Health

နားကြပ်တခုကို နှစ်ယောက်မျှ မသုံးပါနဲ့

Want create site? Find Free WordPress Themes and plugins.

အခုခေတ်မှာ နားကြပ်လေး တခုကို တယောက်တဖက်စီ တပ်ပြီး သီချင်း အတူတူ နားထောင်ကြတဲ့ ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ ဒါမှမဟုတ် နားကြပ်တစ်ခုကိုပဲ ကြုံရင် ကြုံသလို သူငယ်ချင်းတွေ မျှသုံးကြတာတွေ ရှိပါတယ်။ ချစ်သူတွေကတော့ Romance ဆန်တယ် ဆိုပြီး ပိုလို့တောင် သုံးကြပါတယ်။ ဒါပေမယ့် တကယ်တော့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် မကောင်းပါဘူး။

အသေးစိတ်ကို မပြောခင် အရေးကြီးတဲ့ အချက်လေး နည်းနည်းလောက် တွေးစရာ ပြောပါ့မယ်။ ကျနော်တို့ရဲ့ နားအတွင်းမှာ နားဖာချေးတွေ အနည်းနဲ့အများ ရှိပါတယ်။ ဒါက သဘာဝအလျောက် ထွက်ရှိနေတဲ့အရာဖြစ်ပြီး သူက ကူးစက်ရောဂါ(ရောဂါပိုး)တွေကို ကာကွယ်ပေးပါတယ်။ အဲဒီလို နားဖာချေးဆိုတဲ့ အညစ်အကြေးမှာရော ရောဂါပိုးတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ သို့ပေမယ့် အနည်းငယ်ပေ့ါ။ အဆိုပါ ရောဂါပိုးက လူကို အန္တရာယ်မပေးနိုင်ပါဘူး။

ဒီလိုနဲ့ နားထဲကို နားကြပ်ထည့်ပြီး သီးချင်းနားထောင်တယ်၊ နားအတွင်းသားက ဘက်တီးရီးယားတွေဟာ နားကြပ်ထဲကို ကူးသွားကြတယ်၊ တချို့ နားကြပ်တွေမှာလည်း သန့်ရှင်းမှု မရှိလို့ နဂိုကတည်းက ဘက်တီးရီးယား ပါရှိနေမှု ရှိနိုင်ပါတယ်။ ဒီတော့ သဘောတရားက နားကြပ် အသစ်ဆိုရင်လည်း မိမိ နားထဲက ရောဂါပိုးတချို့ နားကြပ်ကိုရောက်တယ်၊ ပိုးပါရှိတဲ့ နားကြပ်ဆိုရင်လည်း အဆိုပါ ပိုးတချို့ နားထဲကို ဝင်တယ်၊ အပြန်အလှန်ပေါ့။

အထူးသဖြင့်တော့ နားထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ တိုးပွားမှုနဲ့ အန္တရာယ်ပေးနိုင်မှု ကို နားဖာချေးက ထိန်းထားနိုင်ပေမယ့် နားကြပ်ထဲမှာတော့ ပဋိပစ္စည်း မရှိလို့ ရောဂါပိုးတွေ တိုးမြင့် ပေါက်ဖွားလာနိုင်တယ်လို့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားတက္ကသိုလ်က ပါမောက္ခ Kelly Reynoldsဘ က ရှင်းပြပါတယ်။

ဒီလိုနဲ့ ဘက်တီးရီးယားတွေ အရမ်းများလာရင်တော့ ကူးစက်ရောဂါဖြစ်ဖို့ အားကောင်းလာပါပြီလို့ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ တောင်ကယ်လီဖိုးနီးယား ဦးနှောက်နဲ့ လည်ပင်းကျန်းမာရေး ဌာနက MD ဖြစ်သူ ဒေါက်တာ Abbas Anwar က ဆက်ပြောပါတယ်။

Abbdas ကပဲ နားကြပ်တွေဟာ နားရဲ့ အတွင်းသားထဲမှာ ထည့်သွင်း နားထောင်ရတဲ့ နားကြားကိရိယာ ဖြစ်ပြီး အိပ်နေရင်း တပ်ဆင်ထားမှု၊ လေ့ကျင့်ခန်းလုပ်ချိန်တွေနဲ့ အချိန်ကြာ တပ်ဆင် အသုံးပြုမှုတွေက နားအတွင်းသားမှာ ပြတ်ရှမှုလေးတွေ ဖြစ်စေနိုင်ပါတယ်၊ ဒီလို ပြတ်ရှမှုတွေရှိလာရင်တော့ နားကြပ်ထဲက ဖြစ်စေ၊ နားအတွင်းသားထဲက ဖြစ်စေ ရောဂါးပိုးတွေ အရေပြားထဲ ဝင်နိုင်ဖို့ အခွင့်အလမ်း ရှိလာပြီး နားဖာချေးကလည်းကာကွယ်မပေးနိုင်တောဘူးလို့ ရှင်းပြပါတယ်။

ဒီတော့ ကိုယ့်နားကြပ်နဲ့ ကိုယ် ဆိုရင်တောင်မှ မိမိ နားမှာ၊ နားကြပ်မှာရှိတဲ့ ရောဂါပိုး ဝင်နိုင်မှု အခွင့်အလမ်း ရှိပြီး အများစုသုံးတဲ့ နားကြပ်ဆိုရင်တော့ ပိုလိ့ုတောင် ရောဂါပိုး အစုံ ရှိနေနိုင်တာလည်း ဖြစ်ပါတယ်။ သင့် သူငယ်ချင်းရဲ့ နားကြပ်က သန့်၊ မသန့် ဆိုတာ သင် မသိပါဘူး၊ စားပွဲပေါ်တွေ အိတ်ကပ်နေရာစုံတွေကနေ ရောဂါပိုး အစုံလည်း ပါရှိနေနိုင်ပါတယ်၊ ဒါဟာ နားကနေတဆင့်ဖြစ်တဲ့ အရေပြား ကူးစက်ရောဂါ ဖြစ်နိုင်ချေကို အများဆုံး အားပေးနေတယ်လို့ ဒေါက်တာ Anwar က ဆက်ရှင်းပြပါတယ်။

ဒီတော့ သူတို့အနေနဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ နားကြပ်တခုကို လူနှစ်ယောက်၊ အများသုံးမလုပ်ဖို့၊ ဖြစ်နိုင်မယ်ဆိုရင် မိမိ နားကြပ်ကို ကိုယ်တိုင် သန့်ရှင်းအောင် ထားရှိအသုံးပြုဖို့၊ နားကြပ်ထည့်ဖို့ သီးသန့် အိတ်ဝယ်သုံးပြီး သန့်သန့်လေးထားမယ်၊ သူငယ်ချင်းကို ပေးမသုံးဘူး၊ အရက်ပြန်လို အရည်မျိုးနဲ့ သုတ်သင် သန့်စင်ပေးမယ်၊ အမြဲတမ်းခြောက်သွေ့အောင် ထားမယ်၊ ဒါဆိုရင်တော့ သင့်အနေနဲ့ နားကြပ်ကနေ နားနဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေကို အကောင်းဆုံး ကာကွယ်တားဆီးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

www.rd.com တွင်ဖော်ပြထားတဲ့ Here’s why you should never, ever share earbuds with anyone ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading