ရေများများသောက်မှ ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်ဝမယ်လို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါပေမယ့် ရေကို အလွန်အကျွံ သောက်စရာမလိုဘဲနဲ့ ရေဓာတ်ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းတွေ ရှိနေပါတယ်။ အခု ဖော်ပြပေးမယ့် နည်းလမ်းလေးတွေက ရေမကြာခဏ မသောက်ချင်သူတွေအတွက် အသုံးဝင်စေမှာပါ။
(၁) ခရမ်းချဉ်သီး၊ ဖရဲသီး၊ ဂရိတ်ဖရုသီးနဲ့ တရုတ်နံနံပင်တို့မှာ ရေဓါတ် (၇၀ – ၈၀) ရာခိုင်နှုန်း ပါဝင်တယ်ဆိုတာ သင်သိပါသလား။ ဒါ့အပြင် မုန်လာဥ၊ သခွားသီး၊ ကီဝီသီးနဲ့ ပန်းဂေါ်ဖီတို့မှာလည်း ရေဓာတ်အပြင် အမျှင်ဓာတ်နဲ့ သတ္တုဓာတ် အလုံအလောက် ပါဝင်နေပါသေးတယ်။ ဒီလို ရေဓာတ်အလုံအလောက် ပါဝင်တဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးမယ်ဆိုရင်ပဲ ရေဓာတ် အလုံအလောက် ရရှိစေမှာ ဖြစ်ပါတယ်။
(၂) နောက်ထပ် အကောင်းဆုံး နည်းလမ်းကတော့ အုန်းရည် သောက်သုံးခြင်းပါပဲ။ အုန်းရည်ဟာ သဘာဝက လက်ဆောင်ပေးထားတဲ့ အကောင်းဆုံး ရေဓာတ်ဖြည့်ဖျော်ရည် တမျိုးလို့တောင် ပြောလို့ရပါတယ်။ အုန်းရည်မှာ ကြွယ်ဝတဲ့ ပိုတက်ဆီယမ်ဓာတ်နဲ့ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ အုန်းရည် သောက်သုံးခြင်းဖြင့်လည်း ရေဓာတ်အလုံအလောက် ရရှိစေမှာ ဖြစ်ပါတယ်။
(၃) ဟင်းနုနွယ်၊ ကိုက်လန်နဲ့ ဘရိုကိုလီလို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း လိုအပ်တဲ့ ရေဓာတ် အလုံအလောက် ပါဝင်ပါတယ်။ ဒီလို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို Slad အနေနဲ့ ပြုလုပ် စားသုံးပေးမယ်ဆိုရင်လည်း ရေဓာတ်ပြည့်ဝစေမှာ ဖြစ်ပါတယ်။
(၄) Green Tea, Ginger Tea နဲ့ Lemon Tea တို့လို ဆေးဖက်ဝင် လက်ဖက်ရည်တွေကို မကြာခဏ သောက်သုံးပေးခြင်းဖြင့်လည်း ရေဓာတ်ကို ပြည့်ဝစေမှာပါ။
ဒီနည်းလမ်းတွေကို ပြုလုပ်ပေးတဲ့အပြင် အသားတွေထက် ဟင်းသီးဟင်းရွက်ကို ပိုမိုစားသုံးပေးတာ၊ ဟင်းလျာ ချက်ပြုတ်တဲ့အခါ ဆားလျှော့သုံးတာ၊ ကော်ဖီ အလွန်အကျွံ သောက်သုံးတာမျိုးနဲ့ ဆီကြော်မုန့်တွေ အလွန်အကျွံ စားသုံးတာမျိုးကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
Ref ; theindianspot