖြစ်ဖို့ အလားအလာ နည်းပေမယ့် အဝလွန်ခြင်းရဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့အဝလွန်ခြင်းနေ့ (World Obesity Day) သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများ ချိတ်ဆက်ဆောင်ရွက်လျှက် ရှိပါတယ်။

ကမ္ဘာပေါ်မှာ အရွယ်ရောက်ပြီးသူ ၆၀၃ သန်းနဲ့ ကလေးသူငယ် ၁၀၇ သန်းတို့ဟာ အဝလွန်နေကြတယ် လို့ ဝါရှင်တန် တက္ကသိုလ်မှ ကျန်းမာရေး စံနှုန်းနဲ့ အကဲဖြတ်သိပ္ပံရဲ့ ယခုနှစ်အစောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ သိရပါတယ်။ အဲဒီ ကိန်းဂဏန်း တွေဟာ ကလေးအားလုံးရဲ့ ၅ ရာခိုင်နှုန်းနဲ့ အရွယ်ရောက်ပြီး လူကြီးအားလုံးရဲ့ ၁၂ ရာခိုင်နှုန်းတောင် ရှိနေတာပါ။

တယ်လီဂရပ်ဖ် ခရီးသွားကဏ္ဍက စီအိုင်အေရဲ့ ကမ္ဘာ့ အကြောင်းအရာများ စာအုပ်မှ အချက်အလက်များမှာ အချို့ ယုံကြည်မှုများနှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းရှိ အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ထားသည့် အမေရိကန် စမိုအာ ဒေသတွင် အဝလွန်သူပေါင်း ၇၄ ဒသမ ၆ ရာခိုင်နှုန်းမျှရှိနေသဖြင့် ယင်းဒေသကို အဝလွန်ခြင်း ဆိုင်ရာသုတေသန လုပ်ရန် အလွန်ကောင်းနေသည်။

ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းရှိ နာရူ၊ တွန်ဂါ၊ စမိုအာ၊ ပလဲယူနှင့် ကီရီဘတီ အပါအဝင် ထိုဒေသတဝိုက်ရှိ နိုင်ငံများတွင် အဝလွန် ရာခိုင်နှုန်း မြင့်တက်နေသည်။ စင်စစ် ကူဝိတ်နိုင်ငံသည်လည်း အဝလွန် အများဆုံး တိုင်းပြည် ၁၀ ခုတွင် ပါဝင်ပြီး ၎င်းတို့ ဒေသတွင်း၌ ရှားရှားပါးပါး ဖြစ်သည်။

အဝလွန် ပြဿနာမှာ ပစိဖိတ်သမုဒ္ဒရာ တောင်းပိုင်းနိုင်ငံများတွင် ထူးထူးကဲကဲ ဖြစ်ပွားနေပြီး ကမ္ဘာ့ပျမ်းမျှနှုန်း အရ အရွယ် ရောက်ပြီးသူ ရာခိုင်နှုန်း အချိုးတွင် ၄ ဆမျှပင် ရှိသည်။ အချို့ကလည်း ယင်းဒေသတွင်းရှိ ကျွန်းသူကျွန်းသားများမှာ မျိုးရိုးဗီဇ အရ တင်ကူး၍ အဝလွန်နေခြင်း ဟု ဆိုသည်။

ထိုဒေသရှိ အမေရိကန် ကိုလိုနီနယ်သားများ အတွက် ၂၀၁၄ ခုနှစ်က အဝလွန်ခြင်းဆိုင်ရာ အစီရင်ခံစာ တခု ထုတ်ပြန်ထားပြီး အနောက်တိုင်းသားများ နည်းတူ အစားအသောက် ထိန်းသိမ်းရန် အကြံပြုထားသည်။ ယင်း အကြံပြုချက်မှာ ဥပမာ ငါးကြော်ရှောင်ခြင်း ကဲ့သို့ အငြင်းပွားဖွယ်ရာ တားမြစ်ချက်များ ဖြစ်နေပြန်သည်။

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံ တခု ဖြစ်သည့် အီဂျစ်တွင်လည်း ကိုယ်အလေးချိန် တက်သည့် ပြဿနာ ရှိနေသည်။ စစ်တမ်း အရ အဝလွန်ခြင်း ၃၃ ရာခိုင်နှုန်းဖြင့် အမေရိကန်က နံပတ် ၁၈ နေရာတွင် ချိတ်ပြီး ဗြိတိန်နိုင်ငံက ၂၆ ဒသမ ၉ ရာခိုင်နှုန်း ဖြင့် နံပတ် ၄၃ နေရာတွင် ရှိနေသည်။

ကမ္ဘာ့အဝလွန် အများဆုံးတိုင်းပြည်နှင့် ဒေသ ၂၀ က အမေရိကန် စမိုအာ၊ နာရူ၊ ကွခ် ကျွန်းများ၊ တိုကဲလု၊ တွန်ဂါ၊ စမိုအာ၊ ပလဲယူ၊ ကီရီဘတီ၊ မာရှယ်ကျွန်းများ၊ ကူဝိတ်၊ စိန့်ကစ်နှင့်နာဗစ်၊ မိုက်ခရိုနီးရှား၊ ဘာဟမား၊ ဘာဘတိုစ်၊ ဘဲလစ်ဇ်၊ ကာတာ၊ အီဂျစ်၊ အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း တို့ ဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ကြည့်လျှင် အာရှတိုင်းပြည်များနှင့် အာဖရိက တိုင်းပြည်များတွင်လည်း အဝလွန်ခြင်းပြဿနာ ပျံ့နှံ့လာနေ သည်မှာ ထင်ရှားနေသည်။ တိုင်းပြည်ရှိ လူဦးရေ၏ အဝလွန်မှု ၂ ရာခိုင်နှုန်းမျှလောက်နှင့် အနည်းဆုံးဖြစ်နေသည့် တိုင်းပြည်များမှာ အီသီယိုပီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အီရစ်ထရီးယား၊ မာဒါဂါစကာ၊ ဗီယက်နမ်၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ နှင့် အိန္ဒိယတို့ ဖြစ်ကြသည်။

ဂျပန်နှင့် တရုတ်တို့က ယင်းစာရင်းတွင် ၁၅၇ နှင့် ၁၅၂ အနိမ့်ဆုံး နေရာ၌ အသီးသီး ရှိနေကြပြီး ဥရောပတိုင်းပြည်များ ထဲတွင်တော့ အဝလွန်မှု အနည်းဆုံးတိုင်းပြည်မှာ ဆွစ်ဇာလန်နိုင်ငံ ဖြစ်ပြီး ၁၁၁ နေရာတွင် ရှိသည်။ အလားတူ ပြင်သစ်က ၁၀၈ နေရာ၊ ဒိန်းမတ်က ၁၀၇ နေရာ၊ ဆွီဒင်က ၁၀၄ နေရာတို့တွင်လည်း အသီးသီးရပ်တည်နေသည်။

ကမ္ဘာပေါ်တွင် အဝလွန်မှုအနည်းဆုံးတိုင်းပြည် ၂၀ က အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အီထရီးယား၊ မာဒါဂါစကာ၊ ဗီယက်နမ်၊ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ၊ အိန္ဒိယ၊ မ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ ဘက္ကီနာဖာဆို၊ နိုင်ဂျား၊ လာအို၊ တီမော-လက်စတီ၊ ချက်၊ ဘူရန်ဒီ၊ အလယ်အာဖရိကသမ္မတနိုင်ငံ၊ ဇမ်ဘီးယား၊ မြောက်ကိုရီးယား၊ မြန်မာတို့ ဖြစ်ကြပါတယ်။

ကမ္ဘာ့နိုင်ငံများ အချင်းချင်း၊ အစိုးရများ အချင်းချင်း၊ NGO နှင့် INGOs များ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ပြီး ကမ္ဘာ့ တဝှမ်း လူသားတွေကို ခြိမ်းခြောက်လာနေတဲ့ အဝလွန်ခြင်းကို ကာကွယ်ဖို့ နှစ်စဉ် အောက်တိုဘာ ၁၁ ရက်နေ့ကို ကမ္ဘာ့အဝလွန်ခြင်းနေ့ အဖြစ် သတ်မှတ်လုပ်ဆောင်လျက်ရှိပါတယ်။

Ref: www.telegraph.co.uk

Did you find apk for android? You can find new Free Android Games and apps.
Loading