Health

သင့်ကိုပိုပြီး အိုစာစေနိုင်မယ့် သင့်ရဲ့ နေထိုင်မှု ပုံစံ ၂ ခု

Want create site? Find Free WordPress Themes and plugins.

တကယ်တော့ နေထိုင်မှု ပုံစမကျရင် သင့်အနေနဲ့ အိုစာလွယ်တယ်လို့ လေ့လာချက်အသစ်တွေအရ သိလာရပါပြီ။ ဒါဆို ကျနော်တို့ရော အခုပြောမယ့် နေထိုင်မှု ပုံစံထဲမှာ ပါနေပါသလား။ တတ်နိုင်ရင် ရှောင်ကြဉ်နေထိုင်ရအောင်ဗျာ။

Epidemiology and Community Health ဆိုတဲ့ ဂျာနယ်ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖော်ပြခဲ့တဲ့ ဆောင်းပါးထဲမှာ ဒိန်းမတ်နိုင်ငံက လေ့လာသူတွေက အရွယ်ရောက်ပြီး လူပေါင်း ၁၁၅၀၀ ကို နှစ်ပေါင်း ၁၁ နှစ်ခွဲကြာ လေ့လာမှု ပြုလုပ်ပြီး သိရှိလာတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ဒီလေ့လာချက်ကို ကိုပင်ဟေဂင်မြို့တော် နှလုံးပိုင်းဆိုင်ရာလေ့လာရေး ဌာနက လေ့လာသူတွေက လုပ်ဆောင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

အဓိကအနေနဲ့တော့ လေ့လာသူတွေက အရက်သောက်သုံးမှု၊ ဆေးလိပ်နဲ့ အခြား ဘဝ နေထိုင်မှုပုံစံတွေကို ဦးစားပေး လေ့လာခဲ့တာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ လေ့လာ စောင့်ကြည့်မှုအနေနဲ့တော့ မျက်လုံးဆိုင်ရာ အမြင်အာရုံ၊ နားပိုင်းဆိုင်ရာ အကြားအာရုံနဲ့ ဆံပင်အနေအထားတွေကိုလည်း စောင့်ကြည့်ခဲ့ကြပါတယ်။

တွေ့ရှိလာရမှုအပိုင်းမှာတော့ အရက်သောက်သုံးတတ်တဲ့ အမျိုးသမီးတွေမှာ သီတင်းတပတ်ကို ၂၈ ပက်နဲ့ အထက် သောက်သူတွေမှာ ၃၃ ရာခိုင်နှုန်းထက်မကဘဲ ပိုမို အိုစာလွယ်တာ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့ဟာ တပတ်ကို အရက် ၇ ပက်လောက်ပဲ ကျန်းမာရေး ကောင်းရုံ သောက်သူတွေထက် အိုစာမှုနှုန်း ပိုနေတာ ဖြစ်ပါတယ်။ အမျိုးသားတွေမှာတော့ တပတ်ကို အရက် ၃၅ ပက်နဲ့အထက် သောက်သူတွေက အခြား ပုံမှန် ကျန်းမာရေး ကောင်းရုံသောက်သူတွေထက် ၃၅ ရာခိုင်နှုန်းလောက်ထိအောင် ပိုမို အိုစာလွယ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဆေးလိပ် သောက်သုံးသူတွေကို စောင့်ကြည့်ရာမှာလည်း တရက်ကို ဆေးလိပ် ၁ ဗူးထက် ပိုပြီး သောက်သုံးမှု များသူတွေက သောက်သုံးမှု သက်တမ်း ၁၅ နှစ်နဲ့အထက် ရောက်လာလေလေ အမျိုးသမီးတွေမှာဆိုရင် မျက်လုံးကို သိသိသာသာ အားနည်းသွားစေပြီး ဆေးလိပ် လုံး၀ မသောက်တဲ့ အမျိုးသမီးတွေနဲ့စာရင် တရက်ကို ဆေးလိပ်တဗူးထက် ပိုသောက်တဲ့ အမျိုးသမီးတွေရဲ့ မျက်လုံးအားနည်းမှုက ၄၁ ရာခိုင်နှုန်းထိအောင် ပိုစေတယ်လို့ တွေ့ရပါတယ်။ အမျိုးသားတွေမှာဆို ပိုဆိုးပြီး အဆိုပါ ၄၁ ရာခိုင်နှုန်းထက် နောက်ထပ် ၁၂ ရာခိုင်နှုန်း၊ စုစုပေါင်း ၅၃ ရာခိုင်နှုန်းလောက်ထိအောင် ပိုပြီး အမြင်အာရုံကို အားနည်းစေနိုင်တာပဲ ဖြစ်ပါတယ်။

ဒါဟာ အခြား ကျန်းမာရေးဆိုင်ရာ အားနည်းချက်တွေအတွက်မဟုတ်ဘဲ အမြင်အာရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ အပိုင်းတွေမှာ အရက်နဲ့ ဆေးလိပ် သောက်သုံးမှုကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ အားနည်းချက်တွေကို သေချာသိလာရတဲ့ ပထမဆုံး လေ့လာချက်လည်း ဖြစ်ပါတယ်၊ ဆေးလိပ်၊ အရက်သောက်သူတွေဟာ အခြား သူတွေထက် ပိုပြီး အိုစာလွယ်တယ်လို့ ပြောနိုင်လာခြင်းလည်း ဖြစ်ကြောင်း လေ့လာသူတွေက Science Daily ကို ပြောဆိုလိုက်ပါတယ်။ အရက်ပဲဖြစ်ဖြစ်၊ ဆေးလိပ်ပဲဖြစ်ဖြစ် သောက်သုံးမှုများရင် အိုစာလွယ်စေမှာပါလို့ ဆိုပါတယ်။

ဒီနေရာမှာ လေ့လာချက်က အဓိကအနေနဲ့ အရင်က သိထားပြီးသား အရက်ကြောင့် အသည်းရောဂါတွေ၊ ဆေးလိပ်ကြောင့် အဆုတ်ရောဂါဖြစ်နိုင်ချေတွေကို လေ့လာတာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာကို လေ့လာခြင်းဖြစ်ကြောင်းနဲ့ အချိန်ပေးလေ့လာထားမှုကြောင့် တိကျမှုရှိပေမယ့် သောက်သုံးသူတွေကိုတော့ ဖိအားပေးပြီး ဆေးလိပ်၊ အရက် မသောက်ဖို့ မပြောလိုဘဲ သိစေလိုခြင်းသာ ဖြစ်တယ်လို့ ဆိုပါသေးတယ်။

ဒီနေရာမှာ သတင်းကောင်းတခုကတော့ အခု လေ့လာချက်အရ အရက်၊ ဆေးလိပ် အသောက်များသူတွေမှာသာ အိုစာလွယ်ခြင်းဖြစ်ပေမယ့် သင့်တင့်ရုံ သောက်သူတွေမှာတော့ လုံးဝ မသောက်သူတွေနဲ့ သိပ်မကွာဘဲ အရွယ်တင်ခြင်းကို ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီတော့ လုံး၀ မသောက်ဖို့မဟုတ်ပေမယ့် သင့်တင့်ရုံသောက်ပြီး မိမိ ကိုယ်ကို အရွယ်တင်အောင်၊ အမြင်၊ အကြား အာရုံတွေကောင်းအောင် ထိန်းထိန်းသိမ်းသိမ်း နေဖို့တော့ လိုအပ်နေပါပြီနော်။

www.rd.com တွင် ဖော်ပြထားတဲ့ These 2 bad habits can make your face look way older, study says ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading