Health

သင့်ရဲ့ သွားတွေကို ဖြူစင်စေတဲ့ သဘာ၀ အစားအစာ ၅ မျိုး

Want create site? Find Free WordPress Themes and plugins.

ဖြူဖြူစင်စင် သွားကလေးတွေနဲ့ ကြည်ကြည်လင်လင် အပြုံးတွေ ဝေနိုင်ဖို့ လူတိုင်းလိုလားကြမယ် ထင်ပါတယ်။ သင့်ရဲ့ သွားကလေးတွေ ဖြူစင်စေဖို့ သွားဆရာဝန်တွေက သွားလေးတွေကို တိုက်ချွတ်ပေးတာတွေ ရှိပေမယ့် အဲဒီလို သွားတွေကို တိုက်ချွတ်တာက အမြဲတမ်းလုပ်နေဖို့ မသင့်တဲ့ အားနည်းချက်ရှိနေတာကြောင့် သဘာ၀ အစားအသောက်နဲ့ သွားကလေးတွေ ဖြူစင်စေဖို့၊ သင့်ရဲ့ အပြုံးတွေ ဝင်းပဖို့ အကြံပြုချက်လေးတွေကို မျှဝေလိုက်ပါတယ်။

ဘရိုကိုလီ (ပန်းမုံလာစိမ်း)

ဘရိုကိုလီကို နူးအောင် ပြုတ်ပြီးကြော်ပြီး မစားဘဲ လတ်လတ်ဆတ်ဆတ် အစိမ်းအတိုင်းစားဖို့ သင့်ပါတယ်။ ဒါမှမဟုတ် အပူအနည်းငယ် ပေးပြီးစားသင့်ပါတယ်။ သင်က အားရပါးရ ဝါးလိုက်တိုင်း ဘရိုကိုလီကထွက်လာတဲ့ သဘာ၀ အဟာရတွေက သွားတွေကို သန့်ရှင်းစေပါတယ်။ ပြီးတော့ သံဓာတ် အများဆုံးပါဝင်တာကြောင့် သွားလေးတွေရဲ့ အပေါ်ယံကြွေလွှာကို စွန်းထင်းမှာတွေ၊ အန္တရာယ် ဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ အက်ဆစ်ဓာတ်တွေက သွားခြေကို တိုက်စားခြင်းကနေ ကာကွယ်ပေးပါတယ်။

လိမ္မော်သီးခွံများ

လိမ္မော်သီးအခွံတွေကို လွှင့်မပစ်ပါနဲ့။ အများစုလက်ခံထားသလို အခွံတွေမှာ အက်ဆစ်ဓာတ်တွေ မပါဝင်ပါဘူး။ အခွံမှာ ဗီတာမင် စီ မျိုးကွဲများစွာ ပါဝင်နေပြီး အဲဒီဗီတာမင်တွေကပဲ သွားတွေကို ဖြူစင်စေပါတယ်။ လိမ္မော်သီးအခွံကို နွှာပြီး သွားတွေရဲ့ အတွင်းပိုင်း ပါးစောင်အထိအခွံနဲ့ ပွတ်တိုက်ပါ၊ သွားတွေကို ထိခိုက်စေတဲ့ သွားချေးကျောက်ကို ဖယ်ရှားပေးသလို သွားလေးတွေ ရဲ့ ဖြူစင်အောင် အရောင်တင်ပေးပါလိမ့်မယ်။

စတော်ဘယ်ရီသီးလေးများ

စတော်ဘယ်ရီသီးနဲ့ မုန့်ဖုတ်ဆိုဒါ ရောပြီးလုပ်ထားတဲ့ ကော်ရည်တမျိုးက သွားတွေကို ဖြူစင်စေတဲ့ သဘာ၀ ဆေးတခုပါပဲ။ အက်ဆစ်ဓာတ် များပြားတဲ့ အသီးအနံှတွေက သွားတွေကို ဖြူစင်စေတဲ့ သဘာဝဆေးနည်းပေါ့။ စတော်ဘယ်ရီမှာ သကြားဓာတ်လည်း ပါဝင်နေပြန်တာကြောင့် သွားတွေကို အကာအကွယ် ဖြစ်စေတယ်လို့ ဆိုပါတယ်။

မုံလာဥနီ

မုံလာဥနီကိုအစိမ်းလိုက် ဝါးစားခြင်းအားဖြင့် သင့်ရဲ့ သွားတွေကို ဖြူဖွေးလာအောင် တိုက်ချွတ်ပေးသလိုပါပဲတဲ့။ မုံလာဦနီကို ကြိုက်နှစ်သက်စွာစားတတ်တဲ့ ယုန်ကလေးတွေရဲ့ သွားလေးတွေလည်း ဖြူဖွေးနေတာတွေ့ဖူးမယ် ထင်ပါတယ်။ မုံလာဥနီကို အစိမ်းလိုက် တကျွတ်ကျွတ် ဝါးစားခြင်းဖြင့် သင့်ရဲ့ သွားလေးတွေကို ဖြူစင်စေပါတယ်။

ချိစ်

ချိစ်မှာပါတဲ့ နို့ကရတဲ့ လက်တစ်အက်ဆစ်က သွားတွေ ပျက်စီးယိုယွင်းမှာကိုကာကွယ်ပေးပေးပါတယ်။ အခြားအစားအသောက်တွေကနေသွားပေါ်မှာ၊ သွားခြေမှာစွဲလာမယ့် အညစ်အကြေးအစွန်းအထင်းတွေကိုချေဖျက် ရှင်းလင်းပေးပါတယ်။

Ref: www.instyle.com

Did you find apk for android? You can find new Free Android Games and apps.
Loading