လူတိုင်းခေါင်းဖြီးကြတယ်၊ ဒါပေမယ့် ကိုယ်ဖြီးတဲ့ ခေါင်းဘီးက ကိုယ့်ရဲ့ ဆံပင်နဲ့ ဦးရေပြား အတွက် တကယ်သင့်တော် သလား ဆိုတာ မတွေးမိ မစဉ်းစားမိတတ် ကြပါဘူး။ ပလပ်စတစ် ခေါင်းဘီးတွေက ဦးရေပြားကို ပူလောင်စေတဲ့ အပြင် ဆံပင်နဲ့ ထိတွေ့ ပွတ်သပ်မိတိုင်းအပူတွေ ထွက်လွယ်တာကြောင့် ဆံပင်တွေကို ကွေးကောက် တွန့်စေတာတွေ ရှိပါတယ်။ ဒါကြောင့် သင့် ဆံကေသာ အတွက် ဘာကြောင့် သစ်သားခေါင်းဘီးကို သုံးသင့်တာလဲ ဆိုတာ onlymyhealth.com ကို ကိုးကားပြီး ဖော်ပြပေးလိုက် ပါတယ်။
ဆံကေသာ ဖြီးပြီး ရှင်းလင်းဖို့ ခေါင်းဘီးတွေ သုံးစွဲလာခဲ့တာ သမိုင်းတလျှောက်ပါပဲ။ ဟိုးအရင် ခေတ်တွေတုန်းကတော့ သစ်သားခေါင်းဘီးတွေ၊ ဝါးခေါင်းဘီးတွေ သုံးခဲ့ကြတယ် ပေါ့။ ယနေ့ခေတ်မှာတော့ ပလပ်စတစ် ခေါင်းဘီးတွေပဲ အများဆုံး အသုံးပြုလာကြပါတယ်။ ပလပ်စတစ် ခေါင်းဘီးရဲ့ အားသာချက်တွေက အရောင်စုံတယ်၊ ဈေးပေါတယ်၊ ပေါ့ပါးပြီး ကွေးညွတ် နိုင်တယ်၊ ကျိုးလွယ်မှု မရှိစတဲ့ အချက်တွေ ပေါ့။ သစ်သားခေါင်းဘီး သို့မဟုတ် ဝါးခေါင်းဘီးတွေ ကျတော့ ကျွတ်ဆတ်တယ်၊ ကျိုးလွယ်တယ်၊ ဈေးကြီးတယ်၊ ပလပ်စတစ် ထက် လေးတယ် စတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။
သို့ပေမယ့် သုတေသနပြု လေ့လာချက်တွေ အရ-
(၁) သစ်သား ခေါင်းဘီးတွေက သင့်ရဲ့ ဆံပင်နဲ့ ဦးရေပြား အန္တရာယ်ကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ခေါင်းဖြီး လိုက်တိုင်း ဆံပင်နဲ့ ဘီးပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အပူကို သစ်သားခေါင်းဘီးက နည်းပါးစေပြီးဆံပင်နဲ့ ဦးရေပြားကို အေးမြစေပါတယ်။ ဆံပင်တွန့်ခြင်း ကျွတ်ခြင်းလည်း နည်းပါးစေပါတယ်။
ပလပ်စတစ် ခေါင်းဘီးကတော့ အပူကို ပိုမိုဖြစ်ပေါ်စေပြီး ဦးရေပြားကို ပူလောင်စေပါတယ်။ ဆံပင် တွန့်တာတွေ၊ ကျွတ်တာတွေ ဖြစ်စေတယ်။ ဒါကြောင့် သစ်သားခေါင်းဘီးက သင့်ရဲ့ ဆံကေသာပျက်စီးမှုကို အလွန်နည်းပါးစေပါတယ်။
(၂) တဖန် သစ်သားခေါင်းဘီးက ဗောက် ထခြင်းကို နည်းပါးစေပြီး ဆံပင်ကျွတ်ခြင်းနဲ့ ဦးခေါင်းအရေပြား ယားယံခြင်းကို နည်းပါးစေပါတယ်။
(၃) သစ်သားခေါင်းဘီးတွေနဲ့ ဦးရေပြားကို ဖိနယ်ပေးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ပလပ်စတစ် ခေါင်းဘီးက ဦးရေပြားနဲ့ ထိလိုက်တိုင်း ပူလောင်မှုတွေ ဖြစ်စေတတ်တာကြောင့် ဖိနယ်ဖို့ မသင့်ပါ။
(၄) သစ်သားခေါင်းဘီးက လိမ်းထားတဲ့ ဆီကို စုပ်ယူပြီး ဦးရေပြားနဲ့ ဆံပင်တွေကို တဖန်ပြန် အေးမြစေတယ်။ ပလပ်စတစ် ခေါင်းဘီးကတော့ ဆီးကို စုပ်ယူနိုင်ခြင်း မရှိသလို အေးမြစေနိုင်ခြင်းမရှိပါ။
Ref: www.onlymyhealth.com