Health

အသားအရေဖြူစင်လှပစေဖို့ သဘာဝနည်းလမ်း

Want create site? Find Free WordPress Themes and plugins.

လူတိုင်း လူတိုင်း နုပျိုလှပချင်ကြတာ သဘာဝပါ။ ဒီ့အတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ပြုပြင်လိမ်းခြယ်ကြတာလည်း ထုံးစံလိုပါပဲ။ ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါမှာ လူငယ်တိုင်းလိုလို ကိုယ့်နဂိုရှိရင်းစွဲ အသားအရေထက် ဖြူဝင်းမှုကို နှစ်သက်လာကြပါတယ်။ အသားဖြူစေတဲ့ အရေပြားလိမ်းခရင်မ်တွေဟာ ဈေးကွက်ထဲမှာ အများအပြား ဝယ်လို့ရနိုင်တယ် ဆိုပေမယ့် အဆိုပါ ခရင်မ်တွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ရှိကောင်းရှိနိုင်မှာပါ။ ဒါကြောင့် သဘာဝပစ္စည်း အသီးအနှံတွေနဲ့ ကိုယ့်ရဲ့ အသားအရေကို ထိန်းသိမ်းပြုပြင်တာ ပိုကောင်းလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ အခု ဖော်ပြပေးမယ့် သဘာဝနည်းလမ်းကတော့ ငွေကုန်ကြေးကျလည်း သက်သာစေနိုင်သလို သဘာဝအမယ်ပစ္စည်းတွေသာ ဖြစ်တာမို့ ဘေးထွက်ဆိုးကျိုးကတော့ အင်တမတန် နည်းပါးပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ
၁။ သခွားရည်
၂။ အာလူးအနှစ်ရည်
၃။ ရှောက်ရည်
၄။ခရမ်းချဉ်သီးအနှစ်ရည်

ဖော်စပ်နည်း

လတ်ဆတ်တဲ့သခွားသီးတလုံးကို ယူပြီး အခွံနွှာ၊ ခြစ်ချပါ။ ခြစ်ချပြီးသား အာလူးဖတ်လေးတွေကို ဇကာထဲထည့်၊ ဇွန်းနဲ့ဖိပြီး အရည်စင်အောင်ညှစ်ချပါ။
ပြီးရင်တော့ သခွားရည်နဲ့အာလူးအနှစ်ရည်ကို ရောထည့်လိုက်ပါ။

ခရမ်းချဉ်သီးတလုံးကိုယူပြီး အခွံမနွှာဘဲ ခြစ်ချပါ။ ခြစ်ပြီးသားခရမ်းချဉ်သီးအဖတ်များကို အာလူးရည် ရဲ့သခွားရည်ရောထားတဲ့အထဲ ထည့်ပါ။ သတိပြုရမှာက လတ်ဆတ်တဲ့ခရမ်းချဉ်သီးကို သုံးဖို့ပါပဲ။ ရေခဲသေတ္တာထဲမှာ အေးခဲထားတဲ့ ခရမ်းချဉ်သီးဆိုရင် အာနိသင်ထိရောက်မှုနည်းလို့ပါ။

နောက်ဆုံးမှာတော့ သံပရိုသီးတလုံးထက်ခြမ်းခြမ်းပြီး အရည်ညစ်ကာ အထက်ပါ သခွားရည်၊ အားလူးအနှစ်ရည်နဲ့ ခရမ်းချဉ်သီးအနှစ်ရည်တို့ ရောထားတဲ့ အထဲသို့ထည့်ကာ သမအောင် ရောမွှေပေးပါ။

အသုံးပြုနည်း

ရလာတဲ့ အနှစ်ရောစပ်ထားတဲ့အရည်ကို အရေပြားပေါ်သုတ်လိမ်းပြီး လေသလပ်ခံထားလိုက်ရင် အလွှာပါးလေးတခုဖြစ်သွားပါလိမ့်မယ်။ အဲဒီအလွှာပါးလေးကို အရေပြားပေါ် နာရီဝက်မှ တနာရီခန့်အထိ ထားပြီး ရေနွေးနွေးလေးနဲ့ ပြန်လည်ဆေးကြောလိုက်နိုင်ပါတယ်။ ဒီ ကုထုံးကို အနည်းဆုံး တပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

ဒီလို သဘာဝနည်းဖြင့် အသားအရေဖြူဝင်းလှပစေဖို့ ပြုလုပ်တဲ့နေရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေရဲ့ အရေပြားအတွက် အကျိုးပြုပုံကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်။

သခွားသီးရဲ့အရေပြားအတွက်အကျိုးပြုပုံများ

သခွားရည်ဟာ သင့်အရေပြားအတွက် အင်မတန်သင့်လျော်ပါတယ်။ နေလောင်ဒဏ်ကို သက်သာစေတဲ့သတ္တိရှိပြီး ကျယ်နေတဲ့ချွေးပေါက်များကို ကျဉ်းစေပါတယ်။ သခွားရည်ဟာ မျက်ကွင်းညိုနေတာ၊ မျက်ခွံမို့နေတာတွေအတွက် အထောက်အကူပြုပါတယ်။

အာလူးရဲ့အရေပြားအတွက် အကျိုးပြုပုံများ

အာလူးနဲ့ပတ်သက်ပြီး အကျိုးပြုပုံကို လူသိများတာကတော့ ကစီဓာတ် ကြွယ်ဝတာပါပဲ။ ဒါ့အပြင် အာလူးမှာ ဗီတာမင်စီပါသေးတယ်ဆိုတာရော သင်သိပါသလား။ ဗီတာမင်စီဟာ သင့်အရေပြားကျန်းမာရေးကို ထိန်းသိမ်းပြုပြင်ပေးပါတယ်။ အာလူးရည်မှာ သီးသန့်အင်ဇိုင်းတချို့ပါဝင်တာကြောင့် အသားအရေ စိုပြည်ဝင်းပမှုအတွက် အင်မတန်အစွမ်းထက်ပါတယ်။ အရေပြားပေါ်က အနာအဆာတွေကို ကင်းရှင်းစေပြီး တရုတ်လူမျိုးတွေဆိုရင် သူတို့အသားအရေ နုပျိုဝင်းလက်စေဖို့ အာလူးကို သုံးကြပါတယ်။

ခရမ်းချဉ်သီးရဲ့အရေပြားအတွက် အကျိုးပြုပုံများ

ခရမ်းချဉ်သီးအနှစ်ရည်ဟာ အရေပြားကို အများအပြားအထောက်အကူပြုပါတယ်။ အာဟာရကျွမ်းကျင်ပညာရှင်များက အရေပြားအတွက် ခရမ်းချဉ်သီးသုံးစွဲဖို့ အမြဲလိုလို အကြံပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရမ်းချဉ်သီးဟာ အရေပြားပေါ်ကျရောက်လာတဲ့ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တဲ့အတွက် ဝက်ခြံ၊ တင်းတိပ်ဖြစ်ဖို့လည်း တားဆီး ပေးနိုင်လို့ပါပဲ။

ရှောက်သီးရဲ့ အရေပြားအတွက်အကျိုးပြုပုံများ

ရှောက်သီးဟာ ဗီတာမင်စီဓာတ်ကြွယ်ဝပါတယ်။ ရှောက်ရည်ဟာ အသားဖြူစေဖို့ အစွမ်းထက်မြက်တဲ့ပစ္စည်းပါပဲ။ အသားဖြူစေတဲ့ လိုးရှင်းနဲ့ခရင်မ်အတော်များများဟာ သံပရို(သို့မဟုတ်)ရှောက် တို့ အခြေခံပါဝင်ပါတယ်။ ရှောက်ဟာ အမည်းကွက်များ၊ နေလောင်ကွက်များကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။

http://mysimpleremedies.com တွင် ဖော်ပြထားတဲ့ Skin Whitening Remedy- Skin Lighting Treatment To Get Fair Skin ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်

Did you find apk for android? You can find new Free Android Games and apps.
Loading