Health

မျက်နှာပေါ်က ဆားဝက်ခြံတွေ အလွယ်တကူ ရှင်းထုတ်နိုင်မယ့် နည်းလမ်း ၃ ခု

Want create site? Find Free WordPress Themes and plugins.

ဆားဝက်ခြံက ပျိုမေတို့ရဲ့ မျက်နှာပေါ်က အလှတရားကို မှေးမှိန်စေပါတယ်။ ဘယ်လို နည်းလမ်းတွေပဲသုံးသုံး ပျောက်သွားတယ်မရှိဘဲ အချိန်အတိုင်းအတာ တခုရောက်ရင် ပြန်ပေါ်လာတတ်တာ ထုံးစံပါ။

အကောင်းစား အလှကုန်ပစ္စည်းတွေသုံးလည်း အရှင်း မပျောက်သွားပါဘူး။ ဒီလိုစိတ်ညစ်ရတဲ့ ဆားဝက်ခြံတွေကို အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ အလွယ်တကူ ရှင်းထုတ်နိုင်ပါတယ်။ အရှင်းပျောက်သွားတာ မဟုတ်လို့ နောက်ထပ်တခါ ထပ်လုပ်မယ်ဆိုလည်း သီးသန့် ရှာနေစရာ မလိုတော့ဘူးပေါ့။

ဆားဝက်ခြံက အဆီပြန်တဲ့ အသားရေနဲ့ ချွေးပေါက်ကျယ်တဲ့ အသားရေတွေမှာ အဖြစ်များပါတယ်။ ဒီလို ပြောလိုက်လို့ စိတ်မညစ်သွားပါနဲ့။ အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေက တခြားအသားရေ ပိုင်ရှင်တွေထက် အရေးအကြောင်းဖြစ်တာ နှေးကွေးလို့ ရှိရင်းစွဲအသက်ထက် နုတယ်လို့ အထင်ခံရသူတွေပါ။

 

ဒီတော့ မျက်နှာရဲ့ အလှတရားကို ဖျက်နေတဲ့ ဆားဝက်ခြံတွေကို ဘယ်လို တိုက်ထုတ်ရမလဲ၊ ဘယ်လို ရှင်းထုတ် ပစ်ရမလဲဆိုတာ အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်း ၃ ခုကို မျှဝေရေးသား ပေးသွားပါမယ်။

(၁) ပျားရည်

ပျားရည်က ဆားဝက်ခြံတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ပျားရည်အနည်းငယ်ကို လက်ချောင်းထိပ်ပေါ် တင်ပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို ခပ်ကြမ်းကြမ်းလေး ပွတ်တိုက်ပေးပါ။ မျက်နှာပေါ်မှာ ပျားရည် ၃ မိနစ်လောက် ပွတ်တိုက်ပြီးရင် ရေနဲ့သေချာ ပြန်သန့်စင်ပေးပါ။ တပတ်ကို အနည်းဆုံး ၂ ခါကနေ ၃ ခါ အထိ လုပ်ပေးနိုင်ပါတယ်။

(၂) ကြက်ဥ အကာရည်

နောက်ထပ် နည်းလမ်းတခုကတော့ ကြက်ဥအကာရည်နဲ့ ဆားဝက်ခြံ ဖယ်ရှားနည်းပါ။ ပထမဆုံး သွားပွတ်တံအဟောင်း တခုယူပြီး ကြက်ဥအကာရည် အနည်းငယ်ကို မျက်နှာပေါ် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးရင် မျက်နှာကို အချိန် အနည်းငယ် လေသလပ်ခံ လိုက်မယ်ဆိုရင် မျက်နှာပေါ် တင်းရင်းလာတာ ခံစားမိမှာပါ။

ဆားဝက်ခြံတွေ ကင်းစင်းသွားတဲ့အထိ ဒီနည်းလမ်းအတိုင်း နောက်ထပ် နှစ်ထပ်လောက် ထပ်လုပ်ပေးပါ။ ကြက်ဥအကာရည် သုံးထပ်လောက်တင်ပြီး ၁၅ မိ နစ်လောက် အခြောက်ခံပါ။ ပြီးရင် မျက်နှာကို ရေကြက်သီးနွေးနဲ့ အပူပေးထားတဲ့ ရေစိုအဝတ် ခပ်နွေးနွေးနဲ့ တိုက်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။

(၃) သံပုရည်နဲ့ Jojoba အဆီ

နောက်ဆုံးနည်းလမ်းကတော့ သွားပွတ်တံ အဟောင်းသုံးပြီး သံပုရာရည်အနည်းငယ်နဲ့ Jojoba အဆီ အနည်းငယ် ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို ပွတ်တိုက်ပါ။ ပြီးရင်တော့ ရေနဲ့ပြန်သန့်စင်ပေးပါ။ ဒီနည်းအတိုင်း နှစ်ခါလောက် ဆက်တိုက်လုပ်ပေးမယ်ဆိုရင် ဆားဝက်ခြံ ကုန်စင်သွားပါလိမ့်မယ်။ သွားပွတ်တံနဲ့တိုက်တဲ့အခါ အရေပြားနုတဲ့ မျက်လုံးနား တဝိုက်ကို ရှောင်လုပ်ပါ။ တပတ်တကြိမ်လောက် လုပ်ရုံနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့နည်းသွားပါလိမ့်မယ်။

ကဲ မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဖယ်ထုတ်တဲ့ နည်းလမ်းတွေ သိသွားပြီဆိုတော့ ဝက်ခြံကင်းစင် ပြုံးပျော်ရွှင်တဲ့ အလှတရားကို ပျိုမေတို့ အားလုံး ပိုင်ဆိုင်နိုင်ပါစေနော်။

Ref: Crunchy Betty

Did you find apk for android? You can find new Free Android Games and apps.
Loading