Health

အမျိုးသမီးတွေ ရာသီလာခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ အချက်များ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေမှာ ဓမ္မတာလာတာနဲ့ ပတ်သက်ပြီး သိထားတဲ့ အချို့အကြောင်းအရာတွေဟာ အမှန်တကယ်ပဲ လွဲမှားနေပါတယ်။ ဗဟုသုတအမှားတွေကို ရှေးလူကြီးတွေဆီကနေ တဆင့်စကား တဆင့်ကြားပြီး အချိန်ကြာကြာ လက်ခံကျင့်သုံး နေလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်က သို့လောသို့လောနဲ့ မသေချာတာမျိုး မဖြစ်ရအောင် လွဲမှားနေတဲ့ အယူအဆတွေနဲ့ ပတ်သက်ပြီး စာဖတ်သူများ သိရှိစေဖို့ ဝေမျှရေးသား လိုက်ပါတယ်။

(၁) ရာသီလာရင် သွေးများများဆင်းတယ်

အမှန်က ဓမ္မတာ တခါလာရင် ဆင်းတဲ့ပမာဏက စားပွဲတင်ဇွန်း ၂ ဇွန်း ၃ ဇွန်း ပမာဏလောက်ပဲရှိပါတယ်။ များတဲ့ သူတွေတောင် ၄ ဇွန်း ပမာဏလောက်ပဲ ရှိပါတယ်။ အဲဒီထက်ပိုနေမယ်၊ ရာသီလာတာ ၇ ရက်ထပ် ပိုကြာနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ သတိပြုရမှာက ကျန်းမာတဲ့အမျိုးသမီး တယောက်ဟာ ဓမ္မတာ သွေးအများကြီး မဆင်းဘူး ဆိုတာပါပဲ။

ရာသီလာခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အရာများ (ဓာတ်ပုံ- jeancoutu)

(၂) ဓမ္မတာသွေးက နံတယ်

သင်ဟာ ဓမ္မတာ လာနေတဲ့အချိန်မှာ အောက်သိုးသိုးအနံ့ ရနေနိုင်ပါတယ်။ ဒါဟာ သင်တယောက်ထဲပဲ ခံစားနေရတာဖြစ်ပြီး တခြားသူတွေ အနံ့ရမှာကို စိတ်ပူနေစရာ မလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အနံ့ရှိပေမယ့် ဓမ္မတာလာတယ်ဆိုတာ သားအိမ်ကနေ သွေးနဲ့တစ်သျှူး ကွာကျတာပဲဖြစ်ပြီး ဆိုးရွားတဲ့ အနံ့အသက် မရှိပါဘူး။

(၃) ရာသီလာရင် ကိုယ်ဝန် မရဘူး

သင့်ရာသီစက်ဝန်းက တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ မမျိုးဥကကြွေသွားပြီဆိုရင် ၁၂ နာရီကနေ ၂၄ နာရီ အတွင်းသာ အသက်ရှင်နိုင်ပေမယ့် သုတ်ကောင်တွေက ၃ ရက်လောက်ထိ အသက်ရှင်နိုင်ပါတယ်။ အတိုချုပ်ရရင်တော့ သင်ဟာ ဓမ္မတာပြီးကာနီးကာလမှာ လိင်ဆက်ဆံမိပြီဆိုရင် ကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။

(၄) လူတွေက သင် ရာသီလာမှန်းသိတယ်

သင်ရာသီလာတဲ့ အချိန်မှာ ကိုယ်နံ့၊ အသားအရည် ပြောင်းသွားတာမျိုးမရှိပါဘူး။ PMS (Postmenstrual Syndrome) တွေကြည့်ပြီး ခန့်မှန်းတာ မဟုတ်ရင် သင်ရာသီလာမှန်း ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ အမျိုးသမီးငယ်လေးတွေ အနေနဲ့လည်း ရာသီလာတာဟာ ရှက်စရာမဟုတ်တဲ့အတွက် တယောက်ထဲ ကွယ်ဝှက်စရာ မလိုပါဘူးနော်။

ရာသီလာခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အရာများ (ဓာတ်ပုံ- jeancoutu)

(၅) ရာသီလာချိန် လေ့ကျင့်ခန်း မလုပ်သင့်ဘူး

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဓမ္မတာလာချိန်မှာ သွေးဆင်းတာ ခဏရပ်သွားတာမျိုး မဖြစ်အောင် အားပေးပါတယ်။ အရမ်းလှုပ်ရှားရတဲ့ အားကစားမျိုးထက် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်းစတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးသင့်ပါတယ်။

(၆) ဓမ္မတာသွေးက မသန့်ဘူး

အမျိုးသမီးအများစုက ရှက်လို့ (သို့မဟုတ်) မသန့်ဘူးလို့ ထင်တဲ့အတွက် Pad ကို အထပ်ထပ်ထုတ်ပြီးမှ လွှင့်ပစ်ကြ ပါတယ်။ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်တဲ့ ဓမ္မတာသွေးကို ရှက်နေစရာ မလိုပါဘူး။ အခုဆိုရင် နိုင်ငံတကာမှာတောင် Pad Man Challenge ဆိုပြီး ကမ်ပိန်းတွေ လုပ်နေကြပါပြီနော်။

ကဲ ဒီလိုအခြေခံ သဘောတရားတွေကို အခုမှ အပျိုဖော်ဝင်စ မိန်းကလေးတွေကော မသိသေးတဲ့ စာဖတ်သူ ပရိသတ်တွေကော သိရှိရအောင် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော်။

Ref ; cora.life

Did you find apk for android? You can find new Free Android Games and apps.
Loading