Health

ဘာကြောင့် ခရမ်းချဉ်သီးကို ပိုမိုစားသုံးသင့်တာလဲ

Want create site? Find Free WordPress Themes and plugins.

ခရမ်းချဉ်သီးကို အရသာခံစားရုံ အပြင် ကျန်းမာရေး အတွက်လည်း ပိုစားသင့်ပါတယ်။ ဒီနေရာမှာ ခရမ်းချဉ်သီးကို ပိုစားရင်ကောင်းတဲ့ အကြောင်း ၁၀ ချက်ကို ပြောပြလိုက်ပါတယ်။ ခရမ်းချဉ်သီးဟာ ကျန်းမာရေးကို ညီညွတ်စေတဲ့ အာနိသင် ထက်မြက်ပါတယ်။ ကျန်းမာရေးအတွက် ခရမ်းချဉ်သီးက ဘယ်လိုအထောက်အကူပြုသလဲဆိုတာ သိထားသင့်ပါတယ်။

အသားအရေကို နူးညံ့စေတယ်

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း (lycopene) လို့ခေါ်တဲ့ ဓာတ်တမျိုး မြင့်မားစွာ ပါဝင်ပါတယ်။ အဲဒီဓာတ်က အသားအရေကို နူးညံ့ချောမွေ့စေ ပါတယ်။ လိုင်ကိုပင်း ဓာတ်ဟာ အလှကုန်ပစ္စည်းတွေထဲမှာ၊ မျက်နှာသစ်ဆပ်ပြာခရင်မ်တွေထဲမှာ ထည့်သွင်းလေ့ရှိတဲ့ ဓာတ်ပါပဲ။ ခရမ်းချဉ်သီး ၈ လုံးကနေ ၁၂ လုံးအထိ သုံးစွဲပြီး အသားအရေ လှပစေဖို့ လုပ်ယူနိုင်ပါ တယ်။

ဘယ်လို လုပ်ရမှာလဲ ဆိုတော့ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်၊ လည်ပင်းအပေါ် ကပ်ပေးထားပါ။ မျက်နှာပေါ်မှာ အနည်းဆုံး ၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာပြန်သစ်လိုက်ပါ။ မျက်နှာတခုလုံး သန့်စင်ပြီး တောက်ပစိုပြေ လာတာ တွေ့ရမှာပါ။ တကယ်လို့ ခရမ်းချဉ်သီးနဲ့ အရေပြား မတည့်လို့ အရေပြားနီစပ်စပ် ဖြစ်လာတယ် ဆိုရင်တော့ ဓာတ်မတည့်တဲ့ သူ ဖြစ်လို့ သူ့ အတွက်တော့ ခရမ်းသီးကို မသုံးသင့်ပါဘူး။

ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးတယ်

ခရမ်းချဉ်သီးမှာ ပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာမဖြစ်ပွားအောင် တားဆီးပေးနိုင်တယ် လို့ သုတေသနပြု လေ့လာချက်များစွာမှာ ဖော်ပြထားပါတယ်။ လိုင်ကိုပင်းဟာ သဘာ၀ အန်တီအောက်ဆီးဒင့်ဓာတ် ဖြစ်တဲ့အတွက် ကင်ဆာဖြစ်ပွားစေတဲ့ ဆဲလ်တွေ တိုးပွားလာခြင်းကို နှေးကွေးစေတယ်၊ ဟန့်ထားပေးတယ်။ ခရမ်းချဉ်သီးကို ပြုတ်ပြီးရင်တောင်မှ လိုင်ကိုပင်းဓာတ်ဟာ ကျန်ရှိနေသေးတဲ့ အတွက် ခရမ်းချဉ်သီးစွပ်ပြုတ်ကို ပုံမှန်သောက်ပေးရင် ကင်ဆာရောဂါ ကာကွယ်နိုင်တာ အမှန်ပါ။

အရိုးတွေကို သန်မာစေတယ်

ခရမ်းချဉ်သီးမှာ ကယ်ဆီယံနဲ့ ဗီတာမင်ကေဓာတ် ပါဝင်ပါတယ်။ အဲဒီဓာတ် နှစ်မျိုးလုံးဟာ အရိုးအဆစ်တွေကို သန်စွမ်းစေပြီး အရိုးတစ်သျှူးတွေ ဖွဲ့စည်းမှုကို အထောက်အကူပြုပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် လူ့ကိုယ်တွင်း ယိုယွင်းလာမှုကို ပြုပြင်ပေးတယ်

ဆေးလိပ်ဖြတ်လိုက်တဲ့ အတွက် နေမထိထိုင်မသာ ဖြစ်နေသူများဟာ ခရမ်းချဉ်သီး စားသုံးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်၊ စီးကရက်ကြောင့် ကိုယ်တွင်း ယိုယွင်းပျက်စီးလာမှုတွေကို ပြုပြင်ပေးပါတယ်။ ကူးမားရစ် (coumaric) အက်ဆစ် နဲ့ ကလိုရိုဂျန်နစ် (chlorogenic) အက်ဆစ်တွေဟာ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အတွက် စီးကရက်မီးခိုးမှာပါတဲ့ ကာစီနိုဂျင် (carcinogens) လို့ ခေါ်တဲ့ ဥပါဒ်ဖြစ်စေတဲ့ ဓာတ်ကို ချေဖျက်ပေးပါတယ်။

မရှိမဖြစ် antioxidants ဓာတ်ဖြစ်

ခရမ်းချဉ်သီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီဗီတာမင်ဓာတ်တွေဟာ သွေးထဲမှာ မလိုလားအပ်တဲ့ ဒြပ်မှုန်တွေကို ဓာတ်ပြယ်စေတဲ့ antioxidants အဖြစ် ဖယ်ရှားလျော့နည်းစေပါတယ်။

ကိုယ်တွင်း သွေးလှည့်ပတ် စီးဆင်းမှုမှာ မလိုလားအပ်တဲ့ ဒြပ်မှုန်တွေ ပါဝင်နေခြင်းဟာ ဘေးဥပါဒ် ဖြစ်စေပါတယ်။ အကြောင်းကတော့ အဲဒီဒြပ်မှုတွေက ဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့ ဦးတည်နေလို့ ပါပဲ။ ဒါကြောင့် ဘီတာကရိုတင်း (beta-carotene) ဓာတ် ပါဝင်တဲ့ ခရမ်းချဉ်သီး အနီရဲရဲကို စားဖို့ မမေ့ပါနဲ့။ ခရမ်းချဉ်သီးကို ချက်ပြုတ်လိုက်ရင် ဗီတာမင်စီဓာတ် လျော့နည်း ပျက်ပြယ်သွားနိုင်တာကြောင့် ဗီတာမင်စီဓာတ် ပြည့်ပြည့်၀၀ ရဖို့ ခရမ်းချဉ်သီးကို အစိမ်းစားပါ။ ခရမ်းချဉ်သီးသုပ် ပေါ့။

 

နှလုံးအတွက်လည်း ကောင်းတယ်

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်ဘီနဲ့ ပိုတက်စီယံဓာတ်တွေကြောင့် ကိုလက်စထရောကို အဆင့်လျှော့ချနိုင်ပြီး သွေးဖိအားကို ထိန်းညှိပေး ပါတယ်။ ဒါကြောင့်မို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေမှာ ခရမ်းချဉ်သီးကို ထည့်စားခြင်းအားဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်။ လေဖြတ်ခြင်းကို ကင်းဝေးပါတယ်။ နှလုံးနဲ့ ပတ်သက်တဲ့ တခြားဥပါဒ်တွေကိုလည်း ပျောက်ကင်းချမ်းသာစေတယ် လို့ မှတ်တမ်းတွေက ဆိုပါတယ်။

ဆံပင်အတွက်လည်း ကောင်းတယ်

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ ဓာတ်ဟာ သင့်ဆံကေသာကို တောက်ပသန်စွမ်းစေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါအပြင် မျက်စိ၊ အသားအရေ၊ အရိုးနဲ့ သွားတွေကိုပါ အထောက်အကူပြုပါတယ်။

ကျောက်ကပ်ကို အားကောင်းစေတယ်

ခရမ်းချဉ်သီး အစေ့တွေကို ဖယ်ပြီး စားသုံးပေးခြင်းဖြင့် ကျောက်ကပ်ထဲ ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်တယ် လို့ သုတေသနလေ့လာမှုတွေအရ သိရပါတယ်။
မျက်စိအတွက်လည်း ကောင်းတယ်

ခရမ်းချဉ်သီးမှာ ဗီတာမင်အေဓာတ်ကို တွေ့ရတဲ့ အတွက် သင့်ရဲ့ အမြင်စွမ်းအားကို တိုးတက်လာစေပါတယ်။ ဒါအပြင် ခရမ်းချဉ်သီး စားသုံးခြင်းဟာ ကြက်မျက်သင့်ခြင်း (ညဘက် မမြင်ရတဲ့ မျက်စေ့ရောဂါ) ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီးမှာ ခရိုမီယံလို့ ခေါ်တဲ့ သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆီးချိုရောဂါရှင် အတွက် သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ကို ထိန်းညှိပေးပါတယ်။

(www.floridatomatoes.org တွင် ဖော်ပြထားသည့် 10 Reasons Why You Should Be Eating More Tomatoes ကို အေးအောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading