Health

လက်ကို သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောမလဲ

Want create site? Find Free WordPress Themes and plugins.

ရာသီဥတု အကူးအပြောင်းမှာ နေမကောင်းဖြစ်တာ၊ နှာစေးချောင်းဆိုး မကြာခဏ ဖြစ်တာတွေက လက်မဆေးလို့ ဖြစ်ရတာများပါတယ်။ ပတ်ဝန်းကျင်က ပစ္စည်းတွေ၊ အစားအသောက်တွေကို အများဆုံး ကိုင်တွယ်ရတဲ့ လက်ကို သေချာ ဂရုတစိုက် မဆေးပေးရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးမွှားတွေ အချိန်မရွေး ဝင်ရောက်လာနိုင်ပါတယ်။

ဒါကြောင့်မလို့ ကျန်းမာရေးအတွက် အထူးအရေးကြီးတဲ့ လက်ဆေးခြင်း အလေ့အကျင့်ကို စာသင်ကျောင်းတွေမှာ မူလတန်းအရွယ်ကတည်းက စလို့ ကလေးငယ်များကို ဆရာ၊ ဆရာများက အစာမစားခင်နဲ့ အစာစားပြီးချိန်တိုင်း၊ အိမ်သာမှ အညစ်အကြေး စွန့်လာပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့ အမြဲ တိုက်တွန်းလေ့ရှိပါတယ်။

လက်ကို ဘယ်အချိန်မှာ ဆေးကြောရမလဲ။ ဘယ်လိုမျိုး ဆေးရမလဲ။ လက်ဆေး ဆပ်ပြာတွေက လက်မှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ဘယ်လောက်အထိ သန့်စင်ပေးနိုင်လဲဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်ကြီးကို မျှဝေ ရေးသားပေးပါမယ်။

ဘယ်အချိန်တွေမှာ လက်ဆေးသင့်လဲ

– အစားအသောက် ချက်ပြုတ်မပြင်ဆင်ခင်၊ ပြင်ဆင်နေဆဲ၊ ပြင်ဆင်ပြီး အချိန်တွေမှာ လက်ဆေး သင့်ပါတယ်။

– အစားမစားခင် လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့ သေချာ ဆေးကြောပြီးမှ စားသုံးပါ။ အစာစားပြီးချိန်တိုင်းမှာလည်း လက်ကို မမေ့မလျော့ ဆေးကြောပါ။

– နေမကောင်းတဲ့သူကို မထိတွေ့ခင်နဲ့ ထိတွေ့ပြီး အချိန်တွေမှာ လက်ဆေးပါ။ ထိရှဒဏ်ရာတွေကို မထိတွေ့ခင်နဲ့ ထိတွေ့ပြီးမှာ လက်ဆေးပါ။

– အိမ်သာက ထွက်လာရင် လက်ဆေးပါ။ အိမ်သာမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှား များစွာ လက်မှာ ကပ်တွယ် လာတတ်ပါတယ်။ ဒါကြောင့်မလို့ အိမ်သာက ထွက်လာရင် လက်ဆေးဖို့ကလည်း မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။

– ကလေးငယ်တွေကို Diapers လဲရင်း သန့်ရှင်းရေး ပြန်လုပ်ပေးပြီးတဲ့အခါ လက်ဆေးပါ။

– နှာချေ၊ ချောင်းဆိုးပြီးရင် လက်ဆေးပါ။

– အိမ်မွေးတိရစ္ဆာန်တွေကို လက်နဲ့ကိုင်တွယ် ထိတွေ့ပြီးရင် လက်ဆေးပါ။ အိမ်မွေး တိရစ္ဆာန်တွေကို အစာကျွေးပြီးရင် လက်ဆေးပါ။

– အမှိုက်တွေ ကိုင်ပြီးရင် လက်ဆေးပါ။

လက်ကို ဘယ်လို သန့်စင်ဆေးကြောမလဲ

ဆပ်ပြာ (သို့မဟုတ်) လက်ဆေးဆပ်ပြာနဲ့ လက်ကို သေချာပွတ်တိုက်ပါ။ အနည်းဆုံး စက္ကန့် ၂၀ လောက် လက်ကြားထဲ အထိရောက်အောင် သန့်စင်ပေးပါ။ ပြီးရင် ရေနဲ့သေချာ ပြန်ဆေးပြီး အဝတ်သန့်သန့်နဲ့ ခြောက်အောင် ပြန်သုတ်ပါ။

လက်ဆေးဆပ်ပြာက ၉၀ ရာခိုင်နှုန်းလောက် ဘတ်တီးရီးယားပိုးတွေ သေစေပါတယ်။ Alcohol ပါတဲ့ လက်သန့်စင် ဆေးရေတွေကတော့ ပိုးမွှားအကုန်သန့်စင်အောင် လုပ်ပေးနိုင်စွမ်းမရှိလို့ လက် အရမ်းညစ်ပတ်နေချိန်နဲ့ အဆီပေနေတဲ့ အချိန်တွေမှာ လက်ဆေးဆပ်ပြာတွေလို ရာခိုင်နှုန်းများများ သန့်စင်သွားအောင် မစွမ်းဆောင်နိုင်ပါဘူး။ လက်သန့်စင် ဆေးရေတွေက လက်ကို ၆၀ ရာခိုင်နှုန်းလောက်ပဲ သန့်စင်ပေးနိုင်တယ်လို့ သိရပါတယ်။

ကဲ လက်သန့်ရှင်းရေးရဲ့ အရေးပါပုံကို သိသွားပြီဆိုရင်တော့ တခုခု ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့ မမေ့ကြနဲ့နော်။

Ref ; CDC

Did you find apk for android? You can find new Free Android Games and apps.
Loading