Health

မကြာခဏ လိင်ဆက်ဆံခြင်းက နှလုံးရောဂါကို ကာကွယ်ပေးနိုင်

Want create site? Find Free WordPress Themes and plugins.

အရင်က ကျနော်တို့ သိထားခဲ့တာက လိင်ဆက်ဆံမှုဟာ ကျန်းမာရေး အတွက် ကောင်းစေတယ် ဆိုတာမျိုးပါပဲနော်၊ စာဖတ်သူတို့ကို နည်းနည်းလောက် ဖတ်မိသမျှလေး ပြန်ပြောရရင် ..

လိင်တကြိမ် ဆက်ဆံတိုင်း ကယ်လိုရီ ၁၂၀ လောက် လောင်ကျွမ်းသွားလို့ လိင်ဆက်ဆံခြင်းက ကိုယ်အလေးချိန် အနည်းငယ် ကျစေနိုင်တယ် …

လိင်ဆက်ဆံမှုမှာ သွေးပူခြင်းနဲ့အတူ ဟော်မုန်းနိုးထမှုတွေကြောင့် သွေးလည့်ပတ်မှု မှန်ကန်ပြီး သွေးတွင်း အဆီအနည်ထိုင်မှုကို ချေဖျက်မှု အားကောင်းစေနိုင်တယ် …

အိပ်ယာမဝင်ခင် လိင်ဆက်ဆံခြင်းက ကောင်းကောင်း အိပ်မောကျစေပြီး အိပ်ရေးဝစေနိုင်တယ် ..

လိင်ဆက်ဆံခြင်းက စိတ်ရော လူပါ လန်းဆန်းမှု ဖြစ်စေတယ် ဆိုတာတွေ၊ ဒါတွေက အခု ပြောမယ့် မူရင်း ဆောင်းပါးထဲမှာမပါပေမယ့် အရင်က ဖတ်ထားခဲ့တာလေးတွေ နည်းနည်းပြန်ပြောပြတာပါ။ ဒီတော့ လိင်ဆက်ဆံခြင်းက အထက်မှာ ကျနော်ပြောခဲ့သလို ကျန်းမာရေးအတွက် ကောင်းမွန်မှုရှိတယ်၊ ပြီးတော့ရော..

ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်တယ်။

ကိုယ်တွင်း အာရုံခံစနစ်တွေ အကောင်းဆုံး လည်ပတ်လုပ်ဆောင်နိုင်စေတယ်။

စိတ်ကို တက်ကြွလန်းဆန်းမှု အမြင့်ဆုံး ရှိနေစေတယ်။

စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

ပြီးတော့ အခုပြောမယ့် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ချပြီး ကာကွယ်မှု ပေးနိုင်တယ် ဆိုတာရော သိပြီးပါပြီလား။

တကယ်လို့ သင့်မှာ နှလုံးရောဂါ အခံ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်ချင်နေပြီ၊ ဖြစ်နေပြီဆိုရင် သင့်ကို လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့၊ အစားအသောက် ဆင်ဆင်ခြင်ခြင်နဲ့ မှန်မှန်ကန်ကန်စားဖို့၊ ဒါတွေကို ဆရာဝန်တွေက ပြောလာပါလိ့်မ်မယ်။

ဟုတ်ပါတယ်၊ နှလုံးရောဂါရှိနေပြီဆိုရင် သင့်အနေနဲ့ အနေအထိုင်၊ အစားအသောက် အားလုံးကို ဆင်ခြင်နေရပါလိမ့်မယ်။ ဒါပေမယ့် အခုမှ သိလာတဲ့ နှလုံးရောဂါသည်တွေ၊ နှလုံးအားနည်းသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းပုံစံ လှုပ်ရှားမှုလည်း ဖြစ်မယ်၊ စိတ်ရောလူပါ ကျန်းမာရေး ကောင်းစေမယ့် အချက်ကတော့ လိင်ဆက်ဆံခြင်းပါ။

အထူးသဖြင့်တော့ နှလုံးရောဂါဖြစ်နိုင်ချေကို အကောင်းဆုံး လျှော့ချပေးနိုင်တာဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။ Amino Acid Homocysteine လို့ ဆိုတဲ့ သွေးတွင်း အမိုင်နိုအက်ဆစ်စုဖွဲ့မှုကို လိင်ဆက်ဆံခြင်းကနေ ချေဖျက် လျော့ကျစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အမိုင်နိုအက်ဆစ်ဓါတ် ကိုယ်တွင်းမှာ စုဖွဲ့မှု နည်းလေလေ သင့်အတွက် ကောင်းလေလေ ဖြစ်ပြီး ဒီဓါတ်ကို အကောင်းဆုံး လျှော့ချနိုင်မှုမယ့် နည်းလမ်းကတော့ လိင်ဆက်ဆံခြင်းလို့ ဆိုပါတယ်။

ဒီနေရာမှာ မကြာခဏ လိင်ဆက်ဆံမယ်၊ အိမ်ထောင်သည်တွေမှာ ပုံမှန် လိင်ဆက်ဆံမှု ရှိမယ်ဆိုရင်တော့ အမိုင်နိုအက်ဆစ်ဓါတ်ကိုလည်း ပုံမှန်လျှော့ချပေးပြီးသား ဖြစ်လာမှာပါ။ ဒီနေရာမှာ အခု အမိုင်နိုအက်ဆစ်ဓါတ်ကို လျော့ကျအောင် အကြိမ်ရေ အများအပြား လိက်ဆက်ဆံဖို့ ဆိုလိုခြင်း မဟုတ်ဘဲ ပုံမှန်ဆက်ဆံမှု ရှိရင် အဆင်ပြေတယ်လို့လည်း သိရပါတယ်။

၂၀၁၅ ခုနှစ် အတွင်းက မှတ်သားထားတဲ့ စာရင်းတွေအရ အမိုင်နိုအက်ဆစ်ဓါတ်စုဖွဲ့မှု များခြင်းက နှလုံးရောဂါနဲ့ ပတ်သက်ပြီး သေဆုံးနှုန်းကို ၆၆ ရာခိုင်နှုန်းထိအောင် တိုးမြင့်စေတယ်လို့လည်း ဆိုပါတယ်။ လေဖြတ် နိုင်ဖို့လည်း အားပေးရာ ရောက်တယ်၊ ပုံမှန်ထက် လေဖြတ်နိုင်ချေ ၃၃ ရာခိုင်နှုန်း ပိုစေတယ်၊ ပြီးတော့ ဦးနှောက် အမြှေးရောင် ရောဂါရော ကင်ဆာ ဖြစ်နိုင်ချေတွေနဲ့ပါ ဆက်စပ် အားပေးမှု ဖြစ်စေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီတော့ ပုံမှန်လိင်ဆက်ဆံမှု ရှိမှပဲ အခုလို သွေးတွင်း အမိုင်နိုအက်ဆစ်ဓါတ် စုဖွဲ့မှုကို လျော့နိုင်မယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်မှုဖြစ်စေမယ်ပေါ့။ ဒါပေမယ့် အမျိုးသမီးတွေအတွက်ကတော့ ပုံမှန် လိင်ဆက်ဆံမှုက နှလုံးရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်မှု သိသာလောက်အောင် မဖြစ်စေဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ လိင်အင်္ဂါ ဖွဲ့စည်းမှုနဲ့ သွေးလည်ပတ်မှု စနစ်တွေအရ လိင်ဆက်ဆံခြင်းဟာ အမျိုးသမီးတွေရဲ့ သွေးတွင်း အမိုင်နိုအက်ဆစ်စုဖွဲ့မှုကို အမျိုးသားတွေမှာလောက် ဖယ်ထုတ်နိုင်ခြင်း မရှိလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ အခု ဆောင်းပါးက အဆုံးသတ်မှာမှ အမျိုးသားတွေအတွက် ကျန်းမာရေး ဆောင်းပါး သက်သက် ဖြစ်သွားပါတယ်။ နောက်တခါမှ အမျိုးသမီးတွေအတွက် အမိုင်နိုအက်ဆစ်ဓါတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ့ရင် ပြောပြပါတော့မယ်။

www.maxim.com တွင်ဖော်ပြထားတဲ့ Having lots of sex prevents heart attacks, so follow me if want to live ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading