ပျားရည်ဟာ အသားအရေနဲ့ ဆံပင်ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ သဘာဝပစ္စည်း တမျိုးပါ။ ပျားရည်မှာ အသားအရေခြောက်သွေ့မှုနဲ့ ဓါတ်မတည့်မှုကြောင့် ဖြစ်ပေါ်တဲ့ယားယံမှုတွေကို သက်သာစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
ပျားရည်မှာ အသက်အရွယ် ကြီးရင့်မှုကြောင့် ဖြစ်ပေါ်တဲ့ အရေးအကြောင်းတွေကို သက်သာစေနိုင်တဲ့ Antiaging ဓာတ် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ သင့်ဆံပင်နဲ့ အသားအရည် လှပစေဖို့အတွက် ပျားရည်ကို အသုံးပြုပြီး ပြုလုပ် နိုင်မယ့် နည်းလမ်းအချို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းဟာ မနက် အိပ်ရာထချိန်မှာ သင့်နှုတ်ခမ်းသားကို စိုပြည် ချောမွေ့စေပါတယ်။
(၂) ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို ပျားရည်လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာရင် ရေနဲ့ပြန်လည် ဆေးကြော ပေးခြင်းဟာ ဝက်ခြံဖုတွေကိုပျောက်ကင်းစေနိုင်ပါတယ်။
(၃) ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းကို ပျားရည်နဲ့သံလွင်ဆီ အရောလိမ်းပေးပါက ပျောက်ကင်းစေနိုင်မှာဖြစ်ပြီး ဆံသား ခြောက်သွေ့ခြင်းကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်။
(၄) မျက်နှာအသားအရေ တောက်ပစေဖို့အတွက် ပျားရည်နဲ့ ရှားစောင်းလက်ပတ်ကို ရောပြီး အသုံးပြု နိုင်ပါတယ်။
(၅) ဆံသား တောက်ပလာစေဖို့အတွက် ပျားရည်နဲ့ Chamomile Tea ကို Spray အနေနဲ့ ဖြန်းပြီး အသုံးပြုနိုင်ပါတယ်။
(၆) အမာရွတ် နေရာတွေမှာ ပျားရည်အနည်းငယ် သုတ်လိမ်းပေးရုံနဲ့ တဖြည်းဖြည်း သက်သာ ပျောက်ကင်း လာနိုင်ပါတယ်။
(၇) ပျားရည်နဲ့ သံပုရာရည် အနည်းငယ်ကို ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးရုံနဲ့ ပျောက်ကင်း စေနိုင်မှာ ဖြစ်ပါတယ်။
(၈) ပျားရည်ကို သံလွင်ဆီနဲ့ ရောပြီး ဆံသားပေါ်မှာ မိနစ် (၂၀) ခန့် လိမ်းထားကာ ရေနဲ့သေချာ ပြန်လည် ဆေးကြော ပေးမယ်ဆိုရင် ပျော့ပျောင်းတဲ့ ဆံကေသာကိုပိုင်ဆိုင်နိုင်မှာပါ။
Ref ; theindianspot.com