• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အတိတ်ထဲမှာပဲ နေတဲ့အခါ

by Karen Ann Kennedy
25 January 2018
in Health
A A
ဆရာချုံရဲ့ နန်းတွင်းညီလာခံသဘင် ပန်းချီကား

ဆရာချုံရဲ့ နန်းတွင်းညီလာခံသဘင် ပန်းချီကား

6.8k
VIEWS
Share on FacebookShare on Twitter

အတိတ်အကြောင်းတွေကို ပြန်စဉ်းစားဖို့ အချိန်များများ သုံးပါသလား။ များများသုံးတယ် ဆိုရင်လည်း အဆင်ပြေပါသေးတယ်။ အတိတ် အကြောင်းကို အမှတ်တရ ရှိနေတာ၊ အတိတ်က အခြေအနေကို လည်ပြန် လှည့်ကြည့်တာ ဆိုးဆိုးရွားရွားတော့ မဟုတ်။

အတိတ်အကြောင်း ပြန်လည် စဉ်းစားတာနဲ့ အတိတ်မှာ နေထိုင်ခြင်းတို့က မတူပါ။ တခါတလေ လူအများစုဟာ သူတို့နဲ့ အကျွမ်းတဝင် ရှိတဲ့ အတိတ်မှာပဲ နေထိုင်ကြတာမျိုး ရှိပါတယ်။ အတိတ်ဆိုတာ ကိုယ် ဖြတ်သန်းခဲ့ပြီး ဖြစ်လို့ ဘာတွေ ဖြစ်ခဲ့တာကို သိပြီးဖြစ်လို့ အံ့သြစရာ မရှိပါ။ ကိုယ် အကြိုက်နှစ်သက်ဆုံး ရုပ်သံဇာတ်လမ်းတွေကို ပြန်ပြတိုင်း ဘာကြောင့် အကြိမ်ကြိမ် ပြန်ကြည့်မိတယ် ဆိုတာ စဉ်းစားကြည့်ပါ။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
597
အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

အသည်းရောင်အသားဝါ A နှင့်ပတ်သက်၍ လူသိနည်းသော အကြောင်းများ

9 March 2025
2.1k
HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

27 February 2025
1.8k

ဒါ အတိတ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ အတိတ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်လို့ အတိတ်မှာ နေထိုင်ဖို့ ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့သမျှ အရာရာကို သိရှိပြီး ဖြစ်တယ်၊ အတိတ်ဟာ အလွန် ကောင်းမွန်တဲ့ အတိတ်ဖြစ်ရင် ပြန်စဉ်းစားရုံနဲ့ ကျေနပ် ပျော်ရွှင်တာကို ခံစားရတယ်။

ကျမ တပ်ထဲမှာ ၈ နှစ် တာဝန်ထမ်းဆောင်ခဲ့တာကို ဂုဏ်ယူပါတယ်။ ကျမလို တာဝန် ထမ်းဆောင်ခဲ့တဲ့ မိတ်ဆွေတဦး ရှိပါတယ်။ သူက တပ်က ထွက်ခဲ့တာ ကြာပြီဆိုပေမယ့် သူဟာ သူ့ရဲ့ အတိတ်ရဲ့ ပန်းခင်းလမ်း ရက်စွဲထဲမှာပဲ ရှင်သန်နေထိုင်နေဆဲပါ။ သူပြောသမျှ ဇာတ်လမ်းများ အားလုံးက သူ တပ်ထဲမှာ ရှိခဲ့တုန်းက အကြောင်းအရာတွေချည်းပါ။ လတ်တလော ဖြစ်ပျက်သမျှ အခြေအနေတိုင်း၊ ဖြစ်ရပ်တိုင်းကိုလည်း သူ တာဝန်ထမ်းဆောင်တုန်းက ရွှေရောင် နေ့ရက်များနှင့် နှိုင်းယှဉ် ပြောလေ့ရှိပါတယ်။

အထက်တန်းကျောင်း ဘောလုံးသမား ဘ၀ အကြောင်း မကြာခဏ ပြောတတ်တဲ့ အသက် အလယ်အလတ်ပိုင်း လူတယောက် အကြောင်း စဉ်းစားကြည့်ပါ။ ကောလိပ်အကြောင်း မရပ်မနား ပြောပြောနေတတ်တဲ့ ကလေး ၃ ယောက်အမေ အကြောင်း စဉ်းစားကြည့်ပါ။ ထိပ်တန်း ကုမ္ပဏီ စာရင်းဝင် လုပ်ငန်း အကြီးအကဲ ဖြစ်ခဲ့တဲ့ နေ့ရက်တွေ အကြောင်း ထပ်ခါထပ်ခါ ပြောနေတတ်တဲ့ အငြိမ်းစား အမှုဆောင်အရာရှိ အကြောင်း စဉ်းစားကြည့်ပါ။

အတိတ်မှာ နေထိုင်သူလား

အတိတ်မှာ နေထိုင်နေသူ ဟုတ်/မဟုတ် မေးခွန်း ၅ ခု ကို ဖြေကြည့်ပါ။

၁။ စိတ်မှာ တွယ်ငြိနေတဲ့ အတိတ်က အချိန်ကာလတခု သင့်မှာ ရှိပါသလား။
၂။ အဲဒီတုန်းက ပျော်ရွှင်မှု၊ အဆင့်အတန်း၊ ကျေနပ်မှု၊ လက်ခံမှု စတာတွေ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး လို့ ထင်ပါသလား။
၃။ လက်ရှိ ဘ၀ အခြေအနေကို စိတ်ပျက်နေပါသလား။
၄။ အနာဂတ်ကို စိုးရိမ်ပူပန်နေပါသလား။
၅။ အတိတ် အကြောင်း စဉ်းစားမိတဲ့ အခါ ဝမ်းနည်းရပါသလား။

တကယ်လို့ သင်ဟာ လက်ရှိ အချိန်နဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဘ၀ အခြေအနေ မရနိုင်ဘူးလို့ ထင်နေတဲ့အခါ အတိတ်ကာလတခုက အခြေအနေတခုကို တွယ်ငြိနေမယ်၊ ဒါမှမဟုတ် အတိတ်အကြောင်း စဉ်းစားတာက သင့်ကို ဖြေသာနှစ်သိမ့်စေတယ် ဆိုရင်တော့ သင့်စိတ်ဟာ အတိတ်ကိုသာ တွယ်ကပ်နေမှာပဲ ဖြစ်ပါတယ်။

ဘာကြောင့် ပြဿနာလဲ

အတိတ်မှာ ငြိတွယ်နေထိုင်လိုတာဟာ လက်ရှိဘဝကို ခံစားဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးစေတာကြောင့် ပြဿနာ တခုပါ။ လက်ရှိဘဝမှာ ပျော်ရွှင်မှု ကင်းမဲ့ နေပါသလား။ လက်ရှိဘဝမှာ ပျော်ရွှင်မှု မရှိတာကြောင့် အတိတ်မှာ နေထိုင်တာက သင့်ဘ၀ အမှန်အတွက် အထောက်အကူ မပြုပါဘူး။ အတိတ်မှာ နေထိုင်တာက လက်ရှိ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာလည်း မဟုတ်ပါဘူး။

တကယ်တော့ လူ့စိတ်တွေ အတွက် လက်ရှိ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းရတာထက် အထက်ကျောင်းတုန်းက ချစ်သူကို ပြန်လည် သတိရနေတာက ပိုလွယ်ကူတယ်၊ ပျော်ရွှင်ကြည်နူး ဖြစ်ရတယ်။ တကယ်လို့ သင်ဟာ ထိပ်တန်း အားကစားသမား ဖြစ်ခဲ့တုန်းက အကြောင်း ပြန်လည် စဉ်းစားတာက ယခုလက်ရှိ သင့်ကိုယ်သင် မှန်ထဲကို ကြည့်ပြီး သင့်ခန္ဓာကိုယ်က ပေါင်ပိုတွေကို လျော့ကျဖို့ လုပ်ရတာထက် ပိုပြီးတော့ စိတ်ချမ်းသာစရာ ကောင်းနေတယ် မဟုတ်လား။

လက်ရှိ အချိန်တွင် အလုပ်လက်မဲ့ ဖြစ်နေရင် ဒါမှမဟုတ် ကိုယ့်အရည်အချင်းထက် နိမ့်ကျတဲ့ အလုပ်မှာ လုပ်နေရတယ် ဆိုရင်တော့ သင်ဟာ လုပ်ငန်းအကြီးအကဲ ဖြစ်ခဲ့စဉ်က၊ အခြားသူများက မိမိကို မှီခိုနေရစဉ်က၊ မိမိကို လေးစားအထင်ကြီး နေရစဉ်က အတိတ်ဘဝကို ပြန်ခံစားပြီး စိတ်ချမ်းသာနေပါလိမ့်မယ်။

အတိတ်မှာ နေထိုင်လိုတဲ့ စိတ်ရဲ့ အန္တရာယ်

အတိတ်မှာ နေထိုင်လိုစိတ်က ဘာကြောင့် ဖြစ်စေတာလဲ။ လက်ရှိ အခြေအနေကို မဖြေရှင်းလိုတာကြောင့် တချို့လူတွေက အတိတ်မှာ နေထိုင်ကြသလို အနာဂတ်ကို ကြောက်ရွံ့စိတ် ဖြစ်နေသူလည်း အတိတ်မှာ နေထိုင်ကြပါတယ်။ အကြိမ် ၁၀၀ လောက် ကြည့်ပြီးတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြန်ကြည့်တာဟာ ဘာ အံ့သြစရာမှ မတွေ့ရတော့ပါ။ ဘာပြီးရင် ဘာလာမယ် ဆိုတာ သိပြီးသား ဖြစ်နေပြီ မဟုတ်လား။

အနာဂတ်ဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကိုယ်ကိုယ်တိုင်၊ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်အကိုင် အတွက် ဘာတွေ ဘယ်လိုများ ဖြစ်လာနိုင်မလဲ။ အနာဂတ်နဲ့ ပတ်သက်ပြီး ကြောက်စရာ အကောင်းဆုံးက ဘဝရဲ့ ရွှေရောင် နေ့ရက်တွေ ကုန်ဆုံးသွားပြီးလား လို့ စိုးရိမ်စိတ်နဲ့ စဉ်းစားတာပဲ ဖြစ်တယ်။

အနာဂတ်မှာ အတိတ်က ဖြစ်ရပ်လောက် မကောင်းတော့ရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ အခုဖော်ပြမယ့် အချက် ၄ ချက်က သင့်ရဲ့ စိတ်ခံစားမှု ကိုက်ညီနေရင် သင်ဟာ အနာဂတ်ကြောက်နေတာ ဖြစ်ပါတယ်။

၁။ ရှေ့လာမည့် လ,အနည်းငယ်၊ သို့မဟုတ် နှစ် အနည်းငယ်မှာ ဘာတွေ ဘယ်လို ဖြစ်လာမှာကို အလွန် စိုးရိမ်နေတယ် ဆိုရင်…၊
၂။ ဘ၀ အတွက် ရေရှည်စီမံကိန်း ချမှတ်ဖို့ ရှောင်နေတယ် ဆိုရင်…၊
၃။ လတ်တလောမှာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ရုန်းမထွက်နိုင်ဘဲ ဘယ်လို ရှေ့ဆက်မယ် ဆိုတာ မသိ ဖြစ်တယ် ဆိုရင်…၊
၄။ ဘဝရဲ့ ရွှေရောင် နေ့ရက်တွေ အတိတ်မှာ ကျန်ခဲ့ပြီ လို့ ထင်နေတယ် ဆိုရင်…။

တကယ်လို့ သင်ဟာ အနာဂတ်ကို ကြောက်နေတယ် ဆိုရင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး အတွက် အချက် ၃ ချက် လုပ်ဆောင်ရင် ပြန်လည် ကောင်းမွန် ပြည့်စုံလာမှာပါ။ အဲဒီ အချက်တွေက –

၁။ ဘဝမှာ လက်ရှိ ရရှိခံစားနေရတာတွေကို စာရင်းပြုစုပြီး အကောင်းဘက်ကနေ စဉ်းစားပါ၊
၂။ ရှေ့လုပ်ဆောင်မယ့် အစီအစဉ်တွေ ချမှတ်ဖို့ အချိန်ပေး ချမှတ်ပါ။ အစီအစဉ်တရပ် ရှိရင်၊ လုပ်ဆောင်ရမည့် ရည်မှန်းချက် ပန်းတိုင်တွေ ရှိရင် အနာဂတ်ဟာ ကြောက်စရာ မဟုတ်တော့ပါ။
၃။ ဘဝမှာ ကိုယ် မလုပ်နိုင်တဲ့ အရာ၊ မဖြစ်နိုင်တဲ့ အရာ တချို့ ရှိတယ် ဆိုတာ ခံယူပါ။ အသိအမှတ်ပြုပါ။ တချို့ အရာတွေက သူ့သဘော သူဆောင်သွားတာပဲ လို့ စဉ်းစားလိုက်ရင် သင့် ပုခုံးပေါ်က ဖိစီးလေးလံမှုတွေ လျှောကျသွားမှာ ဖြစ်ပါတယ်။

ဘ၀ ဆိုတာ တိုက်ပွဲ၊ ခက်ခဲကြမ်းတမ်းတယ် လို့ ပြောတဲ့သူတွေဟာ လိမ်ညာ ပြောနေတာ မဟုတ်ပါ။ ဘဝက ကြမ်းတမ်းလွန်းပါတယ်။ သို့ပေမယ့် ကိုယ့်ဘဝမှာ ကိုယ် စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိနေသေးတယ် ဆိုတာ မမေ့ပါနဲ့။ မစွမ်းဆောင်နိုင်တာ တခုကြောင့် စွမ်းဆောင်နိုင်တာတွေကို မမေ့ပါနဲ့။ သင့် ဘဝမှာ စွမ်းဆောင်နိုင်တာ အများကြီးရှိနေပါတယ်။
ဒီနေရာမှာ စကားပုံတခုကို သတိရပါ။

“မနေ့က… ဆိုတာ ပြီးသွားတဲ့ သမိုင်း၊ မနက်ဖြန်… ဆိုတာ ရောက်မလာသေးတဲ့ ပဟေဠိ၊ ယနေ့ဆိုတာကတော့ လက်ဆောင် ဖြစ်လို့ Present လို့ ခေါ်တာ ဖြစ်တယ်” ဆိုတဲ့ စကားပုံပါ။

(www.huffingtonpost.com တွင် ဖော်ပြထားသည့် Karen Ann Kennedy ၏ When you’re Living in the Past ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: စိတ်ဘဝအတိတ်
Karen Ann Kennedy

Karen Ann Kennedy

Contributor

Similar Picks:

အချစ်ရေး

အချစ်ရေး

by ပါရဂူ
15 October 2023
1.5k

ချစ်ခြင်း၏ အဓိပ္ပာယ်မှာ မိန်းမနှင့် ယောက်ျား တဦးနှင့်တဦး ချစ်ခင်ခြင်း ဖြစ်သည်။ သို့မဟုတ် ကိုယ်ကာယ အရ လည်းကောင်း၊ စိတ်ဓာတ်အရ လည်းကောင်း တွယ်တာ ကပ်ငြိခြင်း ဖြစ်သည်။

အမှန်မှာ မှားနေတယ်

အမှန်မှာ မှားနေတယ်

by နန္ဒာသိန်းဇံ
25 May 2024
1.3k

အယူအဆ တခုဟာ ရှေ့နောက် ဆီလျော် ညီညွတ်နေပေမယ့် လက်တွေ့ ဘဝမှာ မမှန်နိုင် မဖြစ်နိုင်တာမျိုး ရှိတတ်တယ်…

အပျံသင်

အပျံသင်

by နန္ဒာသိန်းဇံ
21 October 2023
1.2k

တကယ်တော့ လူများစွာဟာ မရှက်ကြပါဘူး။ ပစ္စည်း ဥစ္စာ တိုးတက်ရေး၊ ဂုဏ်သက္ခာ မြင့်မားရေး၊ ထင်ပေါ် ကျော်စောရေး အတွက်ပဲ နေ့ရှိသရွေ့ ကြိုးစားနေကြတာ၊ ဒါတွေကို ရရှိရေး အတွက်ပဲ စဉ်းစားနေကြတာ…

ကုသိုလ်ဆက်

ကုသိုလ်ဆက်

by နွယ်စိုး
23 September 2023
1.1k

ပင်ပျိုကလေး၏ အရွက်နုကလေးများကို မြင်ရတိုင်း ကျနော်၏ စိတ်သည် နုပျို သစ်လွင်လာ၏။ မတွေးဘူးသော အကြံများ၊ မကြုံဘူးသော စိတ်ကူးများ၊ စိတ်မကူးဘူးသော မျှော်လင့်ချက်များ၊ မမျှော်လင့်ဘူးသော ဉာဏ်သစ်များသည် ပေါ်ပေါက် ဝေဆာလာ၏။

မြင်းရိုင်းစီးခြင်း

မြင်းရိုင်းစီးခြင်း

by အောင်သင်း
10 September 2023
1k

ကျနော် ကိုယ်တိုင်ကလည်း နှစ်ဆယ့်တစ် ရာစုသစ်တွင် လူ့လောကကြီး ဘာတွေ ဖြစ်မည်လဲ ဆိုသည်ကို လှမ်းပြီး မှန်းမကြည့်ဘဲ မနေနိုင်။ ကယောင်ကတမ်း လှမ်းပြီး စိတ်ကူးကြည့်မိသည်မှာ မကြာခဏဖြစ်သည်။

သီချင်း ညည်းတတ်သည့် အလေ့

သီချင်း ညည်းတတ်သည့် အလေ့

by မောင်ဖေသန်း
9 September 2023
902

လူတိုင်းသီချင်းကလေး တညည်းညည်းနှင့် နေတတ်သည့် အလေ့ကို မွေးသင့်ပါသည်။ အနည်းဆုံး တနေ့လျှင် သီချင်းကလေး တပုဒ်ကို ညည်းဖြစ်အောင် ညည်းပေးသင့်ပါသည်။

Next Post
ရိုးရာဝတ်စားဆင်ယင်မှုများ ရှိနေဆဲဖြစ်သည့် တနီးလာလဲကျေးရွာ / ဧရာဝတီ

ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားများ ကန့်သတ်နယ်မြေ ဖြေလျှော့

ဇန်နဝါရီလ ၁၂ ရက်က ပဲခူးတိုင်း ဖြူးမြို့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်စတာ စကေး ၆ ဒသမ ၀ ရှိ ငလျင်လှုပ်ခတ်မှုပြ မြေပုံ

ဇန်နဝါရီလအတွင်း လှုပ်သည့် ငလျင်အကြိမ်ရေ ယခင်နှစ်၏ ထက်ဝက် နီးပါး ရှိနေ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
4.1k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate