Health

အမျိုးသားတို့အတွက် အကောင်းဆုံးအားဆေးများ

Want create site? Find Free WordPress Themes and plugins.

အခုပြောမှာကတော့ အရွယ်ရောက် အမျိုးသားတွေအတွက် အကောင်းဆုံး အားအင်ဖြစ်စေမယ့် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် ဖြည့်စွက်ဆေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ကျနော်က ဘယ်လိုဆေးတွေ သောက်သုံးပါ ဆိုတာထက် အမျိုးသားတွေအတွက် ဘယ်လို ဗီတာမင်နဲ့ အာဟာရဓါတ်တွေလိုအပ်တယ် ဆိုတာ ပြောပြမှာဖြစ်ပြီး လိုအပ်ချက်နဲ့ နီးစပ်ရာဆေးတွေကို ဖြည့်စွက်ဆေးအဖြစ် သောက်သုံးနိုင်မှာလည်း ဖြစ်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင် ဒီက ကျနော်တု့ိ အရိုးတွေ ခိုင်မာမှုအတွက် အဓိကလိုအပ်တဲ့ ဗီတာမင်တခုပါ။ ပြီးတော့ အစာအိမ်အတွင်း ကယ်လ်စီယမ်ပါရှိတဲ့အစာကို ဗီတာမင် ဒီနဲ့အတူ ရောစပ်စားသုံးမယ်ဆိုရင် အစာအိမ်ကနေ ကယ်လ်စီယမ်ဓါတ်စုပ်ယူနိုင်မှု ပိုကောင်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုံ့ဆော်စနစ်ကိုလည်း အားကောင်းစေ တယ်။ ရောဂါပိုးတိုက်ဖျက်မှုတွေမှာလည်း ပါဝင်ပါတယ်။ ဆီးကျိတ်နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ ဒါပေမယ့် သူက အစာတွေမှာ ပါဝင်လေ့နည်းပါတယ်။

International Units ဆိုတဲ့ IUs နဲ့ဆိုရင် တရက်ကို ကျနော်တို့ ဗီတာမင် ဒီ ၆၀၀ IUs လောက် လိုပါတယ်။ အစာတွေမှာ ပါဝင်လေ့နည်းလို့ ဗီတာမင် ဒီ ကိုတော့ ဖြည့်စွက်ဆေးအဖြစ် စားသုံးပေးတာ ပိုလွယ်ပြီး ၁၀၀၀ IUs ပါရှိတဲ့ ဗီတာမင် ဒီ ဆေးတွေ ထွက်ရှိပါတယ်။

စရီယာတိန်း (Creatine)

အမဲသားနဲ့ ပင်လယ်စာတွေမှာ အများစု ပါရှိပါတယ်။ သူက ကြွက်သား ကြီးထွားမှုကို အားပေးတယ်။ ပြီးတော့ ရေတိုလုပ်ဆောင်ချက် (ခဏတာ တွေးတောခြင်း၊ ရုတ်တရက် ပြေးခြင်း၊ ခရီးတိုပြေးခြင်း) တွေကို အားကောင်းစေပါတယ်။ ပြောရရင်တော့ ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်လုပ်မှုစနစ်ရော စွမ်းအင်သိုလှောင်မှု စနစ်ကိုပါ အားကောင်းစေတာ ဖြစ်ပါတယ်။ စရီယာတိန်းပါ အသားနဲ့အတူ ဟင်းသီးဟင်းရွက်တွေပါ ရောနှော စားသုံးပေးပါ။ နိုင်ငံတကာ အားကစားဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းကတော့ စရီယာတိန်းစာတွေ မစားဖြစ်ဘူးဆိုရင် Creatine Monohydrate ဆိုတဲ့ စရီယာတိန်းရော ရေဓါတ်ပါ အားဖြည့်ေးဆတွေ ထွက်ရှိပြီး အဆိုပါ ဆေးတွေ စားပေးနိုင်တယ်လို့ ဆိုပါတယ်။

အသားဓါတ်ရည် (Whey Protein)

အသားဓါတ်ပါရှိတဲ့ ဒိန်ရည်ကို ဆိုလိုတာပါ။ ချိစ်လုပ်ချိန်မှာ မလိုင်နဲ့ အခု ဒိန်ရည်တို့ ကွဲထွက်သွားပါတယ်။ ကြွက်သားကြီးထွားချင်သူတွေ အဓိက ဦးစားပေး စားသုံးသင့်ပါတယ်။ ဒိန်ရည်(အသားဓါတ်ရည်)ဟာ အသားဓါတ်စစ်စစ်ကို ပေးပါတယ်။ ကြွက်သားကြီးထွားဖို့နဲ့ ပျက်စီး အသား ပြန်လည်ပြင်ဆင်ဖို့ အဓိက လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ကောင်းကောင်း ပါရှိပါတယ်။ Leucine(လက်စင်း)လည်း ပြည့်ဝစွာ ပါရှိပါတယ်။ သူလည်း အမိုင်နိုအက်ဆစ် အမျိုးအစားပဲဖြစ်ပြီး ကြွက်သား ကြီးထွားမှုကို အားပေးပါတယ်။ ဒိန်ရည် ၃၀ ဂရမ်မှာမှ လက်စင်း ၂-၃ ဂရမ်လောက်ပဲပါရှိလို့ နေ့စဉ် ဒိန်ရည် ၃၀ ဂရမ်လောက် စားသုံးပေးသင့်ပါတယ်။

မာလ်တီဗီတာမင်

တကယ်တော့ ဖြည့်စွက် အားဆေးတွေက ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အကူတော့ မဖြစ်စေပါဘူး။ အစာတွေမှာပဲ အမျှင်ဓါတ်တွေ၊ အသားဓါတ်တွေကနေ အာဟာရ အစုံ၊ အနည်းနဲ့အများ ပါရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အာဟာရဓါတ် တခုခုပဲ အဓိက လိုအပ်တယ်ဆိုရင်တော့ ဖြည့်စွက်ဆေးတွေ သုံးပေးနိုင်ပါတယ်။ ဥပမာ-လူတယောက်က ဗီတာမင် ဒီ လုံလောက်စွာ ရလောက်အောင် နေရောင်နဲ့ မတွေ့ထိဖြစ်ဘူးဆိုရင် ဖြည့်စွက်ဆေး သောက်နိုင်တယ်ပေါ့။ တကယ်လို့ သင့်အနေနဲ့ ဖြည့်စွက်ဆေး သောက်မယ်ဆိုရင် ဗီတာမင် တခုတည်းပါရှိတဲ့ ဆေးထက် ဗီတာမင် အစုံ၊ သတ္တုဓါတ်အစုံ ပါရှိတဲ့ ဆေးကို တလုံးတည်း သောက်ပေးနိုင်ပါတယ်။ အာဟာရဓါတ် တခုစီအတွက် ဖြည့်စွက်ဆေး တခုစီ လိုက်သောက်ဖို့ တော့ မကောင်းပါဘူး။

www.menshealth.com တွင် ဖော်ပြထားတဲ့ The best supplements for men ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading