Health

လူတချို့ ဘာကြောင့် နံနံပင် လုံးဝမကြိုက်တာလဲ

Want create site? Find Free WordPress Themes and plugins.

တကယ်ဆို ပြည်တွင်းမှာ မနက်စာအဖြစ် လူကြိုက်များတဲ့ မုန့်ဟင်းခါးမှာ ပါဝင်ပစ္စည်း တခုဖြစ်တဲ့ နံနံပင်က တခြား နိုင်ငံတွေနဲ့စာရင် ပိုလို့တောင် စားသုံးမှုများတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် သင်လည်း ကြားဖူမယ်၊ စာရေးသူ ကိုယ်တိုင်လည်း ကြားဖူးတာတခုက မုန့်ဟင်းခါးဆိုင်မှာ မုန့်မှာသူတွေထဲက တချို့က နံနံပင် မထည့်ဘူးလို့ မှတ်ချက်ပေး မှာယူမှုမျိုးပါ။ တနေ့ကဆိုရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ မုန့်ဟင်းခါးဆိုင်မှာ မုန့်စားသူ တယောက်က နံနံပင် မထည့်ဘူးလု့ိ မှာတယ်။ မုန့်ပြင်ပေးသူက မကြားလိုက်ဘူး၊ ထည့်ပေးတယ်၊ ဒီတော့ မှာသူက ပိုက်ဆံ ရှင်းပေးမယ်။ မစားဘူးတဲ့။ ဒီတော့မှ တချို့အတွက် နံနံပင်ဆိုတာ ဖယ်စားလိ့ု မရလောက် အောင် မကြိုက်စေတဲ့အရာဆိုတာ သိလာရပါတယ်။ ဟုတ်ပါတယ်၊ အခုတော့ ဘာကြောင့် လူတချို့ နံနံပင် မကြိုက်တာလဲ ဆိုတာ သိပ္ပံနည်းကျ လေ့လာသိရှိလာရပါပြီ။

တချို့က နံနံပင်ရဲ့ အနံ့နဲ့အရသာကြောင့် မကြိုက်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ အနံ့ကို မကြိုက်သူတွေက နည်းနည်းမှကို လက်ခံပေးလို့မရအောင် မကြိုက်ကြတာပါ။ ဒါပေမယ့် စာရေးသူအပါအဝင် နံနံပင် စားသူတွေကလည်း ဒီလောက် မဆိုးပါဘူးလို့ ပြန်ပြောစရာရှိပါတယ်။ အနံ့ရိုင်းတယ်လို့ ဆိုရမယ့် အနေအထားမှာ တချို့ မနှစ်သက်သူတွေက ဘက်ထရီ အက်ဆစ်စော်နံတယ်၊ အနံ့စွဲလွယ်တယ်၊ အနံ့ ရိုင်းတယ်၊ ဒီလိုအကြောင်းပြချက်တွေနဲ့ မစားကြပါဘူး။

ဒါပေမယ့် ဘယ်ဘက်မှ မလိုက်ဘဲ ကြားကျကျ ပြောရရင်တော့ နံနံပင်ကို ဟင်းခတ်ရွက်အဖြစ်တောင် သုံးနိုင်ပါတယ်။ အရသာလည်း မဆိုးလှပါဘူး။ လူအများစုက လက်ခံထားတဲ့ ဟင်းခတ်ရွက်အဖြစ်လည်း ရှိနေတာဆိုတော့ နံနံပင် မကြိုက်သူတွေကိုပဲ လူကန့်လန့်တွေလို့ ဆိုရရင်ရော မကောင်းဘူးလား။ ထားပါတော့ ဒါဆို ဘာကြောင့် နံနံပင် မနှစ်သက်သူတွေ၊ လုံးဝ မကြိုက်သူတွေ ရှိနေရတာပါလဲ။

ဒီအကြောင်းကို လေ့လာထားသူ ဒေါက်တာ Nicholas Eriksson ရဲ့ ပြောကြားချက်လေး နည်းနည်း ကြည့်ရအောင်ပါ။ သူ့ရဲ့လေ့လာချက်အရ နံနံပင်မကြိုက်သူတွေက အနံ့ကို အဓိကလက်မခံနိုင်ကြတာပါ။ SNP(Single-nucleotide polymorphism)ဆိုတဲ့ အနံ့ပြင်းထန်တဲ့ဓါတ်ကို မခံနိုင်တဲ့ မျိုးဗီဇပါရှိလာလို့ ဖြစ်ပါတယ်။ ခရိုမိုဆုမ်းလို့ဆိုတဲ့ မျိုးဗီဇဆိုင်ရာ အဖွဲ့အစည်းမှာ ခရိုမိုဆုမ်း ၁၁ က ထူးခြားတဲ့ အနေအထား မျိုးရိုးလိုက်သလို ဖွဲ့စည်းပါရှိ နေတတ်ပါတယ်။ ဒီလို ထူးခြားစွာ ဖွဲ့စည်းပါရှိမှုက အနံ့ခံမှုအပိုင်းမှာ တခြားသူတွေထက် ပြင်းရှတဲ့ အနံ့တွေကို ခံနိုင်ရည်သိပ်မရှိသလို ထူးခြားတဲ့ အနံ့တွေကို လုံးဝနှစ်သက်မှု မရှိတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံအခေါ်အရ ဆိုရင်တော့ အခုလို နံနံပင် အနံ့မခံနိုင်တဲ့ မျိုးဗီဇကို OR6A2 အဖြစ် သတ်မှတ်နိုင်ပြီး ဒီလို မျိုးဗီဇပါရှိသူတိုင်း နံနံပင် နှစ်သက်ဖို့ မရှိနိုင်တာလည်း ဖြစ်ပါတယ်။ ဒီဗီဇက အနံ့ခံအပိုင်းမှာ ပြင်ပကနေ လေနဲ့ အတူ ပါရှိလာတဲ့အန့ံ့ကို လက်ခံတယ်။ ပြီးတော့ ကိုယ်တွင်းမှာရှိတဲ့ အနံ့ခံဆဲလ် အစုအဖွဲ့(ကာဗွန် ဗဟိုပြု၊ ဟိုက်ဒရိုဂျင်တလုံး၊ အောက်ဆီဂျင် နှစ်လုံး ဝန်းရံထားတဲ့ဆဲလ်)နဲ့ ထိတွေ့ပြီး ရရှိလာတဲ့အနံ့ကို ကိုယ်ခန္ဓာက လက်ခံနိုင်မှု ရှိ၊ မရှိ အာရုံခံပေးတဲ့ သဘောပါ။ ဒါက နံနံပင်အနံ့ကို ကိုယ်ခန္ဓာက လက်ခံစိစစ်တဲ့အပိုင်းပါ။

ဒါပေမယ့် သေချာတာကတော့ OR6A2 မျိုးဗီဇပါရှိသူတွေအနေနဲ့တော့ ဘယ်လိုမှ နံနံပင်အနံ့ကို တသက်လုံး လက်ခံနိုင်ဖို့ မဖြစ်တော့ပါဘူး။ မျိုးဗီဇအဖြစ် ကိုယ်တွင်းမှာ ပါရှိနေတာမို့ တသက်လုံး နံနံပင်စားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တာပါ။ ပြီးတော့ လေ့လာချက်အရ အခု ဗီဇက မျိုးရိုးလိုက်မှုကနေ ပါရှိလာတတ်တာ ဖြစ်လို့ မိဘထဲက နံနံပင် မစားသူ မိဘရှိမယ်ဆိုရင် သားသမီးမှာလည်း နံနံပင် မစားချင်တဲ့ မျိုးဗီဇ ပါရှိ လာနိုင်တာကိုလည်း သိထားပါ။ ဒီတော့ ချေးများတယ်ဆိုတာထက် ဗီဇအရ နံနံပင် လုံးဝမစားနိုင်သူတွေကို နားလည်မှုပေးလိုက်ပါ။ သူတို့ရဲ့ ကိုယ်ခန္ဓာ အနေအထားအရ မစားနိုင်ကြတာပါနော်။

www.maxim.com တွင်ဖော်ပြထားတဲ့ There’s a scientific reason why some people hate cilantro ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading